Professional Authors

ဘာမှ အရေးမကြီးဘူး ရယ်ချင်ရယ်လို့ရတယ် မရယ်ချင်ရင်တော့ …..

စိမ်းလန်းတဲ့ မြက်ခင်းပြင်ကြီးတစ်ခုရှိတယ်။ အဲဒီ မြက်ခင်းပြင်ကြီးကနေ မြောက်ဘက် စူးစူးအတိုင်း လွင့်သွားလိုက်။ တောင်တွေ ချောက်

တွေ တောတွေ မြစ်တွေ ကျော်ဖြတ်ပြီးရင် ကန္တရပြင်ကြီး တစ်ခုကို တွေ့မယ်။ အဲဒီ ကန္တရပြင်ကြီးရဲ့ အလယ်တည်တည့်မှာ အိုအေစစ်

ကလေး တစ်ခုရှိတယ်။ စိမ်းစိုနေတဲ့ အုန်းပင်တွေ အခြားသစ်ပင်တွေနဲ့ အလယ်မှာ ရေကန်လေးတစ်ကန်။ အဲဒီ ရေကန်လေးရဲ့ အစပ်

ကျောက်သားပြင်ပေါ်မှာ မိုးအိမ်လူ တစ်ယောက် နှစ်ချို့ဝိုင် သောက်နေတယ်။ ( ရှည်ကို ရှည်တယ်။ အစကတည်းက အိုအေစစ်တစ်ခုရဲ့

ရေကန်စပ်မှာ မိုးအိမ်လူ ၀ိုင်သောက်နေတယ် ပြောရင် ပြီးတဲ့ဟာကို။ တော်တော်လျှာရှည်တဲ့ အကောင် ။ အဲ့လို သတ်မှတ်ရင် သင့်ရဲ့

စိတ်မှာ ဒေါသတွေ မောဟတွေ ဖုံးလွှမ်းသွားလိမ့်မယ်။ ပြီးရင် ဒေါသမီး မောဟမီးတွေ တောက်လောင်ပြီး သင့်ခန္ဓာကိုယ်ဟာ ပူလောင်

လာမယ်။ သင့်ရဲ့ သွေးသားလည်ပတ်မှုတွေ မြန်ဆန်လာမယ်။ သင့်ရဲ့ နှလုံးခုန်နှုန်းတွေ မြန်ဆန်လာမယ်။ သင်ဟာ အသားဖြူသူ တစ်

ယောက်သာ ဖြစ်ခဲ့မယ်ဆို သင့် အသားတွေဟာ နီမြန်းလာလိမ့်မယ်။ အဲဒီအခါ သင်ဟာ အင်မတန်ရုပ်ဆိုးတဲ့ ဘီလူးသရဲတစ်ကောင်နဲ့

တူသွားလိမ့်မယ်။ အဲဒီတော့ ဒေါသမထွက်လည်း မထွက်နဲ့ မောဟလည်း မဖုံးနဲ့။ ဒီကောင်လေး ရူးနေတာပါဆိုပြီး ခွင့်လွှတ်စိတ်လေးနဲ့

မေတ္တာပွားလိုက်ပါ။ သင် အေးချမ်းသွားပါလိမ့်မယ်။ တော်တော် လျှာရှည်တဲ့ မိုးအိမ်လူပဲ )

မိုးအိမ်လူ တစ်ယောက် ၀ိုင်သောက်နေတုန်း အတွေးတွေ လက်ဆန့် ခြေဆန့် လုပ်မိတယ်။ ကမ္ဘာလောကကြီးမှာ ဘယ်အရာဟာ

အကောင်းဆုံးလဲ။ ဘယ်အရာဟာ မကောင်းဆုံးလဲ။ ဘာညာဘာညာတွေပေါ့။ အဲဒီလို ပေါက်တတ်ကရတွေ တွေးနေတုန်း ကောင်မလေး

တစ်ယောက် ရောက်လာလေရဲ့။ မိုးအိမ်လူတို့ သိပ်ပျော်သွားတာပေါ့။ ကောင်မလေးက လည်း သိပ်လှတာကို။ သွားရည်တွေ မကျ

အောင် မနည်းထိန်းနေရတယ်။ ကောင်မလေးက စကားစ တယ် ။

” ရှင် မိုးအိမ်လူ လား “

” သိပ်ဟုတ်တာပေါ့ မိန်းမလှလေးရယ် “

” အိုကေ အဲဒါဆို သိပ်အဆင်ပြေသွားပြီ “

” ဟင် ဘာလို့လဲ။ ကိုယ်နဲ့ တွေ့ရင် မင်းက ဘာလို့ သိပ်အဆင်ပြေရတာလဲကွယ် “

( မိုးအိမ်လူဟာ ယောကျာင်္းပီပီ တဏှာအတွေးတွေ တွေးပြီး စိတ်ကူးတွေ ယဉ်နေတဲ့ မျက်နှာမျိုး နဲ့ မေးတာ ။ တော်တော် ချဉ်စရာ

ကောင်းပါတယ်။ )

” ရှင့်ကို သတ်ဖို့ “

” ဘယ်လို “

သေသွားပါပြီ။ ကောင်မလေးရဲ့ အဖြေတောင် ပြန်မကြားသွားလိုက်ဘူး။ ကောင်မလေးက မိုးအိမ်လူကို သတ်ပြီးသွားပြီ။

“ကျွန်မက ဗီးနပ်စ်ပဲ။ အချစ်နဲ့ မထိုက်တန်တဲ့ ရှင့်ကို သတ်ဖို့ ရောက်လာတာ။ ဓားနဲ့ ထိုးဖို့ လက်မရှိလို့

အက်ဖရိုဒိုက်ဆီကလက်ငှားပြီးတော့ကို ရှင့်ကို

လာသတ်တာ ဟင်း ဟင်း “

*

စစ်သွေးကြွနေတဲ့ ရဲမက်တွေဟာ မြို့ တစ်မြို့လုံးကို ပတ်လည် ၀ိုင်းထားတယ်။ အခုချက်ချင်းကို မြို့ကို အတင်း ၀င်တိုက်တော့မယ့် ဟန်

နဲ့။ သူတို့ဘုရင် ရဲ့ ခွင့်ပြုချက်ကို စောင့်နေတာ။ အဲဒီ အချိန်မှာပဲ ရဲမက်တစ်ယောက် အပြေးအလွှား ရောက်လာပြီး ဘုရင်ကြီးရဲ့

့ေ၇ှ့မှာ အခစားဝင်တယ်။ ပြီးတော့ စာချွန်လွှာတစ်ခုကို ဆက်သတယ်။ ဘုရင်ကြီးဟာ စာချွန်လွှာ ကို အလျင်အမြန်ယူ ပြီး ဖတ်တယ်။

ပြီးတော့ တောက် တစ်ချက် ခေါက်လိုက်တယ်။

” ဒီကောင် ဗိုင်းရပ်စ်က ဘာကောင်တုန်းကွာ ။ ငါလို ခုနှစ်ပြည်ထောင် မင်းတရားကြီးကို ပမာမခန့် ပြုတာပေါ့လေ “

ဘေးက ရဲမက်တွေလည်း ဘုရင်ကြီး ဒေါသထွက်နေတော့ ကြောက်လန့်နေကြတာပေါ့။ တုပ်တုပ်တောင် မလှုပ်ရဲကြဘူး။

ပညာရှိ အမတ်ကြီး က အရဲစွံ့ပြီးမေးရတယ်။

” အရှင် မိုးအိမ်လူ ဘုရား။ တစ်ဖက်က စစ်ဘုရင် ဗိုင်းရပ်စ်က ဘယ်လိုများ အကြောင်းပြန်လိုက်လို့ပါလဲ “

” ဒီမှာ ဖတ်ကြည့် “

ဆိုပြီး ဘုရင်ကြီး မိုးအိမ်လူဟာ စာချွန်လွှာကို အမတ်ကြီးဆီပစ်ပေးလိုက်တယ်။ အမတ်ကြီးဟာ ခပ်မြန်မြန်ပဲ စာချွန်လွှာကို ဖတ်လိုက်

တယ်။

” ဟိတ်ကောင် ငကြောက် မိုးအိမ်

မင်း ငယ်ငယ်က ဒီသာပေါမက္ခကြီး လက်ချာရိုက်နေတုန်း အီးအီးပါချတာ မှတ်မိရဲ့လားကွ

မင်းလို ငယ်ငယ်ကတည်းက အရှက်မရှိတဲ့ကောင်ကများ ငါ့တိုင်းပြည်ကို သိမ်းချင်သေးတယ်ဟင်

ပြီးတော့ ငယ်ငယ်က မိုးရွာတဲ့တစ်နေ့ မင်းနေတဲ့ အခန်းထဲကို တီကောင်တွေဝင်လာလို့ မင်း ထအော်လိုက်တာလေ

အဟား ငယ်သံကို ပါလို့

မင်းလို ငကြောက်ကများ ကွာ

ဟိတ်ကောင် သတ္တိရှိရင် အချိန်မရွေးပဲကွ လာခဲ့လေ

ငကြောက်ကြီး

မင်းရဲ့ ဆရာ

ဗိုင်းရပ်စ်

ကျုံပျော် ဘုရင်မင်းတရားကြီး “

အမတ်ကြီးခင်ဗျာ မရယ်မိအောင် မနည်းထိန်းလိုက်ရတယ်။

” ဒီဘုရင်ဟာ တော်တော် မောက်မာလွန်းနေပါပြီ။ အရှင်မတရားကြီး။ အခုချက်ချင်းပဲ တပ်တော်ချီဖို့ အမိန်ပေးသင့်ပါတယ် “

” ဟုတ်တယ်။ အဲဒီကောင် တော်တော် မောက်မာတယ်။

ငါကတော့ ငယ်ငယ်တုန်းက ဒိုးထုဖက်တွေပါဆိုပြီး ညှာတာနေတာ။ တွေ့ကြသေးတာပေါ့ကွာ။

ဒင်းကို မိကာမှ ငယ်ငယ်က ဒိုးထုလို့ ရှုံးတဲ့ အကြွေးတွေပါ ပြန်တောင်းရမယ်။

ကဲ တပ်တော် ချီစေ “

အဲဒီမှာ ပဲ စစ်သွေးကြွနေတဲ့ ရဲမက်တွေဟာ မြို့တံခါးကို အတင်းဖျက်ကြတယ်။ မြို့တံခါးလည်း ပေါက်ရော ဒရကြမ်း ၀င်စီးကြတော့

တယ်။ တပ်တွေ အကုန်လုံး မြို့ထဲရောက်သွားကုန်ပြီ။ ခဏလည်းကြာရော စောစောက ဒရကြမ်း ၀င်သွားတဲ့ ရဲမက်တွေဟာ ဒရကြမ်း

မြို့ထဲက ပြန်ပြေးထွက်လာကြလေရဲ့။ ဘုရင်ကြီးမှာ အံ့သြတကြီးပေါ့။

” ဟ ဘာဖြစ်ကြတာတုန်းဟ “

ဘုရင်ကြီးဟာ အထိတ်တလန့်နဲ့ အော်ဟစ်မေးတယ်။ ရဲမက်တွေဟာ ပြေးရင်း လွှားရင်းနဲ့

” အရှင်မင်းကြီး တီကောင်တွေ ဘုရား တီကောင်တွေ “

ရဲမက်တွေဟာ အော်ရင်း ဟစ်ရင်းနဲ့ သူတို့ ကိုယ်ပေါ်က တီကောင်တွေကို ဆွဲခွာ လွှင့်ပစ်ကြတာပေါ့။ လွှင့်ပစ်လိုက်တဲ့ တီကောင်တွေ

ဟာ ဘုရင်ကြီး မိုးအိမ်လူ ကိုယ်ပေါ်ရောက်ကုန်ကြတယ်။ ဘုရင်ကြီးဟာ တီကောင်တွေလည်း မြင်ရော မျက်လုံးတွေပြူး ပါးစပ်ကြီးဟပြီး

တီ တီ..တီ..နဲ့ သေပါလေရော။ တစ်ဖက်က ဘုရင် ဗိုင်းရပ်စ်နဲ့ တိုင်းသူပြည်သားတွေဟာ စီစီတီဗွီကနေ သူတို့ အဖြစ်ကို ကြည့်ပြီါ်

ခွက်ထိုးခွက်လန်ရယ်ကြလေရဲ့။ ရယ်ရင်း ရယ်ရင်း မထိန်းနိုင်ဘဲ အကုန်လုံး အူတက်ပြီး ဂန့်ပါလေရော။ အနိစ္စဟူသည် အမြဲမရှိ။

*

နေရောင်ခြည်ဟာ ကျမလာသေးဘူး။ လောကကြီးဟာ ညှို့မှိုင်းလို့။ သူတော်စင်လေး ရင်နင့်အောင်ဟာ တရား ဓမ္မ အားထုတ်ဖို့

ဒီနေရာကို ရောက်လာတာ ကြာပြီ။အခုထိ တစ်ခါမှ ကောင်းကောင်း အားမထုတ်နိုင်သေးဘူး။ အားမထုတ်နိုင်ဆို အဖျက်က ရှိနေတာ

ကို။ သူ ဒီအရပ်ကို စ ရောက်လာတုန်းက လူတွေက သူ့ကို နတ်သားလေးလို့ ထင်နေကြတာ။ သူ့ကို ပူဇော်ကြ။ ပသကြနဲ့ပေါ့။

သူ့ဆီက တစ်ခုခုများရမလားဆိုပြီး တော့ပေါ့။ ခက်တာက သူတော်စင်လေးရင်နင့်အောင်မှာက ၀တ်ရုံဖြူ နှစ်ထည်ရယ် မုတ်ဆိတ်ရိတ်

တဲ့ ဂျုတ်နဲ့ ဓားရယ် ရေဗူးရယ် ပဲကြီးလှော် တစ်ပြည်ရယ် ဒါပဲ ရှိတာ။ သူတို့ လိုချင်တာ ဘာပေးနိုင်မှာတုန်း။ အဲဒီမှာ လူလည်လိုလို

ပတ်ကားလိုလို ကောင်တစ်ကောင်က သူတော်စင်လေး အနားမှာ လာကပ်နေပြီး သူတော်စင်လေးကို တော်ကီတွေနဲ့ ချုပ် လူတွေကို

ထင်ယောင်ထင်မှားတွေဖြစ်အောင် လျှောက်ပြော လူတွေ ပေးသမျှဟာတွေနဲ့ ဟန်ကျနေတယ်။ သူတော်စင်လေးလည်း အစက

ဘာမှမသိပေမယ့် နောက်ပိုင်းကတော့ အဲဒီ ငရှုပ် လှည့်ကွက်တွေကိုသိလာတယ်။ ဒါဟာ မကောင်းဘူးဆိုတာလည်း သူတော်စင်လေး

က သိနေပြန်တယ်။ လူတွေ အတွက်လည်းမကောင်းဘူး။ အဲဒီ ငရှုပ်လေးအတွက်လည်း သံသရာမှာ မကောင်းမှုအကုသိုလ်ကံတွေ

ရဲ့ ဒဏ်ကို ခံရနိုင်တယ်။ ဒီတော့ သူတော်စင်လေးဟာ အရင်ဆုံ ငရှုပ်လေးကို ဆုံးမဖို့ ကြိုစားတယ်။

” လုလင် မိုးအိမ်”

“ဗျ”

“အသင် အခုလုပ်နေတဲ့ လုပ်ရပ်တွေဟာ မကောင်းဘူးကွဲ့”

“သိပါ့ဗျာ”

“သိရင် ဘာလို့ လုပ်နေသလဲ မလုပ်နဲ့တော့လေ”

“ကျုပ်က မလုပ်ချင်တော့ပါဘူး။ လူတွေက ကို ဇွတ်အတင်း လာ ပူဇော်ပသနဲ့ လောဘတွေ တက်နေကြတာပါ။

“ကျုပ် အမြင်မှန်ရတာဖြင့် ကြာပေါ့။ မနေ့ညကတည်းက”

“အိမ်း ။ အဲဒါဆိုလည်း လူတွေကို ကျွန်ုပ် ပြောမယ်။ လုလင်လည်း အဲဒီ လိမ်ညာတာတွေ မလုပ်နဲ့တော့။

ကျွန်ုပ်နဲ့အတူ တရားဓမ္မကျင့်ကြံပါလား”

“အာ ဘာလို့ ပြောမှာတုန်း သူတော်စင်လေးရ။ သူ့အရှိန်နဲ့သူ လိမ့်ပါစေ။

ဒီမယ် သူတော်စင်လေးကို ကျုပ်ပြောမယ်။ အခု လူတွေ ဒီလိုလုပ်နေကြတာ သူတော်စင်လေးကို ကြည်ညိုလွန်းလို့

လုပ်နေတယ် ထင်သလား။ သူတို့အတွက် သူတို့ လုပ်နေကြတာ။ သူတို့ လောဘနဲ့ သူတို့ ခံနေကြရတာ။ အမှန်ကို မြင်တဲ့တစ်နေ့

သူတို့ဘာသာရပ်သွားလိမ့်မယ်။ သူတော်စင်လေး ပြောစရာတောင်လိုမှာမဟုတ်ဘူး။ အမှန်ကို မမြင်နိုင်သေးသရွေ့တော့ ခံဦးပေါ့ “‘

“အို အဲ့လိုတော့ မကောင်းပါဘူး လုလင်ရယ်။ မကောင်းတာကို မကောင်းဘူးဆိုတာ သိအောင် ပြောပြသင့်တာပေါ့”

“သူတော်စင်လေးကလည်း ဗျာ ပိန်းပါ့”

အဲဒီလိုနဲ့ သူတို့ နှစ်ယောက် ငြင်းကြခုန်ကြနဲ့ လိုရင်းကို မရောက်နိုင်ကြတော့ဘူး။ နောက်ဆုံး သူတော်စင်လေးလည်း မနိုင်တော့

တာနဲ့ ဒီအတိုင်း လွှတ်ပေးထားလိုက်တယ်။ နောက်နေ့ မနက် အစောကြီး ဘယ်သူမှ မနိုးခင် သူတော်စင်လေး ရင်နင့်အောင်ဟာ

ဒီအရပ်ကနေ စွန့်ခွာသွားလေရဲ့။ အဲဒီမှာပဲ မိုးအိမ်တစ်ယောက် တိုင်ပတ်တာပဲ။ သူတော်စင်လေး မ၇ှိရင် သူက နားကားပြီလေ။

ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ နဲ့ စဉ်းစားနေလိုက်တာ နေ့လည် မွန်းတည့်ချိန်ရောက်တော့ လူလည် မိုးအိမ်ဟာ အကြံတစ်ခု ရသွား

တယ။် သူ့အကြံက ရွာအစွန်မှာ နေတဲ့ ဆင်းရဲသား လေး မင်းယုမာန်ကို သူတော်စင်လေးနေရာမှာ အယောင်ဆောင် ခိုင်းဖို့ပဲ။

မင်းယုမာန်နဲ့ သူတော်စင်လေးကလည်းရုပ်က ခပ်ဆင်ဆင်ကို။ အဲ့ဒါနဲ့ လူလည် မိုးအိမ်ဟာ မင်းယုမာန်နဲ့ သွားညှိလေရဲ့။ အဆင်ပြေ

တာပေါ့။ မင်းယုမာန်က အလကားနေရင်း ပလ္လင်ပေါ်ေ၇ာက်မယ့် ကိစ္စ ဘယ်ငြင်းမလဲ။ အဲဒီလိုနဲ့ မင်းယုမာန်ဟာ သူတော်စင်လေး

အယောင်ဆောင်ပြီး နေလိုက်တာ လူလည် မိုးအိမ်လည်းအခြေမပျက် အဆင်ပြေလို့ မင်းယုမာန်လည်း ကြီးပွားလို့။ ဒါပေမယ့်

မကြာပါဘူး။ မင်းယုမာန်ဟာ ဒါဟာ သူ့ကြောင့်ရနေတာ။ ဟိုကောင်က အလကားနေရင်း ဘေးက အချောင်သုတ်နေတာ။ သူ့ဝေစုကို

အလကားယူနေတယ်လို့ တွေးမိလာတယ်။ အဲ့ဒါနဲ့ပဲ ဖြုတ်ထုတ်သတ် ဇာတ်လမ်း ခင်းလိုက်တဲ့အခါ လူလည်မိုးအိမ်ခမျာ

လည်လွန်းတဲ့ ဘီး ဟိုဟာသင့် သွားသလို ရွာသားတွေရဲ့ လက်အောက်မှာပဲ ဂန့်သွားလေရဲ့။

*

အချိန်တွေ နေရာတွေ လူတွေ ဇာတ်ကောင်တွေ အများကြီး ဘ၀တွေ အများကြီးနဲ့ ကျွန်တော်တို့ သံသရာမှာ လည်လို့ပတ်လို့

ကောင်းတုန်း။ ဘယ်အချိန်မှာ ရပ်မှာလဲ။ ဘယ်အချိန်မှာ အဆုံးသတ်မှာလဲ။ ဘယ်သူမှ မသိနိုင်ဘူး။ စစ်မှန်သော တရားဟာ စစ်မှန်တဲ့

နေရာတစ်ခုမှာ စစ်မှန်စွာ ရှိနေတယ်။ ကျွန်တော်တို့ မမြင်နိုင်သေးသရွေ့ မြင်အောင် မကြည့်နိုင်သေးသရွေ့ ဒီလို ဇာတ်လမ်းပေါင်း

များစွားနဲ့ အခါခါ သေ အခါခါ ရှင် အခါခါ….. ပေါ့ဗျာ။ ကျွန်တော်ဇာတ်လမ်း ဒီမှာ ပြီးသင့်သလား။ မပြီးသင့်ဘူး ထင်ရင် သင် ဘာသာ

သင်ကိုယ်တိုင် စိတ်ကြိုက်ဆက်ရေးနိုင်တယ်။ ပြီးပြီလို့ ထင်ရင်လည်း ပြီးလိုက်နိုင်တယ်။ ကျွန်တော်ကတော့ လက်ညောင်းလို့ တော်

သေးပြီ။

*

မိုးအိမ်လူ

၈ ဒီဇင်ဘာ ၂၀၁၁

ည ကိုးနာရီ လေးဆယ့်ရှစ်

In: ဝတ္ထု Posted By: Date: Dec 11, 2011
Comment #1

Hehe.
continue?

commentinfo By: ei lay at Jan 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment