စကားစမြည်
အမေ မွေးတုန်းက တစ်ယောက်တည်းမို့လားမသိ
အခု ကျွန်တော့်ကို (…………..)
ပိုလိုကားရိုက်တိုင်း ရှုံးလို့လားမသိ
သူတို့က ကျွန်တော့်ကို (………..)
အဖေက စောစောသေသွားလို့လားမသိ
အတန်းထဲတွင် ကျွန်တော့်ကို (…………)
ဘဝတွင် ဘဝင်မကျစွာ နေထိုင်ရင်း
ကျွန်တော်ကလည်း ကျွန်တော့်ကို (.. ………)
( တိတ်ဆိတ်ခဲ့တာ ကြာပါပြီ ဒါပေမယ့်
ကျွန်တော်မသိချင်ယောင်နေခဲ့တယ်
အဲဒါ<…………>
လွမ်းဆွေးနေတာ ကြာပါပြီ ဒါပေမယ့်
ကျွန်တော် ငတ်မွတ်စွာနေခဲ့တယ်
အဲဒါ <…………>
ခံစားနေရတာ ကြာပါပြီ ဒါပေမယ့်
အဆွေးကားပဲ ကြည့်နေခဲ့တယ်
အဲဒါ<………….>
သိခဲ့တာလည်း ကြာပါပြီ ဒါပေမယ့်
မသိတော့လို့ မသိသလိုနေခဲ့ရတယ်
အဲဒါ<…………>…..)
< ကျွန်တော့်မှာ အမေပေးတယ့် အနှီးလေးနဲ့
နို့ဘူးလေးရှိသေးတယ် ပြီးတော့ [……….]
ငယ်ငယ်က မရှုံးလိုက်ရတယ့် ပိုလိုကားနဲ့
မျက်ရည်စတွေ ကျန်သေးတယ် ပြီးတော့ [………]
ကျွန်တော့်တွက် အဖေချန်ပေးတယ့် အမည်နာမတစ်ခုနဲ့
အသက်တစ်ခုရှိသေးတယ် ပြီးတော့ [………]
ကျွန်တော့်ကို ကျွန်တော် ထူမနိုင်ဖို့ အားအင်တွေနဲ့
အသိဥာဏ်တချို့ ရှိသေးတယ် ပြီးတော့ [……….]……>
[ ပြီးတော့ လက်ကျန် အလွမ်းနဲ့ အနမ်းတွေရယ်
အမေက ပြောပြောနေတယ့် {…………}
ပြီးတော့ ဆုံးရှုံးခြင်း နဲ့ စိုးရိမ်ခြင်းတွေရယ်
သူတို့ပြောပြောနေတယ့် {………….}
ပြီးတော့ အရင်က ဓာတ်ပုံနဲ့ အဖေပုံရိပ်တွေရယ်
သူငယ်ချင်းတွေ ပြောပြောနေတယ့် {………….}
ပြီးတော့ သိမ်ငယ်မှုနဲ့ မုန်းတီးမှုတွေရယ်
ကိုယ့်ကိုယ်ကို ပြောပြောနေတယ့် {………..}…..]
{ စကားစမြည်… စကားစမြည်… သေချာတာ
ငါ့ကို ပြောတာမဟုတ်ဘူး…
စကားစမြည်… စကားစမြည်… သေချာတာ
ငါ့ကို တွေးတာမဟုတ်ဘူး…
စကားစမြည်… စကားစမြည်… သေချာတာ
ငါ့အကြောင်းမပါကြဘူး…
စကားစမြည်… စကားစမြည်… သေချာတာ
ငါ့ကို ငါလည်း ပြန်မပြောမိဘူး… }
ထိုအတွေးတို့နောက်ကွယ်တွင် တေမိမင်း လည်းမပါပါ…။ ဘူးခံငြင်းသော တရားခံတချို့လည်းမရှိပါ…။ ရည်းစားနှင့် ကွဲသော
သူများလည်း မနေထိုင်ပါ…။ သို့သော် သူက ရှိနေသည်။ ?????
ကလေးလေးက မွေးလာကတည်းက ရောဂါနဲ့ ဟို A လေ……..
ဆေးရုံတစ်ရုံလုံး… အသံဗလံများဆူညံလျက်ရှိသည်… ။ သို့သော် ထိုကလေးနားတွင်ကား…
လူသားချင်းစာနာထောက်ထားကြပါ။
ယနေ့ ကမ္ဘာပေါ်တွင် နေထိုင်သူလူသားအားလုံးတွင် စကားစမြည်ပြောဆိုခွင့်လေးတော့ ရှိကြပါသည်။
ဆား
(၂၉.၄.၂၀၁၁)
Comment #3
feel upset.
Comment #1
အရမ်းကောင်း တယ် ဗျာ…. ဆားရေ….သေသေချာချာ အားပေးလိုက် ပါ တယ်