ထိုသို့လေလား ကံတရားရယ်…။
ထိုသို့လေလား ကံတရားရယ်…။
မနက်မှာ နေထွက်လို့ ညခင်းမှာနေပြန်ဝင်တတ်တဲ့ လူ့ဘ၀မှာ…….ပြောင်းလဲဖြစ်တည်မှု့ ရပ်ဝန်းအစွန်းကနေ အခြားကမ္ဘာတစ်ခုကို ကျွန်မပြောင်းလဲလို့ ကျွန်မဘ၀ကို ကျွန်မ အသစ်ကနေစလို့ ပြန်တည်ဆောက်ချင်ပါတယ်…..။
ပြီးခဲ့ရာတွေ တစိမ့်စိမ့်ထိုင်ပြီး ပြန်တွေးနေမိတဲ့ ကျွန်မအာရုံထဲမှာအရင်ဆုံးပြေးမြင်မိတာကတော့……ကျွန်မသိပ်ချစ်ရသော လူတစ်ဦး ဖြစ်တဲ့ မောင့်ရဲ့ မျက်နှာလေးပါပဲ……။ ကျွန်မ မောင့်ကို သိပ်ချစ်ပါတယ်……..။
ကျွန်မတို့ မိန်းမသားတွေရဲ့ ဘ၀က လွတ်လပ်မှုမရှိတဲ့ ဘ၀တစ်ခုကို မွေးကတည်းက ပိုင်ဆိုင်လာခဲ့ရတာ မဟုတ်လား……။
ကျွန်မတို့အတွက် အိနြေ္ဒတွေ….သိက္ခာတွေ……အရှက်တရားတွေက ကျွန်မတို့မိန်းမတွေအပေါ် မွေးစက စလို့ သေသည်အထိအောင်
ဘောင်ကွပ်ထားခဲ့တဲ့ စည်းမျဉ်းကြီးတွေ မဟုတ်ပါလား…..။
ကမ္ဘာပေါ်မှာ ရှိသမျှ နိုင်ငံတွေ အားလုံးထဲမှာမှ စောင့်စည်းထိမ်းသိမ်းမှုတွေနဲ့ ယဉ်ကျေးမှု အစဉ်အလာတွေ သိပ်များတဲ့ ကျွန်မတို့နိုင်ငံဟာ ကျွန်မတို့ မိန်းမတွေ အတွက် ပိတ်လှောင်ထားရာ လှောင်အိမ်ကြီးတစ်ခုနဲ့ တူနေတယ်လို့ ကျွန်မကတော့ မြင်မိပါတယ်…..။
ဟုတ်တယ်လေ…..အများတကာ ယောကျာ်းလေးတွေလို စိတ်ညစ်ရင် အရက်သောက်ခွင့် ၊ စိတ်ပြေလက်ပျောက်လဘက်ရည်
ဆိုင်ထိုင်ပြီး တမေ့တမော သီးချင်းနားထောင်ရင်း အချိန်ဖြုန်းခွင့် ၊ အိပ်မပျှော်တဲ့ ညတွေမှာ မှောင်မဲနေတဲ့ လမ်းတွေပေါ်ပြေးတက်
ပြီး ဂစ်တာတီး သီးချင်းဆိုခွင့် မျိုးတွေ ဘယ်မှာ ရှိလို့လဲ……။
နေ့စဉ်နဲ့အမျှ ……. ညစဉ်နဲ့အမျှ ….. ကျွန်မတို့ နေထိုင်ရာအိမ်ဟာ ကျွန်မတို့ရဲ့ အနားယူရာ…. ကျွန်မတို့ရဲ့ ချွေးသိပ်ရာ…
ကျွန်မတို့ စိတ်တွေ ဖြေလျော့ရာ တစ်ခုတည်းသော နေရာပါပဲ…..။
အလုပ်အားရက်တွေမှာလည်း စာအုပ်ဖတ်ချင်တယ် ဆိုဖတ် မဖတ်ချင်လျှင် တီဗီကြည့်…၊ စာအုပ်ဖတ်၊ တီဗီကြည့်တာမျိုးမှ
မလုပ်ချင်ရင် အိပ်ရာထဲဝင်ပြီး ခေါင်းအုံးပေါ် ထိုးအိပ်လိုက်ရုံဘဲပေါ့…။
တကယ်တော့ ကျွန်မတို့ မိန်းမတွေရဲ့ ဘ၀ဟာ အရာရာမှာ တစ်ပန်းရှုံးနေခဲ့ပါတယ်…..တကယ်ဆိုရင် လူသားမျိုးဆက်
ထိမ်းသိမ်းရေး နဲ့ လူသားနဲ့ကမ္ဘာမြေကို သားကောင်းရတနာ မွေးဖွားပေးနေတဲ့ ကျွန်မတို့မိန်းမတွေဟာ ယောကျာင်္းတွေနဲ့ လက်ရုံချင်း
ယှဉ်လို့ မသာနိုင်ပေမယ့် နှလုံးရည်ချင်း ယှဉ်ရင်တော့ ကျွန်မတို့က သာပါတယ်လေ…….။
ဒါပေမယ့် အခြေခံ လူ့ယဉ်ကျေးမှု့ အမည်ခံပြီး ကျွန်မတို့ မိန်းမတွေအပေါ် နှိပ်ကွပ်မှု့ ပုံစံပြည့်နေတဲ့ ကျွန်မတို့ မြန်မာနိုင်ငံ
ဟာ ကျွန်မတို့ မိန်းမသားတွေရဲ့ အကျိုးပြုလုပ်ဆောင်မှု့တွေကို သိသိကြီးနဲ့ကို မသိကျိုးကျွံပြု လျစ်လျူရှု့ထားကြပါတယ်….။
ထားပါလေ…..။ ဒါတွေပြောနေလို့လည်း…..ရှေးရိုးအယူဆွဲကြီးကို လက်ကိုင်ထားပြီး မိန်းမတွေအပေါ် အနိုင်ကျင့်နေတဲ့ မူဝါဒကြီးက
ပျောက်သွားမှာမှ မဟုတ်တာ…..ရှိပါစေတော့….။
ကျွန်မဒီလိုနေရာကို ရောက်လာခဲ့စ နေ့မှာ ကျွန်မကိုယ် ကျွန်မ မယုံကြည်နိုင်လောက်အောင် တုန်လှုပ်မိသွားပါတယ်…။
ကျွန်မနဲ့ ဒီလိုနေရာဟာ ဟပ်ဆက်ကြည့်မယ်ဆိုရင် ဘယ်လိုမှ မအပ်စပ်တဲ့ နေရာတစ်ခုပါ…..။
စဉ်းစားကြည့်လေ….. ကျွန်မလို တက္ကသိုလ်က ကျုတာတစ်ဦးက ဒီလိုနေရာမှာ ဒီလိုအမည်ခံ လူသားတစ်ဦး ဖြစ်သင့်လို့လား…။
အသက် (၂၈) နှစ်ဆိုတဲ့ အရွယ်မှာ သာမန်မိန်းမ တစ်ယောက်နဲ့ မတူတဲ့ မူပြအရည်အချင်းတွေနဲ့ ကျွန်မဟာ အဖက်ဖက်က ပြည့်စုံတဲ့
မိန်းမတစ်ယောက်လို့ ဆိုလို့ရအောင်ကို ကျွန်မမှာရှိတဲ့ အရည်အချင်းတွေက ပြည့်စုံပါတယ်…။
ကျွန်မမောင့်ကို တက္ကသိုလ် စတက်စ ပထမနှစ်မှာစသိခဲ့တာပါ…။ ကျွန်မက အပေါင်းအသင်းမရှိဘဲ တစ်ကိုယ်တည်း နေထိုင်မှု့
ပုံစံကို နှစ်သက်တဲ့ အလျှောက် မူလတန်းကနေ တက္ကသိုလ်ရောက်သည် အထိ အများသူငှာလို တပူးပူးတတွဲတွဲ မိန်းမဖော်သူငယ်ချင်း
မထားတတ်ပါဘူး…။ ရန်ကုန်တက္ကသိုလ်မှာ စီးပွားရေးမေဂျာ ယူပြီး ကျောင်းစတတ်တဲ့ ပထမနှစ်မှာ ကျွန်မတစ်ယောက်ထဲ တက္ကသိုလ်
စာကြည့်တိုက်ထဲ စာဖတ်နေရင်းနဲ့ ကျွန်မနဲ့ မလှမ်းမကမ်းကထိုင်ပြီး ကျွန်မကိုကြည့်နေတဲ့ မောင့်မျက်လုံးတွေကို စပြီးရိပ်မိခဲ့တာပါ။
မောင်က ကျွန်မသွားရာနောက်ကို တစ်ကောက်ကောက်နဲ့ လျှောက်လိုက်နေတတ်ပါတယ်…။ အစပထမတော့ မောင်ဟာ ကျွန်မလိုပဲ
ကျွန်မတို့ ကျောင်းကတက္ကသိုလ်ကျောင်းသား တစ်ယောက်လို့ ထင်ခဲ့မိပါတယ်….ဒါပေမယ့်နောက်တော့ မောင်ဟာ ကျွန်မတို့ကျောင်း
က မဟုတ်ပဲ…””” ရေကြောင်းပညာရေးတက္ကသိုလ်””” က ဆိုတာ သိခဲ့ရပါတယ်….။
သူ သူ့သူငယ်ချင်းတစ်ယောက်ဆီကို အလည်လာရင်း ကျွန်မကိုတွေ့ပြီး ချစ်ခဲ့တာလို့ဆိုပါတယ်….။ကျွန်မလည်းမောင့်ကို ဘယ်
ဘ၀ရှေးရေစက် ကြောင့်ရယ်မသိပါဘူး…. မြင်မြင်ချင်း စိတ်ထဲမှာ လှုပ်လှုပ်ရှားရှားကို ဖြစ်သွားပြီး ချစ်မိသွားတာပါ….။
ဒီလိုနဲ့ ကျွန်မနဲ့မောင် ချစ်သူဖြစ်ပြီး တစ်နှစ်လောက်အရောက်မှာ ကျွန်မကိုမောင်က အင်းလျားကန်ဘောင်ပေါ်မှာ နှစ်ယောက်သား
ထိုင်နေကြရင်းနဲ့ စကားဆိုလာပါတယ်….။
“”” ငယ်လေး မောင်တော့ဒီလိုစဉ်းစားမိတယ် ….. မောင် ကျောင်းထွက်လိုက်တော့မယ်…. မောင်ကျောင်းဆင်းပြီးလို့ ရေကြောင်း ပညာဘွဲ့ရရင်လည်း …ပြည်တွင်းရေကြောင်းသဘောင်္ကို (၁))နှစ်လောက် မောင်းရဦးမှာ…နိုင်ငံခြားလိုင်းကိုချက်ချင်းပြောင်း
လို့ရမှာ မဟုတ်သေးဘူး….နောက်မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ လှုမှုဘ၀ပုံစံ အာမခံချက်ကိုလည်း မောင်မယုံဘူး……ဒါကြောင့်
မောင် ကျောင်းထွက်ပြီး နိုင်ငံခြားသဘောင်္လိုင်းမှာ လိုက်တော့မယ်…..ဒယ်ဒီက မောင့်ကို အငယ်တန်း “စက်ကင်းချိဖ့် အောဖစ်စာ”””
နဲ့ သဘောင်္တင်ပေးမယ်လို့ ပြောတယ်…..”””
ဒီလိုပြောလိုက်တဲ့ မောင့်စကားကို ကျွန်မက…….
“”” ဟင်….. ဒါဆို ငယ်နဲ့မောင် ခွဲကြရမှာပေါ့…..မောင်ရယ်…. ဒီမှာပဲကျောင်းပြီးအောင်တက်ပြီး မချမ်းသာရင်နေပါစေ…ငယ်
တို့ ရှိသလောက်လေး၊ ရသလောက်လေးနဲ့ ရောင့်ရဲပြီး အေးအေးချမ်းချမ်း ဘ၀လေးတစ်ခုကို တည်ဆောက်ကြရအောင်….မသွားပါ
နဲ့ မောင်ရယ်….ငယ်လေး… မောင်နဲ့ မခွဲနိုင်ဘူး…..”””
ကျွန်မ မျက်ရည်တွေ ဝေသီတဲ့ မျက်ဝန်းအကြည့်နဲ့ ကြည့်ပြီးမောင့်ကို ပြောလိုက်တော့……. မောင်က ကျွန်မပုခုံးကို ခပ်ဖွဖွ
ဆုပ်ကိုင်ဖက်ပြီး………
“”” ဒီလိုလဲ မဟုတ်သေးဘူးလေ ငယ်လေးရဲ့….. မောင်နဲ့ ငယ်လေးက ရသမျှနဲ့ ရောင့်ရဲတဲ့ ဘ၀မှာ နေနိုင်ပေမယ့်….နောက်
မောင်တို့ နှစ်ယောက်ရဲ့ ဘ၀ထဲကို ရောက်လာမယ့် မောင်တို့ ရင်သွေးလေးတွေကျတော့ မျက်နှာငယ်ရမှာပေါ့…ငယ်ရဲ့…တဒင်္ဂစိတ်
ခံစားမှုကို ဦးစားမပေးပါနဲ့ ငယ်လေးရယ်…… အရှည်တွေးစမ်းပါ….မြင်တတ်ပါ… ဘ၀ဆိုတာ အရှည်ကြီးလေ…..”””
မောင့်ရဲ့ ထောင့်စေ့ သေချာစေ့စပ်လှတဲ့ တွက်ချက်မှု စကားအောက်မှာ အဲဒီတုန်းက ကျွန်မဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး….။
ဒီလိုနဲ့ ကျွန်မဒုတိယနှစ်တက်နေဆဲ နှစ်ကုန်လောက်မှာ မောင် ဂျပန်ကို သင်္ဘောလိုက်ဖို့ ထွက်သွားခဲ့ပါတယ်….။ တရွေ့ရွေ့
နဲ့ ရာသီတွေ ပြောင်းလဲလာတာကို ကျွန်မလက်ချိုးရေတွက်ရင်း ကျွန်မချစ်တဲ့ မောင်နဲ့ နီးရမယ့် အချိန်တွေကို မျှော်လင့်ရင်း ကြိုတွေးလို့ ကြည်နူးဝမ်းသာ ရင်ခုန်နေမိပါတယ်….။ ကျွန်မလည်း ဒီအချိန်တွေမှာ ကိုယ်ဝါသနာပါရာ ဆရာမ အလုပ်ကို ရည်ရွယ်ရာ
ရောက်သည်အထိ တစိုက်မတ်မတ် ကြိုးကြိုးစားစားနဲ့ လုပ်ဆောင်ခဲ့ပါတယ်…..။
ခြောက်နှစ်ဆိုတဲ့ အချိန်တွေဟာ ကုန်နိုင်ခဲလွန်းတယ်လို့ ကျွန်မထင်ခဲ့မိပါတယ်…..။ မောင်တို့ သင်္ဘောကမ်းကပ်တဲ့အခါ မောင်ကျွန်မဆီ ဖုန်းဆက်တဲ့ အချိန်မှာ မောင်အသံလေးကို ဖုန်းထဲက ကြားတိုင်း ကျွန်မမောင့်ကို လွမ်းလွန်းလို့ ငိုခဲ့ရတာလည်း အကြိမ်ကြိမ်ပါ …..။
တစ်နေ့မှာ မောင့်ဆီကနေ ကျွန်မဆီကို ခေါ်တဲ့ဖုန်း ၀င်လာခဲ့ပါတယ်…. တစ်နေကုန်စာသင်လို့ မောပန်းနွမ်းနယ်နေရာကနေ
မောင့်ဖုန်းလာတယ်ဆိုတာကို ကြားကြားချင်း မမောနိုင် မပန်းနိုင်နဲ့ ကျွန်မဖုန်းဆိုင် ဘက်ကို ပြေးထွက်လာခဲ့မိပါတယ်….။
ကျွန်မလေ ပျှော်လိုက်တာ မောင်အလုပ်ကနေ ခွင့်တစ်နှစ် ရတယ်တဲ့…….ခု မြန်မာပြည်ကို ပြန်လာဖို့အတွက် လေယဉ် လက်မှတ်တောင် ၀ယ်ပြီးပြီးတဲ့…… မောင်က သူခဏပြန်လာမယ့် ခွင့်ရတဲ့ တစ်နှစ်မှာ ကျွန်မနဲ့ လက်ထပ်ခဲ့မယ်တဲ့… နောက်ဆို
မောင်က သင်္ဘောမှာ “အကြီးတန်းချိဖ့်အောဖစ်စာ” ဖြစ်ပြီးဆိုတော့ တစ်နှစ်တစ်ကြိမ် လူစားလဲခွင့် ရမယ်တဲ့…… နှစ်တိုင်း အိမ်ပြန်လာ
လို့ရပြီးတဲ့……လေ..။.
ကျွန်မလေ ပျှော်လိုက်တာ၊ ပြောမပြတတ်လောက်အောင် ပျှော်လိုက်သည့် ဖြစ်ချင်းပါရှင်…..ကျွန်မညစဉ်မက်တဲ့ အိမ်မက်တဲက ဘဝ
ဟာ လက်တွေ့မှာ ဖြစ်လို့လာခဲ့တော့မှာလေ……. ကျွန်မပျှော်တာပေါ့ ….ပျှော်မိတာ မလွန်ပါဘူးနော်…..။
မောင်ပြန်လာတဲ့နေ့က ကျွန်မရန်ကုန်လေဆိပ်မှာ သွားကြိုခဲ့ပါတယ်…..မောင်က ကျွန်မကို “”” အင်မီဂရေးရှင်း””” အခန်းက
အထွက်မှာ မြင်လိုက်ပြီး လက်ပြတော့…..ကျွန်မလေ…ကျွန်မရောက်နေတဲ့နေရာဟာ လေဆိပ်ဆိုတာကို မေ့ပြီး မောင့်ကို ပြေးလို့
မလွှတ်တမ်း ဖက်ထားလိုက်မိပါတယ်….။ ကျွန်မရှက်လည်း မရှက်နိုင်တော့ပါဘူး….။
ဒီလိုနဲ့ ကျွန်မတို့ နှစ်ဦး လက်ထပ်ဖြစ်ခဲ့ပါတယ်…..မောင့်ခွင့်ရတဲ့ တစ်နှစ်ဆိုတဲ့ ကာလလေးဟာ…..ကုန်လွယ်လွန်းလိုက်တာရှင်..
ကျွန်မတို့ မင်္ဂလာဦး ဟန်နီးမွန်း ခရီးအနေနဲ့ ချောင်းသာ မှာ (၂) လလောက်ကြာခဲ့ပါတယ်….ကျွန်မ ဘ၀အတွက် မမေ့နိုင်စရာ ခရီး
လေး တစ်ခုပါပဲရှင်…..။
နောက် ကျွန်မတို့ရဲ့ မင်္ဂလာဦး နှစ်အနေနဲ့ လူမှုပရဟိတလုပ်ငန်း တော်တော်များများကို ဇနီးမောင်နှံ အတူတကွ သွားပြီးလှူကြ တန်းကြပါတယ်….။ ခုဘ၀တင်မက နောက်ဘ၀ အဆက်ဆက် မောင်နဲ့အတူတကွ ဆုံစည်းရပါစေလို့…ကျွန်မကုသိုလ်တွေ ပြုခဲ့တိုင်း
လှိုက်လှိုက်လှဲလှဲ ဆုတောင်းခဲ့မိပါတယ်….။
ကျွန်မ မောင့်ကို သိပ်ချစ်ပါတယ်…..။ တတ်နိုင်ရင် မောင်သွားရာနောက်ကို လျှောင်နောက်ဆံထုံးပါဆိုသလို လိုက်သွားချင်ခဲ့မိ ပါတယ်…။ မောင်ပြန်သွားပြီးတော့ ကျွန်မဘ၀ဟာ ခြောက်သွေ့အထီးကျန်လို့ သွားခဲ့ရပါတယ်….။ ကျောင်းမှာ စာသင်ချိန်လွဲရင်
ကျွန်မမောင့်ကို အမြဲသတိရနေခဲ့ မိပါတယ်….။
မောင်ပြန်လာမယ့် နေ့ကို လက်ချိုးရေတွက်ရင်း တစ်နေ့…. ကျောင်းမှာ စာသင်နေရင်း ကျွန်မ ခေါင်းထဲတစ်ချက် မိုက်ခနဲ ဖြစ်သွားပြီး မူးလဲပါတော့တယ်….။ ကျောင်းက ဆရာတွေ ဆရာမတွေ ပို့ဆောင်ပေးမှုနဲ့ တက္ကသိုလ်ဆေးရုံကို ကျွန်မ ရောက် သွားခဲ့ ရပါတော့တယ်…။
ကျွန်မကို စမ်းသပ်စစ်ဆေးနေတဲ့ ဒေါက်တာ ကိုကျော်ထွန်း က ကျွန်မကို တစ်ချက်ပြုံးကြည့်ပြီး……..””” မလေးမေ…ခင်ဗျား ရာသီ
မပေါ်တာ သတိမထားမိဘူးလားဗျ……””” ဆိုပြီး ကျွန်မကို ပြုံးစိစိနဲ့ စကားဆိုပါတယ်…။
အဲသည်တော့မှ ကျွန်မပြန်တွေးကြည့်မိပါသည်…. ဟုတ်ပါရဲ့ ကျွန်မရာသီ ကျော်လာ တာတစ်လ နီးပါးရှိပြီးပဲ. …..ကျွန်မတွေးရင်း တွေးရင်းနှင့် ရင်ထဲမှာ သိမ့်ကနဲ နေအောင် ကြည်နူးမိသွားပါတယ်…..။
“”” ဟင်…ဒါဆို…ကိုကျော်ထွန်း….ကျွန်မမှာ…… ကျွန်မမှာ…….”””
“”” ဟုတ်ပါရဲ့ဗျာ….. ဟုတ်ပါရဲ့ မလေးမေရေ…..ခင်ဗျားဗိုက်ထဲမှာ ရင်သွေးလေး ရှိနေပါပြီ.. ဂုဏ်ယူပါတယ်ဗျာ..”””
ဒါဟာ ကျွန်မအတွက် ဒုတိယ အကြိမ်မြောက် အတိုင်းအဆ မရှိပျှော်ရခြင်း ပါပဲ….။ ကျွန်မ ဗိုက်ထဲမှာ မောင့်ရင်သွေးလေး ရှိနေပြီ…….။ ကျွန်မတို့ နှစ်ဦး မျှော်လင့်ထားတဲ့ ဘ၀လေးဟာ….ရောက်ရှိလာပြီပေါ့….. မောင်သိရင် အရမ်းပျှော်မှာပဲ…။
မောင့်ဆီကို ကျွန်မ လှမ်းအကြောင်းကြားဖို့ မောင်တို့ရဲ့ ရန်ကုန်အခြေစိုက်ရုံးမှာ စုံစမ်းကြည့်တော့ မောင်က သင်္ဘောထွက်
နေတယ်တဲ့……ဒီတော့ ကျွန်မလည်း စာတစ်စောင်ရေးပြီး မောင့်ဆီကို လှမ်း အကြောင်းကြားလိုက်ပါတယ်…..မောင်သင်္ဘောကမ်း
ကပ်တဲ့ အခါ ဒီစာလေးကို ဖတ်မိပြီး… မောင် ဒီသတင်းကိုသိရင် အရမ်း ၀မ်းသာမှာပါ….။
ဒီလိုနဲ့ ကျွန်မ ကိုယ်ဝန်လွယ်တာ (၅)လ အရောက်မှာ ကျွန်မ အပြင်းဖျားပြီး နေမကောင်း ဖြစ်ပါတော့တယ်….။ မေမေတို့က
ကျွန်မကို ဆေးရုံတင်ပါတယ်….။ ကျွန်မ ဘယ်လောက်တောင် အပြင်းဖျားသလဲဆိုရင်…..(၃)ရက်လောက်ကို သတိလစ် သွားခဲ့တာပါပဲ..။
ကျွန်မသတိရတော့ ကျွန်မကုတင်ရဲ့ ဘေးနားမှာ ကျွန်မရဲ့ မိသားစုတွေ အကုန်ရှိနေကြပါတယ်….။ကျွန်မကိုကြည့်နေတဲ့ သူတို့
ရဲ့ မျက်လုံးတွေဟာ မျက်ရည်တို့ ဝေသီနေပါတယ်….။ သူတို့ကို ကျွန်မ နားမလည်နိုင်စွာနဲ့ ပြန်ကြည့်နေမိရင်းမှာ ကျွန်မရဲ့ညီမလေး
ခင်မေ က ကျွန်မကို ဖက်ပြီး “”” ဖြစ်မှ ဖြစ်ရလေ မမရယ်””” ဆိုပြီး ရှိုက်ကြီးတငင် ငိုပါတော့တယ်….။
ကျွန်မလည်း နားမလည်နိုင်ခြင်း မြောက်မြားစွာနဲ့ သူတို့ရဲ့ မိမိ အပေါ်ထားတဲ့ ၀မ်းနည်းမှုတွေကို ခံယူရင်း……သူတို့နဲ့အတူ
ဘုမသိဘမသိနဲ့ ၀မ်းနည်းလို့ လာပါတော့တယ်….။
ဘာတွေများ ဖြစ်ကုန်တာပါလဲ ရှင်……။
ဘာတွေများ ၀မ်းနည်းစရာတွေ ကျွန်မအတွက် ရှိနေလို့ပါလဲ……..။
……………………………………………………………….
“”” မလေးမေ ရှိပါသလား……… မလေးမေ ရှိပါသလား……”””
ကျွန်မဘယ်လောက်တောင် အတွေးတွေ လွန်သွားခဲ့သည် မသိပါ……။ ပြင်ပလူနာများအား အလှည့်ကျ ကြည့်ရှု့ ကုသပေးနေ
သော ဆရာဝန် အခန်းထဲမှ နာပ်စ်မ တစ်ဦး ကျွန်မနာမည် ကို ထွက်အော် ခေါ်တော့မှ..အသိစိတ်က ခန္ဓာကိုယ်ကို ပြန်ရောက်လို့လာပါ
တယ်….။.
ညီမလေးက ကျွန်မကိုတွဲပြီး ဆရာဝန်ကြီးနဲ့ တွေ့ရန် အခန်းတွင်းသို့ လိုက်ပါဝင်ရောက်လာပါသည်….။ အခန်းတွင်းသို့ ရောက်လျှင် …..ဆရာဝန်ကြီးက………
“”” လာ….လာ သမီး ထိုင်….ထိုင်….””” ဟု ဆိုကာ ကျွန်မအား သူ့ရှေ့က ခုံပေါ်တွင် ထိုင်ခိုင်းလိုက်ပါသည်…..။
“”” သမီးရဲ့ကိုယ်ဝန်က ခု(၈)လ ထဲမှာဆိုတော့…..သမီးတို့ ရောဂါတွေရဲ့ ထုံးစံအတိုင်း လမပြည့်ပဲ့ ကလေးမွေးလာတတ်တယ်
ဒါကြောင့်……ခုသမီး ဒီနေ့ကစပြီး ….ဆေးရုံတက်နေလိုက်တော့…. နောက် သမီးရဲ့ သွေးစစ်ချက် ရီဇတ် မှာ ( Ct4) အကောင့်
(ကိုယ်တွင်း ခုခံစွမ်းအား သွေးဖြူဥ..။) က အတော်ကျနေတယ်…..H.I.V ပိုးကောင်ရေကလည်း (400) ဆိုတော့ဂရုစိုက်မှ ရမယ်သမီး..
ဒီအခြေအနေဟာ HIV ကနေ AIDSကို အမြန် ကူးပြောင်းသွားနိုင်တယ်..နောက်ကလေးကလည်းမွေးမယ်ဆိုတော့ Ct4 ကလည်း
ကျဦးမှာ ကလေးကို ကူးဆက်နိုင်ချေကတော့ 85% ပါစင့်လောက်ရှိပါတယ်….ဒါကတော့ ဆရာကြီးတို့လည်း သေချာပြောလို့ မရ သေးဘူး…..မွေးပြီးမှ Anti DNA စစ်ကြည့်မှ သိနိုင်လိမ့်မယ်….”””
“”” အဲတော့ ခုလို အရေးကြီးနေတဲ့ အခြေအနေမှာ သမီးဆေးရုံကို တက်ထားရမယ် သမီး………….”””
ကျွန်မ ဆရာကြီးရဲ့ မျက်နှာကို ကြည့်ပြီး ခေါင်းကို ခပ်လေးလေးနဲ့ ငြိမ့်ပြလိုက်ပါတယ်……။
ကျွန်မ ဘ၀အတွက် ဒီဆေးရုံတက်ရခြင်းက အရေးမကြီးတော့ပေမယ့် …. မောင်နဲ့ကျွန်မတို့ နှစ်ဦးရဲ့ ရင်သွေးလေး…အတွက်
HIV ဆိုတဲ့ ရောဂါကြီး အကူးမခံရဖို့ကတော့ အလွန်အရေးကြီးသော ကိစ္စတစ်ခု မဟုတ်ပါလား….။
ဆရာဝန်ကြီး၏ စစ်ဆေးညွှန်းကြားမှုကြောင့် ဆေးရုံတက်၇န် ကျွန်မ ၀ှီးချဲလေးပေါ်တွင် ထိုင်၍ လိုက်ပါရင်း……၀ှီးချဲ တွန်းရာလမ်း
က ဆေးရုံကော်ရစ်တာ နံရံတွင် ကပ်ထားသော “”” နံရံကပ် စာလေး တစ်စောင်””” မှ အနီရောင်နှင့်ရေးထားသော စာကြောင်းလေးကို
မရည်ရွယ်ပဲ ဖတ်မိသွားခဲ့ပါသည်…..။ ထိုစာတန်းလေးမှာ…………။
“”” အမျိုးသမီးများ အိမ်ထောင်ပြုတော့မည် ဆိုလျှင် မိမိတို့နှင့် ပေါင်းသင်းမည့် အမျီုးသားအား တင်ကြို၍ HIV နှင့် ကာလသား
ကူးဆက်ရောဂါများအား စစ်ဆေးခြင်းဖြင့် မိမိတို့၏ သာယာသော အိမ်ထောင်တစ်ခုအား ထူထောင်ရန် မမေ့ပါနှင့်…””” ။
ကကြီး။[email protected](19.12.2011)(12;10pm)