Professional Authors

ဘက်(စ်)ကားပေါ်မှာ….

ကျွန်မ ဘက်(စ်)ကားပေါ်တက်လိုက်တယ် လူတွေကအများကြီးပဲ ရှောင်လို့ရတဲ့ လူတွေရော ရှောင်လို့မရပဲ တည့်တည့်ဝင်တိုးတဲ့ လူတွေရော အများကြီးပဲ ဘာပဲဖြစ်ဖြစ် ကျွနိမ ပြန်ဆင်းလို့တော့ မရတော့ဘူး အဲဒါနဲ့ကျွန်မစီးခဲ့ရတယ်ပေါ့ ပထမဆုံး ကျွန်မ အမှတ်တမဲ့ ၀င်တိုက်မိသွားတယ် လူ၁ယောက်ကို တွေ့တော့ တွေ့တယ် ဒါပေမယ့် မတိုက်မိလောက်ပါဘူးဆိုပြီး နေလိုက်တာ ၀င်တိုက်မိသွားတယ်..သူကလှည့်ကြည့်တော့ ကျွန်မကပြန်ကြည့်လိုက်တယ် နောက်တော့ သူကပြုံးပြတယ် ကျွန်မလဲ ပြန်ပြုံးပြပြီး ဆောရီးနော် လို့ပြောလိုက်တယ် သူက ရပါတယ် တဲ့…..ကျွန်မရဲ့ (၁)
အဲဒီလိုနဲ့ကျွန်မ သူဘေးကနေဖြတ်ပြီးတော့ တိုးလာခဲ့တယိ လူ ၁ယောက်က ကျွန်မကိုစိုက်ကြည့်နေတယ် သူ့ဘေးမှာခုံ တနေရာကလွတ်နေတယ် ဘယ်သူမှမထိုင်ကြဘူး ကျွန်မလဲ အဲဒီနေရာက်ုကြည့်နေမိတယ်..ခဏကြာတော့ သူကကျွန်မကို လာထိုင်ဖို့ခေါ်တယ် ကျွန်မ ၀မ်းသာသွားတာပေါ့ ကျွနိမအတွက်နေရာ ရပြီးပေါ့ သူက ကျွန်မကိုသူ့ဘေးနားမှာ ထိုင်ခိုင်းတယ် ပြတင်းပေါက်ဘေးမှာလေ သူကတော့ကျွန်မဘေးမှာပေါ့ အရမ်းသက်သောင့်သက်သာရှိတယ် လေလေးကလဲအေးအေးလေးရတယ် နောက်ပြီး ထိုင်လို့လဲရတယ်လေသူကတော့ မျက်နှာထာ တည်တညိကြီးနဲ့ ကြာလာတော့ ကျွန်မစိတ်ကျဉ်းကျပ်လာတယ် သူကတော့ကျွန်မကိုဂရုစိုက်ပါတယ် ဒါပေမယ့်ကျွန်မ စိတ်မလွတ်လပ်တော့ဘူး လူတွေကတော့ကျွန်မကိုအားကျတဲ့အကြည့်တွေနဲံကြည့်နေကြတယ် ဒါပေမယ့် ကျွန်မနေရ ထိုင်ရတာ စိတ်မလွတ်လပ်ဘူး ဒါကြောင့် ကျွန်မ နေရာကနေ ထလိုက်တယ် သူကကျွန်မကိုကြည့်တယ် ကျွန်မကသူ့ကို ခပ်တည်တည်ကြည့်ပြီး ကျွန်မသွားတော့မယ် မထိုင်တော့ဘူးလို့ပြောလိုက်တယ် ဘေးကလူတွေကပြောကြတယ် မိုက်လိုက်တာပေါ့ ဒီလောက်ကောင်းတဲ့နေရာရတာတောင် မနေချင်ဘူးပေါ့ ကျွန်မဂရုမစိုက်ဘူး ဒါ ကျွန်မရဲ့ ဆုံးဖြတ်ချက်ပါ သူကတော့ ကျွန်မ ဖယ်ပေးတယ် သွားချင်ရင်သွားဆိုတဲ့ ပုံစံပေါ့ ကျွန်မထွက်လာခဲ့တယ် နောက်ပြီးထပ်တိုးလာခဲ့တယ် ကျွန်မနည်းနည်းတော့ မောပန်စပြုလာပြီးလေ.ကျွန်မကိုနေရာပေးတဲလူက ကျွန်မ ရဲ့ (၂)
နောက်ကျတော့ ကျွန်မလူ၁ယောက်ကိုတွေ့ခဲ့တယ် အဲဒီလူပုံစံကိုကျွန်မအရမ်းသဘောကျသွားတယ် အရမ်းစမတ်ကျတယ်နောက်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတယ် သန့်ရှင်းသပ်ရပ်တယ် သူ့ကိုကြည့်လိုက်တာနဲ့အားလုံးပြီးပြည့်စုံတြဲ့လူဆိုတာ သိနိုင်တယ် ကျွန်မကြည့်နေရင်နဲ့ သူကလဲပြန်ကြည့်တယ် သူကိုကျွန်မနှစ်လိုစွာပြုံးပြခဲ့တယ် သူကတော့ ခပ်ဟဟလေးပဲပြုံးပြခဲ့တယ် နောက်ပြီး သူဘေးနားသွားရ်ခဲ့တယ် သူ့ကတော့ မသိသလိုပဲနေခဲ့တယ် ကျွန်မကိုရှိတယိလို့တောင် မမှတ်ဘူး သူဘေးနားမှာနေရင် ကျွန်မပျော်ရွင်ကြည်နှူးလိမ့်မယ်လို့ထင်ခဲ့တယ် ဒါပေမယ့် အဲဒီလိုမဖြစ်ခဲံဘုး သိမ်ငယ်သလိုခံစားမိတယ် ဒါကြောင့် ကျွန်မသူ့ဘေးကနေ ထွက်လာခဲ့တယ်..ကျွန်မစိတ်ဓာတ်တွေကျနေခဲ့တယ် သွားရင်နဲ့ အပေါက်ဝနားရောက်မှန်းမသိရောက်လာခဲ့တယ် ကျွန်မရှေ့တလှမ်းတိုးတာနဲ့အောက်ပြုတ်ကျတော့မှာ အဲဒီမှာ လူ ၁ယောကိကကျွန်မကို လှမ်းဆွဲလိုက်တယ် အဲဒီတော့မှကျွန်မ သတိဝင်လာတယ် သူက ကျွန်မကိုပြုံးပြတယ် နောက်ပြီး ကျွန်မလက်ကို မလွတ်တမ်းကိုင်ထားတယ် သူပုံစံကတော့ ရိုးရိုးလေးပါပဲ ထူးခြားတာကတော့မျက်လုံးတွေ အ၇မ်းကိုအေးချမ်းတယ် သူ့ကိုကြည့်ရင် ကျွန်မပါအေးချမ်းသလိုခံစားရတယ် ပျော်လာတယိ သူ့လက်ကိုမလွတ်ချင်တော့ဘူး ဘယ်တော့မှလဲလွတ်ဖို့စိတ်မကူးတော့ဘူး ကျွန်မ သူ့လကိကိုတွဲပြီးကားပေါ်ကဆင်းလိုက်တယ် လောကကြီးကလှပလိုက်တာ သာယာကြည်နှူးစရာကောင်းတဲ့ လောကကြီးထဲကို သူနဲ့ကျွန်မ စတင်ထွက်ခဲံကြတယ် မိုးရွာတော့လဲ အတူတူ မိုးစိုတယ် နေပူတော့လဲ အတူတူပေါ့ သူကတော့ ကျွန်မရဲ့ (၃)
(၁) ကျွန်မရဲ့ ပထမဆုံး ရည်းစား
(၂)ကျွန်မရဲ့ ဘ၀ကိုချုပ်လှောင်ပြီး ကျွန်မကို ချစိတဲ့သူ
(၃)ကျွန်မရဲ့ ဘ၀မှာ အချစ်ရဆုံး ချစ်သူ ဘ၀ဖော်

In: ဝတ္ထု Posted By: Date: May 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment