ချစ်ခြင်းတို့ဆုံဆည်းရာ(သို့)အပြီးသတ်..။
ချစ်ခြင်းတို့ဆုံဆည်းရာ(သို့)အပြီးသတ်..။
“”ငယ်……ငယ်ကို သိပ်ချစ်တယ်ကွာ….မောင်…ငယ်နဲ့ အမြန်ဆုံး နီးစပ်ချင် ပြီ……””
“” မောင်ရယ်….ငယ်လဲ မောင့် လိုပါဘဲ…..””
“”ငယ် မောင်တို့ လက်ထပ်ကြရအောင်……..””
“”မောင်ရယ်…..ကျောင်းပြီးတဲ့ အချိန်ထိတော့ ငယ်နဲ့ မောင် သည်းခံပြီး နေလိုက်ကြရအောင်နော်…”” အဲ့ဒီ့အချိန်ကြရင်…ငယ်တို့ နှစ်ယောက်လဲ အလုပ်ကိုယ်စီနဲ့ဆိုတော့….အစစအရာရာ အဆင်ပြေတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ရတာလွယ်ကူတာပေါ့ မောင်””
တစ်ယောက်နဲ့တစ်ယောက် ကြားလေသွေ့လို့ ဝေးမည့် ဟန်နှင့် တင်းကြပ်စွာ မလွတ်တမ်း ဖက်ကာထားလိုက်၏…။
“”သိပ်ချစ်တယ် ငယ် ရယ်…….””
ချစ်သူနှစ်ဦး ထိုင်နေသော ခုံနောက်တွင် ရှိနေသော သစ်ပင်ကြီးပေါ်မှ…သစ်ရွက်ခြောက်များ သည် ပင်ထိပ်ဖျားမှ လှပစွာ လွင့်ကြွေကျလာပုံ က ကဗျာဆန်လှသော အသွင်အပြင်တစ်ခု ကိုဖော်ကျုး နေလေသည်…..။
…………………………………………………………………………………………………………………………………………
“”ရှင်တော်တော် တရားလွန်နေပြီနော်…ကိုထွန်း..…ကျွန်မ လုံးဝ သည်းညည်းမခံနိုင်တော့ ဘူး…””
“”ဟ…..ဘာဖြစ်လဲဟာ….ငါရှာတဲ့ ပိုက်ဆံနဲ့ ငါသုံးတာ သယ်သူ့(-)ဂရုစိုက်ရမှာလဲ……..””
“”ရှင်သုံးတာ တစ်ခုထဲတင်ပြောနေတာ မဟုတ်ဘူး…. မူးရူးပြီး….ရှင်က အပေါင်းအသင်းတွေ တရုန်းရုန်းနဲ့ ဘီယာဆိုင်မှာ
သူဌေးလို သောင်းချီ တကာခံ ရှင်းပေး နေရအောင် ရှင်က ဘယ်လောက်ချမ်းသာနေလို့ လဲ……………””
“”အိမ်မှာက တော့ ငတ်နေပြီ…..ကလေးတွေက သနားဖို့ ကောင်းတယ်…””
“”မင်းတော်တော် ဥနှောက် မရှိတဲ့ မိန်းမပဲ….””ဒါ စီးပွားရေး လုပ်တာကွ….လုပ်ကွက် အရင်းချနေတာ””
“”အီးဟီးဟီး….ကြားကောင်းကြသေးရဲ့လားတော်….အိမ်က မိန်းမနဲ့ ကလေးကို အငတ်ထားပြီး အရက်သောက်ကြ………
အရက်ဖိုးကို သောင်းချီ ရှင်းပြီး ပဏာ လုပ်နေကြတာ စီပွားရေးလုပ်တာတဲ့ ….လုပ်ကွက် အရင်းချတာတဲ့——–အီးဟီးဟီး အမေရေ..
သမီးတော့ မှားပါပြီ….ဒီယောကျာင်္းကို ယူ မိတာ…..””
“”ဟာကွာ——-ဒီမိန်းမ (-)အရှက်မရှိ ကုန်းအော်နေတယ်…တိတ်စမ်းဟာ——ကြက်သရေ မရှိဘူး….””
“”မတိတ်နိုင်ဘူး ရှင်….”” ပြောမှာပဲ….အော် မှာပဲ…..””အီးဟီးဟီး………..ဟီး အမေရဲ့ သမီးမိုက် ဘ၀ကိုလာကြည့်ပါဦး..””
“”ဟား——အော်ရင် ဒီလို ရိုက်တယ် ဟာ.””
“”ဖြောင်း……ဖြောင်း….””
“” အမလေး—–သေပါပြီ အမေရဲ့…..””
“”ဂလုန်း——-ဂွမ်း——–ဂျိမ်း——-“”
နံဘေးမှ အိမ်ထောင်ဦး ပစ္စည်း ဖြစ်သည့် ကြွေပန်းကန်ပြားများနှင့် မင်္ဂလာ လက်ဖွဲ့ များ ထဲ့ထားသော ရှိုးကေ့စ်ကြီးကို…
ဒေါသတကြီးနှင့်တဆက်တည်း ပိတ်ကန်လိုက်၏..။
ရှိုးကေ့စ် ကြီး ပြိုလဲကျသွားပြီး အတွင်းမှ ပန်းကန်များနှင် တန်ဖိုးကြီး ပစ္စည်းများသည် အိမ်ကြမ်းခင်းပေါ်တွင် ဖရိုဖရဲ လွင့်စင်
ကျကွဲ ကုန်ကြသည်…..။
……………………………………………………………………………………………………………..
“”အမ စိန်ရယ်….ကျွန်မကို (၃)—(၄) ရက်လောက်တော့ စောင်ပေးပါဦး…..ကျွန်မ ပြန်လှဲ့ပေးပါ မယ်အမ ပိုက်ဆံကို..””
“”ညည်းတို့က ပြောလိုက်ရင် ဒီလိုချည်းပဲ……”” ညည်းယောကျာင်္း မသေခင်ကတည်းက ချေးထားတာ ခုဆိုရင် ဘယ်လောက်ကြာ ပြီ လဲ….””
“”ငါလဲ….ကလေး(၅) ယောက်နဲ့နင့် မုဆိုးမ ဘ၀ကို မိန်းမချင်း စာနာလို့…….သနားလို့ မတောင်းဘဲထားတာ……””
“”ခုတော့….ငါလဲ မလည်ဘူး…နင့်ဂတိအတိုင်း…နောက်အပါတ်ထဲတော့ ဆပ်ဖြစ်အောင် ဒီပိုက်ဆံကို ဆပ်ပါ…””
“”ဟုတ်ကဲ့ပါ အမစိန်..ရယ်.””
ပြောပြောဆိုဆိုနှင့် အိမ်ပေါ်မှ ဆင်းသွားသော မမြစိန်၏ ကျောပြင်ကို ကြည့်နေစဉ်………..
“”အမေ သမီးတို့ကျောင်းမှာ လပါတ် စာမေးပွဲ ဖြေဖို့ စာအုပ်ဝယ်ရမယ်…..””
“”ဘယ်လောက်လဲ…””
“”တစ်အုပ် ၁၅၀ိ/ နဲ့ ၆ – ဘာသာ ၆ – အုပ် (၉၀၀ိ/) အမေ….””
“”အမေ…သားကိုလဲ ပေး သားလဲ ၀ယ်ရမှာ မ၀ယ်ရင် ဆရာမ ကပြောတယ် စာမေးပွဲ ဖြေလို့ မရဘူးတဲ့…””
“”ဟင်း——— ကိုမြင့်မောင်ရေ……ကျုပ်ဒုက္ခတွေ ကြားရလားတော့ …ဟီး….ရှင်ကတော့ အေးချမ်းနေပီပေါ့…ဟီး””
“”သွား….သေတ္တာ ထဲက ပေါင်နေကြ ငါ့ပါတိတ် ၀မ်းဆက်ကိုယူပြီး သာ ထုတ်ပေါင်ပေးလိုက်ကြတော့…….””
“”ဟင်း——“”
…………………………………………………………………………………………………………………………
“”ဟေး…..ဘိုးဘိုးကြီး လမ်းလျှောက်သွားတာ ပြန်လာပြီ ဟေးးးး….””
“”ဘိုးကြီး…မီးမီးဖို့ ဘာမုန့်ဝယ်လာလဲ….””
“”ပါတာပေါ့ ငါမြည်းဖို့ဘိုးဘိုး ဘယ်မေ့ပါ့မလဲ…….ရော့—–ဟော့ဒီမှာ..ငါ့မြည်းဖို့ နွားနို့နဲ့ အီကြာကွေး….”” ဒါက ဘွားဘွားကြီး
အတွက် မုန့်ဟင်းခါးနဲ့အိုးဘဲဥ….””..”” ဘယ်မလဲ မြည်းရဲ့—- ဘွားဘွားကြီး…..””
“”ရှိပါတယ်တော်….ကိုထွန်းမြတ်ကလဲ….အလကား ပိုက်ဆံကုန်အောင် ရှောက်ဝယ်လာတယ်…ကျုပ် ထမင်းကြမ်းနဲ့ ပဲပြုပ်စားပြီးပါ
ပြီတော့်…..””
“”မင်းကလဲ ငါ မနက်ဖက် လမ်းလျှောက်ထွက်တိုင်း ၀ယ်လာနေကြကို…….မင်းနဲ့ ငါ ညားကာစ ကတည်းက ငါမနက် လ္ဘက်ဆိုင် သွားရင် ၀ယ်လာနေကြကို…..ခုမှ အထူးအဆန်း လုပ်ပြီ ပိုက်ဆံ ကုန်သလေး …ဘာလေးနဲ့…ဟွန်း….””
“” အေးပါတော်……အေးပါ နောက်မပြောတော့ ပါဘူး….တကတည်း ဂုဏ်က ဖော်ရသေး….””
“” ဟားဟား….ဘွားဘွားကြီးကလဲ….အဲဒါ ဘွားဘွားကြီး ကို ဘိုးဘိုးကြီးက ချစ်လို့ပေါ့….””””နော်…ဘိုး.. မဟုတ်ဘူးလား…””
“”ဟုတ်ပါ့ မြည်းရယ်…မြည်းအဘွားကို မီးဘဲ သိအောင်ပြောပြလိုက်စမ်းပါ…..””””ဟား—–ဟား—ဟား””
“”ဟင်း……ဒီမြည်းအဖိုးကတော့ တကယ်ပဲ အတိုင်းအဖောက်ညီပါ့…””
……………………………………………………………………………………………………………………..
မနက်(၆) နာရီ။
လူသူလေးပါး ရှင်းနေသော ကားရပ်နားရာနေရာတွင်……တံမျက်စည်း တစ်ချောင်းနှင့် ဒေါ်မြင့်က အမှိုက်လှဲနေရင်းမှ ..
သဂြိုလ်စက်ရှေ့ အပေါက်ဝတွင် အိပ်ချင်မူးတူးနှင့် ငုတ်တုပ်ငိုက်နေသော သူ၏ သား ကိုလှမ်း၍……….
“”ဟဲ့ မောင်သန်း—– နင် အအေးတိုက် တံခါး ဖွင့်ရဦးမယ် မှတ်လား………..””..”” ဖွင့်တော့လေဟာ….အထဲမှာ အမှိုက်လေး ဘာလေးလဲ လှဲကျင်းထားဦး…..တော်ကြာနေ ဒီနေ့သဂြိုလ်ဖို့ အလောင်းလာထုတ်တဲ့ မိသားစုတွေ လာတော့မယ်…””
“”ဟာ—-အမေကလဲ ဖွင့်မှာပေါ့ ဗျာ—ခုမှ အစောကြီး ရှိသေးတာကို——-“”
“”ဟဲ့ မနက်(၆) နာရီဆိုတာ စောတော့မလား ဟဲ့…နင့်အဖေ လုပ်တုန်းကဆို မနက်(၅) နာရီ ဆို ဖွင့်ပြီးပြီ….နင့်ကြမှ
(၆)နာရီ ဖြစ်နေတာ——-နောက်ပြီး ဒီနေ့ မင်္ဂဆောင်ဖို့ ခန်းမ အသွား ကားမှောက်တဲ့ သတိုးသားနဲ့သတိုးသမီးကို သဂြိုလ်ကြ မှာလေ…””
“”.ဟဲ့ ဒီနေ့က ဒီမှာ လူစည်ကြမှာ.. ——-သူတို့နှစ်ယောက်ကို လာကြည့်မယ့် လူတွေက နည်းတာမဟုတ်ဘူး……””
“”မနေ့က ငါ ရပ်ကွက်ထဲ သွားရင်း ဟိုကောင်မ အေးကြည်တို့ အုပ်စု ပြောနေတာ ကြားခဲ့ရတယ်….”” “”ဒီနေ့က ဈေးရောင်းကောင်း
မယ့်နေ့…..”” “”..လုပ်—-လုပ်—ငါဆိုင်လဲ ထွက်ရဦးမယ်……နင် လာကူဦး……””
ဒေါ်မြင့်မှ သူ၏လုပ်လက်စအလုပ်အား အပြီးသတ်လှဲကျင်းလိုက်ပြီး တံမျက်စည်းကို တရွတ်ဆွဲကာ သူမတို့ ကွမ်းယာဆိုင် ဖွင့်သောနေရာအား ဆိုင်ခင်းရန် အလို့ငှာ ထွက်သွားတော့ ၏….။
မောင်သန်းမှာတော့ အိပ်ချင်မူးတူး ဒယီးဒယိုင် နှင့် အအေးခန်း တံခါးဖွင့်ရန် အအေးတိုက် ဘက်သို့ ထွက်သွား
လေတော့သည်……။
ထိုအချိန်တွင်…….။
ကျီးကန်း နှစ်ကောင် သည် မီးသဂြိုလ်စက် ခေါင်းတိုင်ပေါ်တွင် “” တ…အ…အ “” နှင့် သူတို့၏ နံနက်ခင်းတေးတချို့ကို
လန်းဆန်းမှု့ အပြည့်နှင့် သီဆိုနေလေ၏…။
သို့ပေမယ့် လည်း ထိုကျီးနှစ်ကောင် သည် ထိုနေရာတွင် ရေရှည် တေးသီဆိုနိုင်ရန် အခွင့်အရေး မရှိပေ….. အဘယ်ကြောင့်ဆိုသော်…….နံနက်(၉) နာရီ တွင် သဂြိုလ် မည့် အလောင်းများအတွက်…….သဂြိုလ်စက်မှ မီးစတင် စမ်းသပ်ရှို့နေပြီ
ဖြစ်သောကြောင့် ဖြစ်ပါသည်…။
ထို မီးခိုး ခေါင်းတိုင် သို့ မီးအပူဓါတ် မရောက်ခင်အထိ တော့ ……ထို ကျီးနှစ်ကောင် သည် “”တ…အ….အ”” နှင့် ထိုနေရာတွင် တေးသီနေကြဦးမည် ဖြစ်ပါသည်……။
……………………………………………. …………………….. ……………………………………………..
ကကြီး။(၅.၇.၁၁)(163း0pm)
Comment #1
သို့ပေမယ့် လည်း ထိုကျီးနှစ်ကောင် သည် ထိုနေရာတွင် ရေရှည် တေးသီဆိုနိုင်ရန် အခွင့်အရေး မရှိပေ….. အဘယ်ကြောင့်ဆိုသော်…….နံနက်(၉) နာရီ တွင် သဂြိုလ် မည့် အလောင်းများအတွက်…….သဂြိုလ်စက်မှ မီးစတင် စမ်းသပ်ရှို့နေပြီ
ဖြစ်သောကြောင့် ဖြစ်ပါသည်…။
ထို မီးခိုး ခေါင်းတိုင် သို့ မီးအပူဓါတ် မရောက်ခင်အထိ တော့ ……ထို ကျီးနှစ်ကောင် သည် “”တ…အ….အ”” နှင့် ထိုနေရာတွင် တေးသီနေကြဦးမည် ဖြစ်ပါသည်……။
ခံစားဖတ်ရှုသွားပါတယ်