ချစ်သောဆုလေးသို့ အခန်း(၁) ။ ။လူဝင်စားလေးအကြောင်း(လမင်းပိုင်)
ချစ်သူ
ကိုယ်ပုံပြင်လေးတပုဒ်ပြောပြမယ်
နားထောင်မယ်မို့လား
လူဝင်စားလေးအကြောင်းပေါ့။
အဲဒီလူဝင်စားလေးကသူ့အရင်ဘ၀ကအကြောင်းတွေကိုမှတ်မိနေတယ်လေ
အင်း..သူ..၃နှစ်၎နှစ်အရွယ်လောက်ထိကောင်းကောင်းကြီးကိုပြောနိုင်ခဲ့တယ်လေ
သူကအရင်ဘ၀က လူပျိုကြီးလေ
သူသေခါနီးအချိန်မှာ ကောင်မလေးတယောက်ကိုစွဲလန်းမိသွားတယ်
အဲကောင်မလေးက အခုဘ၀မှာသူ့အမေဖြစ်နေတယ်
အခုတော့ ဒါတွေသူမမှတ်မိနိုင်တော့ဘူးလေ
သူကလူပျိုဖြစ်နေပြီလေ
တခါတလေတော့ သူအမေကသူကိုပြန်ပြောပြတယ်
မင်းကိုအမေ အရင်ဘ၀ကဌက်ပျောတုန်းထည့်ပေးလိုက်ပါတယ်
မင်းဒီဘ၀မှာတော့လူပျိုကြီးမဖြစ်တော့ပါဘူးတဲ့
အဲဒီလူဝင်စားလေးက ဟိုးအရင်တုန်းကကိုယ်ပဲလေ
အမေပြောသလို တကယ်လူပျိုကြီးသာမဖြစ်ဘု်းဆိုရင်
မင်းနဲ့ပဲဆိုတာကျိန်းသေနေတယ်
ဘာလို့လဲဆိုတော့
မင်းကလွှဲပြီးဘယ်သူကိုမှချစ်လို့မတော့လို့လေ……
ဒါပေမဲ့ကိုယ်ကြောက်နေတယ်………………….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
he,,he,,
phyit naing de,
i agree with u.
same to u.
but we r different a lit.
instead of afraid,,,.will get heart-attack.
he,,he,,