ဖရီး၏ ဂန္ထ၀င်အခမဲ့ ဟာသမှတ်စုများ (၇)
တစ်ကိုယ်တော်လေကြောင်းလိုင်းသစ်
ခရီးသွားဈေးကွက်၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက်ကိုကိုဖရီးမှ လေကြောင်းလိုင်းသစ်တစ်ရပ်ကို မကြာမီပြေးဆွဲပေးသွားမည်ဟု သတင်းရရှိပါသည်။ ယင်းးလေကြောင်းလိုင်းသစ်တွင် နည်းပညာ အဟောင်းကိုပင်သုံးထားကြောင်းသိရပါသည်။ နည်းပညာအရ ခရီးသည်များအား ဆက်ကပ်အဖွဲ့များတွင် သုံးလေ့ရှိသော အမြောက်ထဲသို့ ထည့်သွင်းကာပစ်လွှတ်လိုက်ခြင်းဖြင့် လိုရာခရီးသို့ လွတ်လွတ်လပ်လပ် တစ်ကိုယ်တော်ခရီးနှင်နိုင်မည်ဖြစ် ကြောင်း သိရသည်။
၂၀၀၈ အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ ၀င်ခဲ့သည့် မစ္စဟီလာရီကလင်တန် မှာ သူမငယ်စဉ်က အာလူး ကောက် ပြိုင်ပွဲများတွင် ဆုများမကြာခဏရခြင်း၊ ထမင်းချက်ခါနီးတိုင်း စပါးလုံး ရွေးကောက် ရာတွင် ထူးချွန်ခြင်း တို့ကြောင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာကြောင်း နိုင်ငံရေး မကျွမ်းကျင်သူများက နဖူးသပ်ပြောကြားနေကြသည်။
စက်ရပ်သတင်းများ ( မီးပျက်သွားလို့)
(၁) အောက်ဘောများဖမ်းရာတွင် ကျွမ်းကျင်လှသော ချယ်ဆီးဂိုးသမား ပီတာဆက်ခ်ျသည် ဘောပွဲများကို စိတ်စွဲကာ ညဘက်အိပ်ရာတွင် ဘောပိုက် ပိုက်ပြီးအိပ်နေတတ်သဖြင့် သူ၏ဇနီးခမျာ စိတ်အနှောင့်အယှက် ဖြစ်နေရပါကြောင်း…။ (ဘောလုံးပြောပါတယ်)
(၂) အမေရိကန်ဦးဆောင်ပြီး နေတိုး (NATO) ကိုထပ်ချဲ့မည်ဆိုသည့် သတင်းကြောင့် မြန်မာပြည်ရှိ မင်းသားခမျာ ညဘက်တွင်ဖင်ပိတ်ပြီးမအိပ်ရဲရအောင်ဖြစ်နေရပါကြောင်း…။
ယခုအခါ အင်တာနက်ဆိုင်အများအပြားတွင် ယင်မောင်း (fly drivers) များလိုအပ်လျက်ရှိကြောင်းသိရသည်။ မည်သို့သော ၀က်ဆိုက်များကို ကြည့်ရှုသည်မသိ၊ အမျိုးသားအင်တာနက်သုံးစွဲသူအများစု၏ ကွန်ပျူတာများတွင် ယင်ကောင်များဝိုင်းအုံလာသဖြင့် ထိုသို့လိုအပ်နေခြင်းဖြစ်ကြောင်းသိရပါသည်။
(သတင်းထောက်-အာဖျံကွီိးပေးပို့သည်။)
မူလလက်ဟောင်းဖရီး၏ အကြံအဖန်ဟာသစစ်စစ်များဖြစ်ကြောင်း ရိုက်မစစ်ပဲ ၀န်ခံအပ်ပါသည်။
Comment #2
ဟာသမြောက်ပါတယ် ရီရတယ် ခုလိုရီစရာလေးတင်ပေးတဲ့ အစ်ကိုဖရီး ကျေးဇူးပါဗျာ ။

Comment #3
really excellent,
million thz
😛

Comment #1
ရယ်ရတယ်ဗျ..ကျေးဇူး