ကျွန်တော်နှင့် ချစ်သူ၏ တခါတရံ အလွဲများ
ချစ်သူ ကျေးဇူးပြုပြီး ငါ့ကို “မောင်” လို့ ခေါ်ပါ…
“ဟင့်အင်း ခေါ်ချင်ပါဘူး…..အရင်ရည်းစားက မောင် လို့ ခေါ်တာ မို့လား…? မောင် လို့ခေါ်တိုင်း သတိရနေမှဖြင့် ခက်တယ်….မရဘူး ကို လို့ပဲခေါ်မယ်….။”
အဲဒီ့ကတည်းက ကျွန်တော် အကြားချင်ဆုံးစကား မောင် ဆိုတာ အစား…..ကို နဲ့ပဲ ကျွန်တော် ရင်းနှီးခဲ့ရပါတယ်……။
နောက်တော့လည်း သူ့ခေါ်သံ ကို လို့ မကြားရတဲ့နေ့က ခပ် ကြောင်ကြောင်နိုင်နေသလိုပဲ….။
“ကို ငါကလေ…..” သုံးပြန်ပြီ အဲ ငါ ဆိုတဲ့ နာမ်စား…..ကိုယ့်ကိုယ်ကို အစားသုံးတာပဲ ချစ် တို့ သဲ တို့ သုံးပါလား……
မဟုတ်ဘူး ကို နဲ့ ငါ တဲ့…..ကြားလို့မှ မကောင်း…….။
သူ့ကို အချစ်ဆုံးလို့ ခေါ်ရင် အချစ်ဦး မဟုတ်တာ စိတ်တောင်မကောင်းဘူးတဲ့……။
နေ့တိုင်းပို့နေကျ message (ကို့ကို ငါ အရမ်းချစ်တယ်)……တဲ့
မြင်ရတာ ၁၀၀ % မနူးညံ့ပေမယ့်……အဲ message မ၀င်လာမခြင်း……ကို နဲ့ ငါ ဆိုတဲ့ နာမ်စားအသုံးအနှုန်းကို အရူးလို စောင့်စားနေခဲ့ရတယ်….။
“ကို ပြန်လာမှာနော် တကယ် ပြန်လာခဲ့မှာ……ဒီနေရာလေးမှာပဲ စောင့်နေနော်.”….ကျွန်တော် ရင်နဲ့အမျှ အခါခါပြောကြားသောစကားပါ…..
“ကို ပြန်လာဖို့က လိုသေးတာပဲ…..ကို သိလား….ငါ ကျောင်းသွားတက်မလို့….”.တဲ့
ဒီကကောင်က ဘာဆက်ပြောရမှန်းမသိ…ကျွန်တော် စိတ်ပူတက်တာ သူအသိဆုံး….
“ဟာ ဒါဆို ကို့ဆီလာခဲ့လေ……”ကျွန်တော် အားရ၀မ်းသာ ပြောပါတယ်
“ဟာ…..ဒီလောက်ဝေးတာကြီးကို လိုက်ဖို့ပိုက်ဆံရှိဘူး……အိမ်က ဘယ်လိုလွှတ်မလဲ……အဲ ကိုက နီးနီးနားနားမှမသွားတာတဲ့….”
(ဟုတ်ပါတယ် ကျွန်တော့အမှားပေါ့ဗျာ ဒါကတော့….)
“ဒီမှာပဲ Diploma တွေဆက်တက်ပါလား ကလေးရယ်…..ဟိုမှာ တက်လည်း အချိန်ကုန်တာ တူတူပဲဟာကို….”
“စိတ်ပုပ်ကြီး….သူကျတော့ သွားပီးတော့…သူများ စာတွေအများကြီးတက်မှာ လိုချင်ဘူးလားသိဘူး “တဲ့……
ဟူးးးးးးးးးးးးးအဲလောက်ထိ ကျွန်တော်တို့တွေ ညှိုလို့ရတာ……
ကျွန်တော်က ၁ ဆို သူက ၂ ပဲ….။
သူပြောသလို မဟုတ်ရပါဘူးဗျာ….။ကျွန်တော် သူ့ကို စိတ်မချတာပါ…..အဲလို သူ့ကို ပြောကြည့်……သူ စိတ်မချရအောင် ဘာတွေလုပ်နေတာကြနေတာပဲ ဆိုပြီး ပွစိပွစိပြောဦးမှာ…။
“ကိုရေ….ငါ လူကြုံထည့်ပေးလိုက်တယ် သိလား……..” ဆိုတဲ့ နောက်မှာ ကျွန်တော်သိနေတယ်……
သူ့လူကြုံပစ္စည်းဆန်းဆန်းလေးတွေမှာ ပဟေဠိတွေနဲ့ဆိုတာ…
သူ လူကြုံပို့ပေးပြီး တစ်လ အတွင်းမှာ ကျွန်တော့်ခေါင်းတွေ ဆင်နင်းလိုက်သလိုပဲ….။
ကျွန်တော့်အဖြေများမှားခဲ့ရင်…..သူ့ဖုန်းထဲက ရန်တွေ့သံတွေက…ကျွန်တော့အခန်းပတ်လည်မှာ ညံနေသလိုပါပဲ….။
“အချစ်ဆုံး ကို ပို့လိုက်တဲ့ ပစ္စည်းလေး သဘောကျလား”
“ကိုနော် ငါ ဘယ်အရောင်ကြိုက်လဲဆိုတာ သိရဲ့နဲ့ အရောင်လွဲပီး ပို့ပေးတယ်…”
“ဟာ…..ခရမ်းရောင်လေ…”(ကျွန်တော် သေသေချာချာဝယ်ပြီး ပို့ပေးတာပါ…)
“ဘာ ခရမ်းရောင်လဲ……ပန်းရောင်ကြီးကိုလေ….”………………”.သွားတော့တာပဲ နောက်ဆက်တွဲ စကားနာထိုးခြင်းတွေနဲ့အတူ…….။
အဲနေ့ညက ကျွန်တော် တော်တော်နဲ့ အိပ်လို့မပျော်ခဲ့ပါ….။
လူကြုံကိုဖုန်းဆက်တော့လည်း မမှားကြောင်း သေချာပေးလိုက်ကြောင်း ပြောတယ်…။
စာသင်နေချိန်မှာမို့ ဖုန်းဝင်လာပါတယ်…..ညက နီယွန်မီးအောက်မှာမို့ အရောင်ကြည့်မှားသွားကြောင်း…..
အရောင်မှာ သူအရမ်းကြိုက်သောအရောင်ဖြစ်ကြောင်း…..
ပြောပြီး ကျွန်တော့်ကို ပြန်ချော့တော်မူပါတယ်…။
ဖုန်းထဲကတစ်ဆင့်တောင် သူတွန့်တိုတက်တဲ့ အာဘွားတွေအား…..အဲဒီ့နေ့က ဘယ်နှခါမှန်းမသိ ပေးပါတယ်….။
ဒီလိုကျတော့လည်း သနားစရာပါလား….စကားလေးတွေက နားဝင်ချိုလိုက်တာဗျာ…။
(နောက်အဲလို အခါခါ အကြည့်မှားစမ်းပါစေဗျာ……)ကျွန်တော် ဆုတောင်းရင်း သူ့ကို ဟန်ဆောင်ခဏပြန်ကျောကြည့်တယ်…။
“အချစ်ဆုံး…ကို အလည်ပြန်လာမယ်နော်”
“ဟာ တကယ်လားကို……ဘယ်နေ့လဲ ကို ဘယ်အချိန်လဲ…..”
“ကို သေချာရင် ပြန်ပြောမယ်နော် ချစ်ဆုံး လာကြိုနော်…..”
“ဟုတ် ကို……” တဲ့……သူက အဲလိုပဲ သိပ်လိမ္မာတတ်တာ…..။
ချစ် ကို ဒီနေ့ည flight နဲ့ လာခဲ့မယ်…….သန်ဘက်ခါ ၉ နာရီလောက် လေဆိပ်ရောက်မယ်…..။
လာကြိုနော်….ကျိန်းသေလာကြိုနော်…။
အင်းပါ အခုတောင် လေဆိပ်မှာ သွားနေချင်ပီဆိုဘဲ….။
ကျွန်တော် သူမ မျက်နှာလေးကို လိုက်ရှာနေပါတယ်….။မတွေ့ဘူး…….။…..နောက်တစ်နေရာ……မတွေ့ဘူးဗျ…။ဖုန်းလှမ်းဆက်ပါတယ်…..ဆက်သွယ်မှု ဧရိယာ ပြင်ပတဲ့….။ ခေါင်းတွေတောင် ကိုက်လာတယ်…။
ပြီးတော့ ကျွန်တော် ဒေါသထွက်တယ်…။
ဘယ်လောက်မှလည်း လူမများဘူးဗျာ..။
ပြီးတော့ သူ့အားကိုးလာတာ…ကျွန်တော် ဘယ်သူ့ကိုမှ လာကြိုဖို့မပြောထားဘူး…။
ကျွန်တော် ထိုင်စောင့်နေပါသေးတယ်…..နောက်တော့ ကျွန်တော်စိုးရိမ်လာတယ်…..ဖုန်းက ၀င်ပြီး မကိုင်တော့…..။
သူတစ်ခုခုများဖြစ်နေပြီလားဆိုပြီး….။
နောက် သူ့အစ်မဖုန်းကိုဆက်ပါတယ်….
ငိုအားထက်ရယ်အားသန်ပါပဲဗျာ….
ကျွန်တော်ပြန်လာမယ်ဆိုလို့ ဆိုင်မှာ ညနေဘက် ခေါင်းလျှော်ဆံပင်ညှပ်နဲ့ အချိန်သွားဖြုန်းလိုက်တာ
အအေးမိပြီးဖျားနေရောတဲ့….။
အဖျားကမကျလို့ အိမ်က အပြင်ပေးမထွက်ဘူးတဲ့ဗျာ….။
သူ့အိမ်ကိုလည်း လိုက်သွားဖို့မဖြစ်……သူက နေမကောင်းရင် ၄ ရက် ၅ ရက်လောက်ကြာတက်တော့….။
စောင့်လက်ဆနဲ့ မထူးဘူးပေါ့ဗျာ….။
လူမမာကျွန်တော့ချစ်သူလေးကို ဖုန်းထဲကနေသာ ဆေးတိုက်ပေးရင်း….ခဏလွမ်းရဦးမှာပေါ့….။
“ကို ဒီမှာ ဘယ်လောက်နေမှာလဲဟင်….” ဖုန်းထဲက အသံနွမ်းနွမ်းလေးနဲ့ မေးတယ်
“တစ်လပေါ့ အချစ်ဆုံးရဲ့ “
“ဟင် တစ်လ ရှင် စဉ်းစဉ်းစားစားလည်းပြောဦး……ခွဲနေရတာအကြာကြီး…..တစ်လတဲ့ပြန်လာချိန်က
ခုနက အသံဖျော့ဖျော့လေးက…ချက်ချင်း စွာတာတာအသံပါသွားတယ်….”
“ဟယ် အချစ်ဆုံး လေသံက ချက်ချင်းပြောင်းသွားပါရောလား…..မညစ်နဲ့နော် နေကောင်းရင် ဒီနေ့တွေ့မယ်…..တွေ့မှပြော..”.
“ဟိုလေ ဟို…..”
သူမဆီက စကားတွေထစ်ငေါ့နေတယ်….။
“ပြောလေ ဘာတွေ ဟိုနေတာလဲ…..ကို ပို့ပေးထားတဲ့ အင်္ကျီလေး ၀တ်ခဲ့နော် ချစ်နဲ့ အရမ်းလိုက်မှာကွ….”
“အင်းပါ…..ကိုရော ငါ ပေးထားတဲ့ T Shirt ၀တ်ခဲ့မှာလား…”
ကျွန်တော်ဘယ်လိုပြောရမှန်းမသိ…..အဲ T Shirt က ဆေးလိပ်ပြာပေါက်သွားတာရယ်……Laundry ဆိုင်မှာ မတော်တဆ အရောင်စွန်းသွားတာကြောင့် ၀တ်ဖို့အဆင်မပြေတော့ဘူး…။
(ဘာပဲဖြစ်ဖြစ် တွေ့ရရင် ပြီးရောဗျာ)
“အင်း ၀တ်လာမှာပေါ့ အချစ်ဆုံးရဲ့…..”
ညနေ ၅ နာရီ…..ဟိုးအရင်ကထိုင်နေကြ ကမ်းစပ်က ခုံလေးမှာ ကျွန်တော်ထိုင်စောင့်နေပါတယ်…။
သူမရောက်မလာသေး…..သူမပေးခဲ့တဲ့ အင်္ကျီလေးကို ကိုင်ရင်းပေါ့ဗျာ….။
အ၀ါရောင်ဝတ်ထားတဲ့ကောင်မလေးတိုင်းကို လိုက်ကြည့်ရတာအမော ( ကျွန်တော်ပေးထားတဲ့ အရောင်လေးက အ၀ါရောင်ကိုဗျာ)
၅ နာရီ ၄၅ ပါ……သူမ မရောက်လာသေး…..။
၆ နာရီ ကျွန်တော်ဖုန်းဆက်ပါတယ်….။
“အချစ်ဆုံး ဘယ်မှာလဲ…..”
“ကိုကရော…..ဘာလို့ခုထိမလာသေးတာလဲ….”
(ဟောဗျာ….ကျွန်တော်က ဒီနေရာမှာလေ…..)
“မဟုတ်ဘူးလေ…ကိုက ရောက်နေပြီလေ…..”
“ဟမ်…..ဒီမှာ ရောက်နေတာကြာပြီ ကိုရ….”သူမပြန်ဖြေပါတယ်…
ဒါဆိုဘယ်မှာလဲ……ကို မတွေ့ဘူး…အချစ်ဆုံးက အ၀ါရောင်လေးနဲ့မို့လား မတွေ့ဘူး….
“ဟီးဟီး ဟုတ်ဝူး ပန်းရောင်ဝတ်လာတာ……ကိုရော….”
ကျွန်တော် မျက်လုံးပြူးသွားသည်…..မဖြစ်…..ကျွန်တော်မလိမ်ရင် သူမ ပြန်သွားနိုင်သည်…။
“ကိုက ချစ်ပေးထားတဲ့ အင်္ကျီပဲလေကွာ….”ကျွန်တော် ပြောရင်းဆိုရင်း တစ်ခုံကျော်က ဆံပင်ခပ်တိုတိုနဲ့ ကောင်မလေးတစ်ယောက်ဆီမျက်စိရောက်သွားသည်….။သူမလည်း ဖုန်းပြောနေသည်….ကျွန်တော့အားကျောပေးထားသည်…။
“ချစ် ဆံပင်တွေ ညှုပ်လိုက်တာလား……?”
ကျွန်တော် ဖုန်းပြောရင်းမေးသည်…..ထိုကောင်မလေးက ခေါင်းညိမ့်လျက် ဖြေနေသည်…
ဖုန်းထဲမှာရော…
“ဟုတ် ကို”
ဟူးးးးးးးးးးး တော်သေးတာပေါ့ တွေ့သေးလို့….။
“ချစ်ကလည်းကွာ ကို့အကျီင်္လေး ၀တ်လာမယ်ထင်လို့…..ပြီးတော့ ကိုတို့ ထိုင်ခဲ့တာ ဟိုခုံလေ…..ချစ်က ဘာလို့ဒီမှာ လာထိုင်နေတာလဲ……”
“ဟင် ကိုကရော…..သူများပေးတဲ့အင်္ကျီဖြင့် ၀တ်မလာပဲနဲ့ အနောက်ကနေလှမ်းကြည့်တော့ ထီးကြီးနဲ့ဆိုတော့ အတွဲပဲထင်နေတာလေ…..ပီးတော့ ဒီခုံမှာကြည့် ငါတို့ သင်္ကေတ က ဒီခုံမှာ…ဟိုခုံနဲ့ လဲလိုက်တာထင်တယ်….။ဘာမှလည်း မမှတ်မိဘူး….ဒီမှာကြည့်လေ”
သြော် ဟုတ်သားပဲ ကျွန်တော့်တို့ သင်္ကေတ pooh ရုပ်လေးကို ဘောလ်ပန် နဲ့ ပုံဖော်ထားတာ မပျက်သေးဘဲ…။
ကျွန်တော်မမေ့ပါဘူး…..။
သူမ ကို တွေ့ချင်ဇောနဲ့…..နေရာကလည်းလွတ်တော့ ၀င်ထိုင်မိတာပါ…။
“ချစ်ကလည်း ရှင်းရှင်းမှမပြောတာ….နေရာဆိုတော့ ကို က အဲနေရာပဲ ထင်တာပေါ့….ခုံနဲ့နေရာ လွဲသွားတာ….
နေစမ်းပါဦး…..ကို့ အင်္ကျီဝတ်မလာနော်…”
“ဒီမှာကြည့် ကို့ အင်္ကျီကို ဘယ်လို ၀တ်မလဲ…..”
ဟားးးးးးးကျွန်တော် စိတ်မထိန်းနိုင်ဘဲရယ်မိသည်….အံ့လည်း အံ့သြသည်….ဘယ်လိုလွဲတာပါလိမ့်
သူမလက်ထဲက အင်္ကျီက ဗိုက်ဖုံးအင်္ကျီကြီး……မဖြစ်နိုင် ကျွန်တော်…ပို့ပေးထားတာ ကိုယ်ကြပ်ဂါဝန်လေးပါ…။
“ဟာ….မဟုတ်ပါဝူး…ဒါ ကိုပို့ပေးတာ မဟုတ်ဘူး…..ချစ် လွဲနေတာနေမှာ…..ကိုပို့ပေးတဲ့ ပုံစံက ဒီမှာကြည့်…”
ကျွန်တော့ ဖုန်းထဲက ပုံကို ပြလိုက်သည် ( သူမအတွက်မ၀ယ်ပေးခင်……ဆိုင်မှာချိတ်ထားတဲ့ပုံအား ကျွန်တော်ရိုက်ထားခြင်းဖြစ်သည်)
“မသိဘူး….ရန်မဖြစ်ချင်လို့……ဖုန်းထဲမှာမမေးတာ…ကိုယ့်ရည်းစားကို ပေးတဲ့အကျီ င်္က ဗိုက်ဖုံးအင်္ကျီတဲ့….လူကြားလို့မှမကောင်း”
“အရောင်ကတော့ တော်တော်တူတယ်..”..ကျွန်တော် ပြောရင်း ပြုံးမိပြန်သည်…(.ချစ်သူရဲ့ကိုယ်လုံး သေးသေးလေးနဲ့ အဲအင်္ကျီသာဝတ်ရင်ဆိုပြီး…../)
“နေပါဦး ကိုလည်း ငါ ပို့ပေးတဲ့အ အင်္ကျီ ၀တ်မလာလား…..ပျောက်သွားပီလား”
မျက်စောင်းထိုးပီးမေးသည်…။
“မဟုတ် ဒီမှာကြည့်….”
ကျွန်တော်ပြတော့…သူမ ဘာမှမပြောပါ….”အဲကိုက ဂရုကို မစိုက်ဘူး” တဲ့( တော်သေးတာပေါ့ အဲစကားလေးနဲ့ အဆုံးသတ်သွားလို့…။)
ကျွန်တော်တို့ အလွမ်းတွေအကြောင်းပြောသည်…
ချစ်ခြင်းတွေအတွက် ကြည်နူးကြသည်။
ည ၈ နာရီမှာ ချစ်သူကို ပြန်ပို့ပေးပြီး မနက်ဖြန် ဘုရားတက်ရန် ချိန်းခဲ့သည်…။
ညဘက် ဖုန်းဝင်လာပါသည်….
“ကိုရေ….ကို့အင်္ကျီရပြီသိလား……လူကြုံလာပို့တဲ့နေ့က အစ်မတစ်ဝမ်းကွဲက ထုတ်ကြည့်ပြီးသူ့ အင်္ကျီနဲ့ ပြန်မှားထည့်မိသွားတာ…”
တဲ့
တော်သေးတာပေါ့ဗျာ…..ကျွန်တော် အဲဗိုက်ဖုံးအင်္ကျီပေးတာမဟုတ်မှန်းသိသွားလို့
(ဘုရားတက်တဲ့နေ့…
ဗဟန်း၃ လမ်းမှတ်တိုင်အား အသွားနှင့်အပြန်မှားစောင့်နေကြသည်…..တော်သေးတာပေါ့….၁၅ မိနစ်တည်းနဲ့ တွေ့သွားကြလို့…။)
ပြန်တွေးတိုင်းလည်း ရယ်ရတယ်…။
တကယ်လည်း…..အမှတ်တရတွေများပါတယ်ဗျာ…။
Comment #2
😛
Comment #1
ဖတ်သွားတယ်ဗျာ သူများအကြောင်းစပ်စုတာတော့မဟုတ်ရပါ ဒီအတိုင်းဘဲ ဝင်ဖတ်ကြည့်မိတာပါ အလွဲလေးတွေကရီရတယ်ဗျ ။