Roleတခုလိုတယ်။
ကျောင်းတခုကိုတည်ထောင်ထားပြီဆိုရင်တော့အဲဒီ့ကျောင်းကနေပြီး ထွက်လာမယ့်လူငယ်တွေအတွက်ခိုင်မာတဲ့roleတခုတော့ ပေးထားနိုင်ဖို့လိုတယ်လို့ကျွန်မတော့ထင်တယ်။ကျောင်းလည်းပြီးရောဘာလုပ်ရမှန်းမသိ ဖြစ်နေရတာမျိုးကတော့ အချိန်ကုန်ခံငွေကုန်ခံပြီးသင်ကြားခဲ့ရတာတွေကိုအလကားဖြစ်စေမှာပါ။ကျွန်မတို့ကျောင်းဟာလည်း မြန်မာနိုင်ငံမှာ roleပီပီပြင်ပြင်မရှိသေးတဲ့ ပညာရပ်တခုကိုသင်နေရတာပါ။ဆေးဝါးပညာရှင်ဆိုတာဟာ တခြားတိုင်းပြည်တွေမှာကျယ်ကျယ်ပြန့်ပြန့်နေရာ ရကြပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ဆေးဝါးပညာရှင်ဆိုတဲ့Pharmacistဆိုတဲ့စကားလုံးက သူစိမ်းဆန်ဆန်ဖြစ်နေဆဲပါ။ကျွန်မတို့ကျောင်းကဘွဲ့ရတဲ့လူငယ်တွေရဲ့ကျောင်းကနေ၄နှစိတိုင်တိုင်အပင်ပန်းခံပြီးသင်ကြာ
းခဲ့ရတဲ့ပညာတွေဟာ ဆေးဆိုင်လေးခြောက်တီးခြောက်ချက်ဖွင့်ဖို့သက်သက်မဟုတ်ဘူး ဆိုတာကိုတော့သိစေချင်ပါတယ်။ ကျောင်းကိုတည်ထောင်ထားတဲ့သူတွေအနေနှင့်လည်း ကျောင်းသားတွေကို အချိန်တွေ ဦးနှောက်စွမ်းရည်တွေ ငွေတွေကိုအကုန်ခံခိုင်းထားပြီးမှ ဘာroleမှမရှိဘဲ ဒီဘွဲ့ကိုချောင်ထိုးပြီး စိတ်ဓာတ်မကျစေဖို့အတွက် သင့်တော်မှန်ကန်တဲ့roleနဲ့ သင့်တင့်တဲ့အလုပ်အကိုင်အခွင့်အလမ်းကို ဖန်တီးပေးဖို့လိုအပ်ပါတယ်။ဆေးcompanyတွေရဲ့ အလုပ်ခေါ်စာတွေကိုလိုက်ကြည့်မိရင်လည်း ရင်နာရပါတယ်။Pharmacistဆိုပြီးသတ်သတ်မှတ်မှတ်အလုပ်ခေါ်တာမျိုးကို အနည်းငယ်လောက်ပဲတွေ့နေရပါတယ်။တကယ်တော့ ကျွန်မတို့ဆေးဝါးတက္ကသိုလ်ဟာ ဆေးဝါးတွေအကြောင်းကိုအဓိကထားပြီးသင်ကြားတာဖြစ်တဲ့အတွက် ဆေးဝါးနဲ့ပါတ်သတ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ အဓိကအားဖြင့်တော့ကျွန်မတို့pharmacistတွေအတွက်ပဲဖြစ်သင့်ပါတယ်။ကိုယ့်ကိုကိုယ်ဘာroleရှိမှန်းမသိဘဲ ကျောင်းကိုတက်နေရတာလောက်စိတ်ဓာတ်ကျစရာကောင်းတာမရှိပါဘူး။နောက်ဆုတ်လို့မ၇တဲ့အခြေအနေမို့ဆက်လျှောက်နေရတဲံ
ကျောင်းသား ကျောင်းသူတွေအတွက် ဘ၀အာမခံချက်ဆိုတာကိုတော့ပေးသင့်ပါတယ်။ကိုယ်တကယ် role တခုသတ်သတ်မှတ်မှတ်ထားမပေးနိုင်ပဲနဲ့ တော့ လူငယ်တွေရဲ့ စိတ်တွေကိုမချိုးစေချင်ဘူး။သူများနိုင်ငံတွေနဲ့အဆင့်အတန်းတူအောင်ဆိုပြီး စတည်ထောင်ခဲ့ပြီးမှတော့ သူများနိုင်ငံနည်းတူ သင့်လျော်တဲ့ roleတခုကို ကျယ်ကျယ်ပြန့်ပြန့်အကောင်အထည်ဖော်ပေးစေချင်ပါတယ်။ကျွန်မတို့မန္တလေးဆေးဝါးတက္ကသိုလ်ဖွင့်ခဲ့တာကြာနေပါပြီ Batchတွေလည်းများနေပါပြိ ။ဒီတော့ ကျွန်မတို့ဆေးဝါးပညာရှင်တွေရဲ့ roleနဲ့ အလုပ်အကိုင်အခွင့်အလမ်းဟာ ကျောင်းတက်နေဆဲ ကျွန်မတို့လိုကျောင်းသူတွေအတွက်စိတ်ဓာတ်တက်ကြွစရာအခြေအနေမျိုးမှာရှိသင့်နေပါပြီ။ကျောင်းပြီးရင်ဘာလုပ်ရမလဲ ဆိုပြီး ရင်တထိတ်ထိတ်မဖြစ်စေချင်တော့ပါဘူး။ဒါကြောင့် ကျွန်မပြောချင်တာကတော့ ကျွှန်မတို့လေ့လာအားထုတ်ပြီးရင်းနှီးမြုပ်နှံခဲ့တဲ့အကျိုးအတွက် ကျွန်မတို့နဲ့သင့်တော်မှန်ကန်တဲ့Roleတခုတော့ရှိဖို့လိုနေပါပြီဆိုတဲ့အကြောင်းပါ။
Comment #2
Milton Berle ရဲ့ Quote တစ်ခုနဲ့ပဲ အားပေးလိုက်မယ်နော်…
“If opportunity doesn’t knock, make a door.” Pharmacist တွေသာမကပဲ ကျန်တဲ့ မှေးမှိန်နေတဲ့ ဘာသာရပ်ကလူတွေလည်း အားမငယ်ကြပါနဲ့လို့ အားပေးခချင်ပါတယ်…
Comment #3
admin နှင့်တကွ အခြားသော ၀င်ရောက်ဖတ်ရှုသူများ ကျွန်တော့် အတွက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ် ခင်ဗျာ ၊၊ ပြစ်တင်ရှုပ်ချမှု အပြင် ရိုင်းစိုင်းစွာ ပြောဆိုထားပါသောကြောင့် ကျွန်တော် မစုနိုင်အစား မခံမရပ်နိုင် ၀င်ရောက်ပြောဆိုခြင်း ဖြစ်ပါတယ် ၊၊
အားလုံးကိုတောင်းပန်ပါတယ် ၊၊
Comment #1
ဟုတ်ကဲ့ပါ မစုနိုင် ရဲ့ တောင်းဆုပြည့်ဖို့ ကျနော်လဲ ဆုတောင်ပေးပါတယ်
သူတို့ လဲ လုပ်နေမှာပါ မပူပါနဲ့ မစုနိုင်ဖက် က ကိုယ့်ကိုကိုယ် အားလုံး ကြိုတင်ပြင်ဆင် လေ့လာ ပြည့်စုံနိုင်အောင် အတတ်နိုင်ဆုံးလုပ်ထားပါ
သဘာဝတ၇ားကြီးက အချိန်တန်၇င် အားလုံး လုပ်ပေးပါလိမ့်မယ်
သူတို့ ဘာလုပ်ပေးမှာလဲလို့ တွေးပူမနေပဲ ငါဘယ်လို အဆင်သင့်လုပ်ထားမယ် ဆိုပြီး တွေးပေးပါ။
မင်္ဂလာပါ။