ကေသရီ သိစေ!
ကေသရီ သိစေ!
နှလုံးသား ခြွေချသူက အရူး.။ မသက်ဆိုင်သူတွေ အနားမကပ်ရ!
ငါက ကြေစားသမား။ ဒါပေမဲ့ နင့်အရင် ကွဲအပ်မှုမှာ ဒဏ်ရာထင်ရှား . .
ပြန်ဆပ်သူ ငါ့မှာ . .သစ္စာတရား ပဲ ပါလာတယ်…။ ငါ့အတွက် မလိုအပ်/ မလိုချင်သော .. စက္ကူအပြည့်ကပ်ထားတဲ့ နင့်ဘ၀မှာ . .မက်မောသူအချို့ရဲ့ မာယာကြား. . ကျရှုံးချင်ခဲ့ရင် ငါ.. မလွမ်းဘူး ကောင်မလေး။
လူလိမ္မာ(လူတော်)တွေ မမက်မောတဲ့ ရိုမီယို လို စိတ်ကူးယာဉ်ဇာတ်လမ်းထက်တော့ မိုက်မိုက်မဲမဲ ချစ်ပြတတ်တယ်။
သီတာယဲ့ သစ္စာတရားကို “တော်ပြီလား”လို့ လှောင်တတ်တဲ့ ……….
နင့်အပေါ် ပေးဆပ်ခြင်းတွေအတွက် .. ဒဿ အသည်း မကွဲပါရစေနဲ့။
ဟောဒီ ဘယ်ဘက် ရင်အုံအောက်က အိတ်ကပ်(၄)ခုထဲမှာ . .. နင့်နာမည် အပြည့်နဲ့ ငါ့ဘ၀ လည်ပါတ်နေတယ်..။
တောင်ပံတစ်စုံ ပိုင်ဆိုင်မယ်ဆို ငါပျံသန်းမှာ နင်နဲ့ အတူ.၊ နင့်အနားမှာ . .. ။
ဒီလိုပါပဲ ကောင်မလေးရေ. . . .
အားနည်းချက်အနေနဲ့ ငါ့မှာ နင့်ကို သိပ်မြတ်နိုးလိုအပ်ကြောင်း၊ သစ္စာပန္နက်အကြောင်း၊ ဘိန်းစားတစ်ကောင်လို နင့်အနားက မခွါနိုင်ကြောင်းတွေ ပြောပြဖို့ ငါ မအားဘူး ..။
နင်သိထားရမှာက တစ်ခုတည်းပါ. .. နင့်ရာဇ၀င်မှာ နင့်အပေါ် အမြတ်နိုးဆုံး၊ တန်ဖိုးထားသူ ငါတစ်ယောက်သာ . .. ဘယ်သူနဲ့ မှ နှိုင်းယှဉ်မရ အစွမ်းကုန် ချစ်ပြမယ့်သူ..။
စက္ကူတွေ အဖိုးတန်/အဖိုးဖြတ်ချင်တဲ့ လူတန်းစားအထဲ ငါ့ချစ်ရသူလေး မပါဝင်ခဲ့လို့ . ..
နင် မြတ်နိုးရင်လည်း သိမ်းပိုက်၊ နင် ကြင်နာရင် ကောက်နမ်း . .. .
ဒါပေမဲ့ . .. ပစ်ချခံရယုံ၊ စွဲလန်းသာယာယုံ နဲ့တော့ နှလုံးသားစတေးရမှာ ငါ နှမျောလို့ .. .
တစ်ကယ်ချစ်ရင်. .. တောထဲလိုက်ခဲ့ပါ. ..
အတူတူ အမဲလိုက်ပါ့မယ်… ကေသရီ!
ကေသရာဇာ!
ရှင်းသန့်ဖြူ
10.7.2011
03:40 pm
Comment #2
း)
Comment #3
ဟီးဟီး…..ဒို့လည်း ကေသရီပဲ…..
ဒါပေမယ့် လိုက်ရဲဝူးဟ တောထဲတော့…..(နောက်တာပါ)
အားပေးသွားပါတယ်….။
စာသားလေးတွေကောင်းတယ်….
သိစေချင်တဲ့ ကေသရီ သိပါစေဗျာ….။ 😀
Comment #1
သိပ်ကြိုက်ဗျာ..အားပေးနေတယ်