Professional Authors

ပြတိုက်ထဲက ငါ့အလွမ်း…

ညနေစောင်း…..စိုင်းလင်းတစ်ယောက်တည်း ပျင်းပျင်းရှိတာနဲ့

ကန်ဘောင်ဘက်လမ်းလျှောက်ထွက်လာတီ….ကန်ဘောင်ဘေး ညနေခင်းရှူခင်းလေး….ကြည်နူးစရာ….

အားကစားဝတ်စုံနဲ့ ကန်ဘောင်မှာ အပြေးလေ့ကျင့်နေတဲ့ လူငယ်လေးတွေ….ကန်ဘောင်လေရှူရင်း လေ့ကျင့်ခန်းလုပ်နေတဲ့ ဘိုးဘိုးဘွားဘွားတွေ….လက်ချင်းချိတ်တူတူလမ်းလျှောက်နေတဲ့အတွဲလေးတွေ…အားကျစရာ….

စိုင်းလင်းလည်း သည်းလေးနဲ့အဲ့လိုလေးလျှောက်ချင်တီ…တွေးရင်းလွမ်းလာတီ….

အင်း….တစ်နေရာရာမှာထိုင်ပြီးနေခြည်လေးကို အ၀လွမ်းဦးမှ….ပြီးရင် အလွမ်းကဗျာလေးရေးဖို့ဆုံးဖြတ်လိုက်တီ….

ထိုင်ဖို့ကန်ဘောင်ဘေးကထိုင်ခုံလေးတွေရှာကြည့်တီ….မတွေ့….အတွဲတွေနဲ့ပြည့်နေတီ….သူတို့ထတဲ့အထိ စိုင်းလင်းမစောင့်နိုင်တော့…

နေခြည်လေးကို အမြန်လွမ်းချင်လှပြီ….အဟိ….တွေ့တဲ့ကန်ဘောင်ဘေးကသစ်ပင်အောက်ထိုင်ချလိုက်တီ….

အကြည့်ကိုကန်ရေပြင်က လှိုင်းကလေးတွေဆီပြစ်လွတ်လိုက်တီ….အတွေးတွေက ဟိုးပင်လယ်ခြားနေတဲ့ ရန်ကုန်ကြီးဆီ….

တူတူစားခဲ့ဖူးတဲ့  Donut King လေးဆီ….ကြည်လင်ရှင်းသန့် အပြုံးပိုင်ရှင်လေးဆီ…..ခုနကြည့်နေတဲ့ ကန်ရေပြင်မှာသူ့ပြုံးနေတဲ့မျက်နှာလေး….လှုပ်နေတဲ့လှိုင်းကလေးတွေက သူ့အပြုံးတွေလှုပ်နေသယောင်….ရေလည်လွမ်းတီကွာ….

အလွမ်းမှာ စိတ်ကူးယဉ်လေးတွေပါထည့်ရော်ပြစ်တီ…..နေခြည်လေးနဲ့တူတူ ကန်ဘောင်မှာလမ်းလျှောက်ပြစ်တီ….ရေခဲမုန့်တူတူစားပြစ်တီ….ကိုယ့်စိတ်ကူးယဉ် ကိုယ့်ဟာကိုယ်ပြန်အားကျပြစ်တီ

အာရုံတွေက စိုင်းလင်းကိုယ်မှာမကပ်တော့….”အကို အကို” ဘေးကနေထွက်လာတဲ့အသံကြောင့် စိုင်းလင်းအတွေးပျက်သွားတီ…..”ဟေ….ဘာတုန်း”….“ဟို အကိုမျက်နှာလေး ဒီဖက်လေးနည်းနည်းလှည့်ပေးပါလား….”….”အေးအေး”… သူပြောသလို လှည့်ပေးမိတီ….”ဟုတ်ပြီ အကို….ဒီဖက် နည်းနည်း..နည်းနည်း….30ဒီဂရီလောက်..”….ဟုတ်သေးပါဘူး..အတွေးတွေကခုန စိတ်ကူးယဉ်ထဲကအကုန်ပြန်မလာတေး…နောက်မှ သတိပြန်ဝင်လာပြီး

ခုနမျက်နှာလှည့်ခိုင်းတဲ့လူဘက်လှည့်ဟောက်တီ….”အာ….နေပါဦး…..ဟေ့လူ…ခင်ဗျား ဘာလို့ကျုပ်ကိုမျက်နှာလာလှည့်ခိုင်းနေတာတုန်း..ကျုပ်နဲ့ခင်ဗျားသိလို့လား…..”…အဲ့တော့မှ ခုနလူမျက်နှာစပ်ဖြီးဖြီးနဲ့ …”အဟီး…ဟိုလေ..အကို အဲ့လိုထိုင်ပြီးငေးနေတာ နောက်ခံရှူခင်းနဲ့လည်းလိုက်တော့ ကဗျာဆန်လို့ပန်းချီဆွဲနေတာ…အဲ့ဒါ ကူညီပါနော်…အဟဲ…”…”ဟေ…” စိုင်းလင်း ပါးစပ်လေးဟပြီး ကြောင်သွားတီ….အဟင့်….ငါ့ဟာငါလွမ်းတာ ဒင်းကကဗျာဆန်တယ်တဲ့လား….အဲ့လူကပဲဆက်မေးတီ…”ဒါနဲ့ အကို ဘာလို့အဲ့လိုထိုင်နေတာလည်းဟင်…”…တောက်…ငါထိုင်တာကိုလာပြီး ဗျူးနေတေးတီ….

စိုင်းလင်း ဒေါကန်ကန်စိတ်ပေါက်ပေါက်နဲ့ အော်လွတ်တီ…”လွမ်းလို့ဟ လွမ်းလို့”….”အဟေး…ဟုတ်ပြီ ဟုတ်ပြီ” အဲ့လူ ပျော်သွားတီ…စိုင်းလင်း ရေလည်တင်းသွားပြီ…ငါလွမ်းတာကို ဒင်းကလာပျော်နေတယ်…”ဟေ့လူ ခင်ဗျား မိုက်ရိုင်းလှချည်လား…ကျုပ်လွမ်းတာ ခင်ဗျားက လာပျော်နေတယ်….ခင်ဗျားဗျာ…တောက်…”…အဲ့တော့မှ အဲ့လူနည်းနည်းအားနာသွားသလို ပြန်ရှင်းပြတီ ..

“အာ…ဆော်ရီး ဆော်ရီး အကို…အကိုပြောတာနဲ့ကျွန်တော့်ပန်းချီကား နံမည်ပေးဖို့စဉ်းစားမိသွားလို့…အဲ့လာ အဲ့ပန်းချီကားကို လွမ်းရိပ် လို့နာမည်ပေးရမယ်….မိုက်လား အကို…” …”တောက်…” စိုင်းလင်း ဘာမှမပြောနိုင်တော့ စိတ်တိုတိုနဲ့ တောက်ခေါက်ပြီးထပြန်ခဲ့တီ…..အဲ့လာကိုဟိုလူက အနောက်ကနေလှမ်းအော်ပြောသေးတီ….”အကို အကို ကျွန်တော့်ပန်းချီပြပွဲကို နောက်တစ်ပတ်ပြပွဲတင်မလို့….အဲ့လာ အကိုအားရင်လာအားပေးဦးနော်….”…နေရင်းထိုင်ရင်း စိုင်းလင်းလွမ်းတာ ပြတိုက်ထဲရောက်မယ့်အဖြစ်….တောက်….တော်ပြီ…စိုင်းလင်း အနုပညာသမားတွေကို စိတ်နာသွားပြီ…..

…..သြော်…..နေခြည်ရယ်….ကိုယ်လွမ်းတာ ကောင်းကောင်းတောင်မလွမ်းရပါလားနော်….အဟင့်~~~~:P

In: ဝတ္ထု Posted By: Date: May 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment