သတိ !!! မဆော့ကစားရ…ထိခိုက်လွယ်သည်!!! (ရင်တွင်းမှမြစ်ဖျားခံသော…)
30/3/1999 (10:30 PM )
“ကလင်…ကလင်…ကလင်” ….. “ဟင် ညကြီး မိုးချုပ်မှ ဘယ်ကဖုန်းပါလိမ့်…” မိုးတယောက် စိတ်ထဲမှ တွေးရင်း ဖုန်းကောက်ကိုင်လိုက်ပါတယ် …”ဟယ်လို…” ” ဟဲ့…ငါ စန္ဒီပါ” “အင်းပြောလေ…ဘာကိစ္စလဲ…ငါတောင်အိပ်တော့မလို.” ” နင်ကလဲ …အစောကြီးရယ်…နင်နဲ.အရေးကြီးတာတခုတိုင်ပင်ချင်လို.ပါ ” “အရေးကြီးတာတခု??? ဘာလဲ သန်ဘက်ခါဆရာရေးခိုင်းထားတဲ့ Essay ဘယ်လိုရေးရမလဲတိုင်ပင်မလို.လား??? အဲ့ဒါဆိုရင်တော့ ငါလဲမရေးတတ်သေးလို. စတောင်မစရသေးဘူး ” “ဟာ …နင်ကလဲ …ဇွတ်….ငါပြောတာလဲနားထောင်ါဦး…ဟ” စန္ဒီစိတ်မရှည်စွာနဲ.ပြောလိုက်တဲ့လေသံအဆုံး …. ” ဟိဟိ…sorry ပြောပြောဘာလဲ??? ” မိုးတယောက်တောင်းပန်တိုးလျှိုးတဲ့လေသံနဲ.မေးလိုက်ပါတယ်…. ” သန်ဘက်ခါဘာနေ.လဲ သိလား???” ” စန္ဒီ…နင်မနောက်နဲ.ဟာ…အဲ့ဒါတော့ နင့်အိမ်က ပြက္ခဒိန် လှန်ကြည့်တောင်သိနေတဲ့ ဥစ္စာ…” ” ဟာ….မိုး ရေနင်ဝေးရင် ငါတို.တောင်လိုက်မမှီပါလားနော်… အဲ့ဒါတော့ ငါလဲသိတာပေါ့…April 1 ရက်နေ.လေဟာ….” ” စန္ဒီရယ် ဒီနေ.က 30ရက်နေ.ဆိုတော့ သန်ဘက်ခါ April 1 ရက်နေ. … ကလေးမေးတောင် သိနေပီဘဲဟာ” “အမလေး…မောပါ့နော်…April 1ရက်နေ.ဆိုတာ April Fools Day ဟေ့ မသေမချင်းနောက်မှတ်ထား” စန္ဒီ.လေသံက တောတော်စိတ်တိုသွားမှန်း မိုးသိလိုက်ပါပီ…ညကြီးအချိန်မတော် ဖုန်းဆက်တဲ့ စန္ဒီကို ပညာပေးချင်လို. မသိချင်ယောင်ဆောင်ခဲ့ပေမဲ့ ခုတော့မိုးလဲဘာကိစ္စမှန်း သိချင်လာတာနဲ. ” စိတ်မဆိုးပါနဲ.ဟာ…ကဲပြောပြော နင်ဘာတိုင်ပင်မလို.လဲ???” ” အင်း….ခုမှဘဲ လိုရင်းရောက်တော့တယ်…April Fools Day မှာ ငါတို. English စာ ကျူရှင်ရှိတယ်မလား???” ” အင်းလေ…ငါတို.ကိုတောင် ဆရာ Essay ရေးခိုင်းထားသေးတယ်လေ…ရေးပီးပီလား???” ” ရေးရသေးဘူး…ဟ….ငါတို. အဲ့နေ.မှာ တချက်ခုတ်နှစ်ချက်ပြတ်မဲ့ ကိစ္စလေး…..ဟိဟိ” “စန္ဒီရေ…ဆက်ပြောပါဟ…ငါအိပ်ချင်နေလို.ပါ…” “အဲ့နေ.မှာ…………………………………………” ” ဟာ………ကောင်းလိုက်တဲ့ idea လေး…Good Good Good” (မိုးရဲ.နှစ်ထောင်းအားရဖြစ်သွားတဲ့လေသံ) “နေဦး…ဟိုကောင်3ကောင်ကိုရော ပြောပီးပီလား???” “ပြောရသေးဘူးဟ…နင်က ဝေဖြိုး နဲ. ကြည်ပြာ့ ကိုပြောပေး…ငါက ၀င်းမို. ကိုပြောလိုက်မယ်လေ” “ဟာ…ခုလား???” “အင်းလေ…” “ဟာ….စန္ဒီကလဲ…နင့် idea ကို နင်ကိုယ်တိုင်ရှင်းပြတော့ပိုကောင်းတာပေါ့…သူငယ်ချင်းလေးရေ ဆက်ကြိုးစားလိုက်ပါဦးနော့….တာ့တာ…အိပ်ပီ” အပျင်းကြီးတဲ့ မိုး တယောက် ပြောချင်ရာပြောပီး ဖုန်းချသွားပါပီ…..” ဟွန်. ချသွားပီ….ပြောမိတာကိုက ငါ့အမှား” စန္ဒီတယောက်စိတ်ဆိုးစွာနဲ. ဘဲ………………. ________________________________________
ဒီနေရာမှာ…စန္ဒီ ၊ ကြည်ပြာ ၊ ၀င်းမို. နဲ. ဝေဖြိုး ဆိုတဲ့ လာမဲ့ 2000 Intake မှာ 10တန်းဖြေဆိုကြမဲ့ သူငယ်ချင်းလေးယောက်နဲ. မိတ်ဆက်ပေးပါရစေ…မိုး ကလွဲပီး ကျန်တဲ့ 4ယောက်လုံးက ဒဂုံ(1) ကျောင်းကပါ…နေတော့လဲ Custom အိမ်ရာမှာ အားလုံးနေကြတာလေ…မိုး တယောက်ဘဲ ဗိုလ်တထောင်(2)ကပါ…9တန်းထဲက စန္ဒီတို.အိမ်မှာ ကျူရှင်အတူတူတက်ရင်း….သိပ်ကို ခင်မင်မိသွားကြတဲ့ သူငယ်ချင်းလေးတွေပေါ့….အားလုံးကစာတော့ကြိုးစားကြပါတယ်…သို.သော်….. မိန်းကလေး 4ယောက်နဲ. အတူလာတက်နေရတဲ့ ဝေဖြိုးရဲ. ဒုက္ခကလဲမသေးပါဘူး…သူက ယောက်ျားလေးသာ ဆိုတယ်…စာလဲကြိုးစား…စကားကလဲနည်း…အနေကလည်းခပ်အေးအေးရယ်ပါ…စိတ်ထားလေးကတော့ ကောင်းပါတယ်…ကူညီချင်စိတ်ရှိတယ်လေ… အင်း……..စန္ဒီတယောက်တော့ ဝေဖြိုးကို ဘယ်လိုများ စည်းရုံးမှာပါလိမ့်နော်…..??? ________________________________________
1/4/1999 (6:30 PM )
အားလုံးမျှော်လင့်စောင့်စားနေတဲ့ နေ. ရောက်လို.လာပါပီ….
မိန်းကလေး4ယောက်လုံးရဲ. မျက်နှာပေါ်မှာ ကျေနပ်ပီတိ အပြုံးလေးတွေမြင်နေရပေမဲ့….ဝေဖြိုးတယောက်ကတော့ ခပ်တည်တည်နဲ.ဘဲ စာအုပ်ထိုင်ဖတ်နေပါတယ်…. ဒါကတော့ သူ.စတိုင်ဘဲပေါ့လေ…. အဲ့နေ.က မိုးတို.ဘဲ ကံကောင်းနေတာလား…ဆရာဘဲကံဆိုးသွားတာလားမသိပါ…ဆရာ အရင်နေ.တွေထက် 10မိနစ်ကျော်ကျော် နောက်ကျပီးမှရောက်လာပါတယ်…ဆရာလာပီလို. စန္ဒီ.မေမေ အကြောင်းကြားကထဲက …အားလုံးမျက်နှာပိုးသပ်လိုက်ကြပါတယ်…အတိအကျပြောရရင်တော့ မိုးတို.မိန်းကလေး 4ယောက်ပေါ့…. “ဟေ့…အားလုံးငြိမ်နေကြပါလား??? Essay ရေးပီးပီနဲ.တူတယ်” ဆရာက ခရီးဦးရောက်မဆိုက်မေးလိုက်ပါတယ်…” ဆရာ…သမီးတို.ပြောစရာရှိလို. …” ဆိုကာ ကြည်ပြာကဆက်မပြောဘဲ ဆရာမကြီး မိစန္ဒီ ကိုလှမ်းကြည့်လိုက်ပါတယ်… “ဘာလဲ …အားလုံး မရေးရသေးဘူးလို.ပြောမလို.လား???” “မဟုတ်ရပါဘူး…ဆရာ…” (၀င်းမို. ရဲ.ပျော့ပြောင်းညင်သာလှသောလေသံ…) “ဒီလိုပါဆရာ…အခုဏက စန္ဒီ.ဆီ ဆရာ.အစ်မကြီး ဖုန်းဆက်လို. …” “အင်း…ဘာပြောလဲ…ဘာတဲ့လဲ???” (ဆရာ့ရဲ. သိလိုဇောနဲ.မေးလိုက်တဲ့လေသံ…) “ဆရာ့အမေ…” “မေမေ…ဘာဖြစ်လို.လဲ ???” “ဆရာ.အမေ…အိမ်မှာမူးလဲလို.တဲ့…အဲ့ဒါ….” စန္ဒီ.စကားမဆုံးလိုက်ပါ…ဆရာတယောက်စားပွဲပေါ်တင်ထားတဲ့ လက်ဆွဲအိတ် ကောက်ဆွဲပီး….စိုးရိမ်တကြီးနဲ. အခန်းထဲက လှည့်ထွက်သွားပါတော့တယ်…. “ရေးးးးးးးးးးးးးးးးးးးးးးးးးးးးးး………………” မိနးကလေး 4ယောက်ရဲ. အောင်မြင်မှုကြုံးဝါးသံ တခန်းလုံး ဆူညံသွားပါတော့တယ်….”ဟဲ့ဟဲ့…ဘာဖြစ်ကြတာတုန်း???” (စန္ဒီ.မေမေရဲ.အမေး….) “အော်…ဘာမှမဖြစ်ပါဘူး…မေမေကလဲ…ဆရာကကိစ္စရှိလို.ပြန်သွားတာလေ…အဲ့ဒါ သမီးတို.အနားရလို. ပျော်နေတာပါ….မေမေ…သမီးတို. ဒီအခန်းထဲမှာဘဲ…မုန်.စားရင် သီချင်းနားထောင်မယ်နော်….သမီးကို စာမကျက်ခိုင်းပါနဲ….နော်…မေမေ…နော်…” စန္ဒီတယောက်ကတော့ အကယ်ဒမီရှော့တွေလုပ်နေလေရဲ. … “အင်းပါအေ….ညည်းတို.သဘောပါ…သိပ်တော့မဆူညံစေနဲ.ပေါ့” ပြောရင်းဆိုရင်း စန္ဒီ.မေမေ လှည့်ထွက်သွားပါတယ်…”ဟဲ့ဝေဖြိုး…နင့်ကို ယူဘာခိုင်းတဲ့ မုန်.တွေရော…ဘယ်မှာလဲ???” ၀င်းမို.လှမ်းမေးလိုက်ပါတယ်…. “အင်း…ဟုတ်တယ်…ပေး…ခုထုတ်ပေး…It’s our party time!!! ” စန္ဒီက မိုးနဲ. လက်ချင်းရိုက်ရင်း ပြောလိုက်ပါတယ်… “ရော့…နင်တို.ယူလာခိုင်းတဲ့ မုန်.တွေ…ငါတာဝန်ကျေပီနော်…ငါပြန်ပီ…” ဝေဖြိုးတယောက် မုန်.တွေထုတ်ပေးပီ…အစောကြီးပြန်သွားပါတော့တယ်… “ကောင်းတယ်…သူရှိနေရင် သူ.အားနာနေရဦးမယ်” (ကြည်ပြာ့ရဲ. ကျေနပ်ပီတိဂွမ်းဆီထိနေတဲ့ လေသံ) အဲ့နေ.ညက…စာသင်ချိန်2နာရီကို…မုန်.စားလိုက်…သီချင်းဆိုလိုက်နဲ. April Fools Day’s Party ကြီးကို ပျော်ပျော်ကြီး နွှဲခဲ့ကြပါတယ်…
2/4/1999 (8:30 PM )
နောက်နေ.မနက်….တနည်းပြောရရင်..အားလုံးအဆူခံရမဲ့နေ. …အဲ့နေ.က နံနက် 9နာရီ ကနေ 11နာရီထိ မြန်မာစာအချိန်ရှိလို. … မိုးတယောက် စန္ဒီတို.အိမ်ကို 83း0 လောက်ထွက်လာခဲ့ပါတယ်…စိတ်ထဲက တခုခုဖြစ်တော့မှာကို ကြိုသိနေသလိုဘဲ …ခြေလှမ်းများလေးလံနေမိတာတော့အမှန်ပင်…စန္ဒီတို. အိမ်ရောက်သွားတော့…အားလုံးပုံမှန်အတိုင်းဖြစ်နေလို. တော်သေးသည်…ပြသာနာက 11နာရီထိုးပီးလို. မြန်မာစာ ဆရာမကြီး ပြန်သွားချိန်မှာ စတော့တာဘဲ …စန္ဒီ.မေမေက အခန်းထဲဝင်လာပီး “အားလုံး မပြန်ကြနဲ. အန်တီပြောစရာရှိတယ်” “အစောတုန်းက English စာဆရာ ဖုန်းဆက်ပီးတိုင်တယ်…ဘာကိစ္စဆိုတာတော့…မေမေ ပြောစရာမလိုတော့ပါဘူး…ဘာလို.များ…ကိုယ့်ဆရာကို အဲ့ဒီလို လုပ်လိုက်ရတာလဲ??? …သူ.ခမျာမှာ မအေအိုကြီးနဲ. အစ်မအပျိုကြီးကိုတကမ္ဘာ ထင်ပီးနေနေရတဲ့ ဘ၀…သမီးတို.က အခုလိုနောက်လိုက်တော့…ဘယ်လောက်တောင် စိုးရိမ်တကြီးနဲ. ပြန်သွားရရှာမလဲ….တော်သေးတာပေါ့…လမ်းမှာတခုခုမဖြစ်သွားလို…..” ဟုတ်တော့ဟုတ်ပါသည်…အဲ့နေ.ညက ဆရာသာ တခုခုဖြစ်သွားခဲ့ရင်…မိုးတို.အားလုံး တဘ၀လုံးစာ နောင်တရနေရတော့မှာလေ…အဲ့နေ.က စန္ဒီ.မေမေ မိုးတို.တဖွဲ.လုံးကိုတော်တော်လေးဆူလိုက်ပါတယ်…အားလုံးခေါင်းငုံ.နေပီး တိတ်ဆိတ်ခြင်းဖြင့် ကိုယ့်အပြစ်ကိုဝန်ခံနေမိကြပါတော့တယ်…မိုး တို. သိပ်မှားသွားမိကြပါတယ်…တကယ်တမ်းပြောမယ်ဆိုရင်…မိုးတို. အသက်16နှစ်အရွယ်ဆိုတာ…စဉ်းစားတတ်တဲ့ အရွယ်ရောက်နေပါပီ….ဒါပေမဲ့..အနောက်တိုင်း ယဉ်ကျေးမှုတခုဖြစ်တဲ့…April Fools Day ကို အကြောင်းပြပီး…သူတပါးရဲ. စိတ်ခံစားချက်နဲ. ဆော့ကစားမိခဲ့ကြပါတယ်…အရင်းစစ်လိုက်တော့…Golden Rule လို.ခေါ်တဲ့ ကိုယ်ချင်းစာတရား သတိလက်လွတ်ဖြစ်သွားခဲ့ကြလို.ပါ… မိုး တွေးမိလိုက်ပါတယ်…. ခေါင်းငုံ.ပီး…အဆူခံနေရတဲ့ အားလုံးရဲ.ရင်ထဲမှာ…. နောက်နေ. ဆရာလာတဲ့အခါ…”အမှားကြီး လုပ်ခဲ့မိတဲ့ တပည့်တို.ကို ခွင့်လွှတ်ပေးပါ ဆရာ” လို. ရှိခိုးတောင်းပန်ဖို. ဆုံးဖြတ်နေကြမှာပါ…နောက်ပီး….. သူတပါးရဲ. မျှော်လင့်ချက်…အားနည်းချက် နဲ. စိတ်ခံစားမှုတွေကို ခုတုံးလုပ်ပီး…ကိုယ့်စိတ်ပျော်ရွှင်မှုအတွက်… ဘယ်တော့မှ မဆော့ကစားတော့ပါဘူးလို.လဲ………………… ဆရာ ခွင့်လွှတ်နိုင်ပါစေ……
Comment #3
အဟဲ စတာနော်။ ကိုယ်က ကောင်းကောင်းရေးထားတာကို အဲလို လာပြောတယ် ဆိုပြီး စိတ်တော့ တိုမနေနဲ့ဦး။မှန်တယ်ဗျ။ ကိုယ့်ယဉ်ကျေးမှုမ ဟုတ်တဲ့ ယဉ်ကျေးမှုဟာ ကိုယ့်လူမျိုးနဲ့ ဘယ်လိုမှ မကိုက်ညီပါဘူး
Comment #6
he,,he,,,
Comment #1
သိရင် ပြီးတာပဲ