Professional Authors

တစ်ပွင့်ရစ်သမ်

ညနေခင်းတစ်ခုကသူမနဲ့အတူအလှတစ်ခုကိုဝေယူစားသုံးတယ်။ထိုအခါ၌အတိတ်တစ်ပိုင်းတို့

အပြိုင်းအရိုင်းဖူးပွင့်ကြပြီ။နေမဝင်မှီချည်ခဲ့ချင်ပေမယ့်အဲ့ဒီကြိုးကသူမအတွက်တင်းလွန်းခဲ့တယ်။

 

အတိတ်ရယ်….နောင်တကိုလက်ဆောင်ပေးရက်ခဲ့တယ်နော်…။ငါကအမှန်တရားကိုဖော်စပ်စားသုံးမိယုံ သာမန်လူငယ်တစ်ယောက်ပါ…။ကောင်းကင်ဟြဟြဟာမာနတရားအဆွယ်အပွားတွေနဲ့လှပတတ်ခဲ့တယ် လား။ကိုယ်ထူကိုယ်ထရှင်သန်ချင်တတ်တဲ့မြေဇာပင်ငါကတော့မင်းဆီကမိုးကိုတိတ်တခိုးမျှော်လို့ပေါ့….။

အရာရာမှာရစ်သမ်ဆိုတာရှိခဲ့ရင် {နင်+ငါ+လောက=ရစ်သမ်}တစ်ခု ဖြစ်ခဲ့လိမ့်မယ် မိန်းကလေး ရယ်။ငါတို့ရဲ့ရင်ခွင်စည်းချက်ကတော့ကပေါက်တိကပေါက်ချာနဲ့ပေါ့။ အတိတ်နဲ့ရင်းမှရတဲ့နောင်တကို ငါ….ဘဝမှာတန်ဖိုးထားဆဲပါ..။လူကအချိန်ကိုစောင့်ရင်း၊အချိန်ကလူကို ဝါးမျိုရင်းပဲ…. ငါတို့လည်း အနာဂတ်ရဲ့ အိပ်မက်တွေထဲလူလားမြောက်ခဲ့ကြတယ်။

ငါကဗျာရေးတယ်။နင့်အကြောင်းပေါ့။တစ်ဖက်စောင်းနင်းတယ်ဟြေဟြေနင်ဟာအိပ်မက်ထဲမှာ

တောင်ငါ့ကဗျာကိုအမှီးအမောက်မတည့်အောင်လှတတ်ခဲ့တဲ့သူပါ။ငါ့အချစ်မှာသွေးထွက်တယ်။ပြန်မချယ်

နိုင်တဲ့အရောင်တွေစုံလင်ခဲ့တဲ့ပန်းချီကားမှာအဲ့ဒီသွေးစက်စွန်းထင်းလို့….။အဲ့ဒီပန်းချီကားကိုငါ မြတ်မြတ် နိုးနိုး နှမြောတယ်….။

 

“ငါ့သွေးစက်ကိုလည်းငါနှမြောတယ်မိန်းကလေးရယ်……”

 

ငါ့ကိုသံသရာတစ်ခုပေးပါ…။နင်နဲ့ပြန်ဆုံချင်လို့…။အဲ့ဒီသံသရာမှာအိပ်မက်ဆိုတာမပါကြေး…။ အိပ်မက်ရှိရင်ငါမက်မိမယ်မိန်းကလေးရယ်….။ခပ်ပြင်းပြင်းနင်းတဲ့ခြေသံကြားတိုင်း..ငါ့နှလုံးသားထိုင်းမှိုင်းနေ

တတ်ပြီ…..။

ငါဟာရင်ထဲနင့်အပြုံးတွေကိုဖြန့်ကျဲစိုက်ပျိုးထားမိသူပါ…။နင်ဖူးနိုင်စွမ်းတယ်..၊နင်ပွင့်နိုင်စွမ်းတယ်..။

နင်မယိမ်းယိုင်လိုက်ပါနဲ့။ အမြစ်တွယ်နေတဲ့ငါ့နှလုံးသားမှာနာကျင်လွန်းခဲ့တာလေ….။

 

တန်ဆောင်တိုင်မီးထွန်းပွဲတော်ညမှာချိတ်ထားတဲ့ မီးပုံးရဲ့ အလင်းရောင်မကတဲ့လတစ်ခြမ်းမပြည့်တစ်ပြည့်ကို

ကောင်းကင်ရဲ့ အီကွေတာမျဉ်းတွေပေါ်ကျော်ပြီး လှမ်းမြင်ရတယ်။ အလှဆုံးအပြုံးနဲ့မိန်းကလေးတစ်ယောက် အင်္ကျီမလောက်လို့ငိုတော့မယ့်မျက်နှာမျိုးနဲ့ရာသီဥတုကို မိုးရာသီလို့ခေါ်သတဲ့။

အဲ့ဒီမိန်းကလေးရေ မင်းအပြုံးတွေက သူတို့ကိုင်ထားတဲ့ လက်ထဲကပွင့်ချပ်တွေထက်များ တန်ဖိုးရှိမယ်ထင်သလား။ ငါနေထိုင်တဲ့အရပ်ဟာ နံပတ်တုတ်လိုအရပ်မျိုးပဲ။ မင်းသိဖို့ဟြေရရင် မင်းတို့အိမ်ဘေးက ကုန်စိမ်းဈေးတန်းကလေးကို သိလား။ အဲ့ဒီဈေးတန်းကလေးထဲက ဗွက်အိုင်ကလေးတွေထဲမှာ လူနင်းဖို့ချပေးထားတဲ့ အုတ်နီတစ်ချပ်လို ရင်ဘတ်မှာဟောင်းလောင်းပေါက်နဲ့ သူများနင်းဖို့ ငါ့ကျောငါခင်းပေးနေရတဲ့ကောင်ပါပဲ။ ပါးစပ်ဟချိန်တောင် မရဘူးလေ။ တစ်ခါတစ်လေတော့ ငါတို့ဘဝတွေဟာ အနင်းခံရလွန်းလို့ ထက်ပိုင်းကျိုးသွားတဲ့ အုတ်တွေ ထုနဲ့ဒေးပေါ့။

နင်သိပါ့မလား။ ငါကကြံလိုကောင်မျိုးပေါ့။ ဖြစ်ရပြန်ပြီလို့ နင်ထင်ရင်ထင်နေလိမ့်မယ်။ ငါဟာ ငွေစက်သွား တွေရဲ့လည်ပတ်မှုကြားမှာ အညပ်ခံပြီး ကိုယ့်အိပ်မက်တွေကိုယ် ညစ်ထုတ်ပေးနေရတဲ့ကောင်မျိုး။ ဟြေရင်းနဲ့ရှုပ်သွားပြီ။ ငါက နင့်ကို ငါ့ရဲ့ညတွေအကြောင်းကို ဟြေပြချင်တာ။ ငါအိပ်ရတဲ့ညက တစ်ခါတစ်လေ မိုးလင်းပေါက်နှင်းတွေကျတယ်။ တစ်ခါတစ်လေ လေပြင်းပြင်းရဲ့ငြီးသံတွေနဲ့ တစ်ခါတစ်လေတော့လည်း သိပ်မထူမပါး စောင်တစ်ထည်နဲ့လေ။ ညတိုင်းမဟြေင်းလဲခဲ့တာတော့ အိပ်မက်တွေပဲ။ ငါ့အိပ်မက်တွေထဲမှာ သီချင်းတွေပါတယ်၊ နင်ပါတယ်။ နှင်းကျတဲ့ညတွေကတော့ တစ်မျိုးထူးဆန်းနေတတ်တယ်။ ကောင်းကင်က သိပ်လှလှပပမရှိပေမယ့်၊ နင့်နှုတ်ခမ်းလို ပန်းရင့်ရောင်သန်းနေတတ်တယ်။ အံချလိုက်တဲ့နှင်းတွေထဲမှာ ငါ့သက်ပြင်းတစ်ချို့က ဟိုနေရာနည်းနည်း ဒီနေရာနည်းနည်း

ရှိနေတတ်ပြန်ရော။ ငါတို့မြို့ကလေးရော နေကောင်းရဲ့လား။ ငါဘဝရဲ့အသစ်စက်စက် မနက်ခင်းတွေကို မြို့ကလေးနဲ့ နင့်အတွက်ပဲ ငါသိမ်းထားခဲ့တာပါ။ ဒါပေမယ့် အခုတော့ လေနီကြမ်းဒဏ်ခံလိုက်ရတဲ့မြို့ကလေးရော၊ သတ္တလောကရဲ့ လှည့်ဖျားတဲ့ဒဏ်ခံလိုက်ရတဲ့နင်ကပါ ငါ့ကို မခေါ်မဟြေတာ ကြာလှပြီ။ Believe On Your EYEs Not Your EARs တဲ့။

နင်ကြားရသလား။ အဆိပ်တစ်ခွက်လို ပွက်ပွက်ဆူနေတဲ့ လူတွေရဲ့အသံတွေ။ နင်ယုံစားလိုက်တော့မှာလား။ သူတို့လက်ထဲ

မှာက ပွင့်ချပ်တွေနဲ့ ဂျိုကာတွေ။ နင့်လက်ထဲမှာ အရိုင်းဆန်တဲ့ ရိုးသားမှုတွေ။ ကလေးရေ……။ ကျားဆိုတာမျိုးဟာ မနားစတမ်း ခုန်အုပ်ကိုက်ခဲတတ်တာမျိုးပဲ။

ငါပြန်ရောက်လာတော့ နင့်မှာ ရိုးသားမှုတွေမရှိတော့ဘူး။ အဆိပ်ခတ်ထားတဲ့ ဝိုင်ဖန်ဖန်တစ်ခွက်လို စကားလုံး

တုတွေသာရှိတယ်။ ငါတို့တစ်တွေက စိတ်ဓာတ်တွေကိုသာ ဆရာလုပ်ရင်လုပ်လိမ့်မယ်။ ဘဝကိုတော့ မစွက်ဖက်တတ်မှန်း နင်မသိဘူးမိန်းကလေး။ ငါ့လက်ထဲက အိမ်အပြန်လက်ဆောင်တွေ နင့်ရဲ့အရွဲ့တိုက်မှုမှာ ကျွမ်းထိုးမှောက်ခုံလွတ်ကျသွားတယ်။ ဖြစ်နိုင်ရင် တိတ်တိတ်ကလေး နင့်လက်ကိုကိုင်ပြီး နမ်းပစ်လိုက်ချင်တာပါ။

အရည်အချင်းအကြောင်းကိုဟြေကြမယ်တဲ့လား။ ဟုတ်ပြီလေ။ ငါ့အရည်အချင်းကို ရှင်းစမ်းပါဦး။

…………………………………………………….။

သိပ်ပျော့ညံ့တယ်တဲ့လား။ အချိန်မရွေးထွက်လာမယ့်မုဆိုးကို မျက်စိလျင်

လျင်စောင့်ကြည့်ခြင်းကို ပျော့ညံ့ကြောက်ရွံ့နေတယ်တဲ့လား၊ ဟုတ်လား။ အင်းပေါ့။ ဟုတ်ပြီလေ။ ငါ့မှာဟြေစရာတစ်ခုပဲရှိနေတယ်။ ငါနင့်ကို သိပ်ချစ်ခဲ့ဖူးတယ် မိန်းကလေးရေ။ ခဏခဏဆိုရပါများလို့ စာသားအလွတ်ရနေတဲ့ သီချင်းတစ်ပုဒ်အကြောင်း၊ တစ်ခါတစ်ခါ ပေါက်ကွဲမှုတွေ ပြင်းထန်တတ်တဲ့ ငါရောက်နေတဲ့အရပ်က အရက်ဆိုင်ကလေးအကြောင်း၊ နေ့တိုင်းငါရေးနေတဲ့ ကဗျာအပဲ့အရွဲ့ကလေးတွေ အကြောင်းနဲ့ အယုတ်ရွဆုံး ငါ့မသိစိတ်နဲ့ သွန်းလောင်းယက်လုပ်ခဲ့ဖူးတဲ့ မင်းနဲ့ငါ့ရဲ့ လူ့စိတ်မဲ့စွာ ဆက်ဆံမှုတွေအကြောင်း၊ အဲ့ဒီအကြောင်းအရာအားလုံးကိုငါကိုယ်တိုင်တောင် သတိမထားခဲ့မိဘူး။ ငါ့မှာ အသံချိုချိုမဟုတ်ပေမယ့် အဆိုးဆိုမရတဲ့ ဂစ်တာလေးတစ်လုံးရှိတယ်။ ငါ့အတွက် အဲ့ဒီညက ဆိုင်းမဆင့်ဘုံမဆင့် မိုးလင်းခဲ့ရတဲ့ည။ သီချင်းတစ်ပုဒ်ထုဆစ်ရတာ

လွယ်လွယ်ကလေးလို့ ယုန်ထင်ကြောင်ထင် ထင်နေကြတဲ့နင်တို့အသိုင်းအဝိုင်းထဲမှာ ငါမပါဘူး။ ငါတို့မြို့ကလေးရဲ့ ဟိုး…

ခပ်ဝေးဝေးအရပ်တစ်ခုမှာ နင့်အကြောင်း ငါတေးဖွဲ့နေတုန်းလေ။

In: စကားပြေ Posted By: Date: Jan 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment