လိပ်ပြာတို့ရဲ့ ရိုးမန့်တစ်….
“၀ါး….”
အားရပါးရသမ်း တောင်ပံ၂ဖက်ကိုဆန့်ရင်း လိပ်ပြာလေး စိုင်းလင်း အိပ်ယာမှနိုးလာတီ……
တောင်ပံ၂ဖက်ကို ပုပ်ခတ် ပုပ်ခတ်နှင့်အညောင်းဆန့်ရင်း ဘေးဘီကိုတစ်ချက်အကဲခတ်လိုက်တီ……
ညက နားနေခဲ့သော နှင်းဆီပွင့်ပတ်ဝန်းကျင်တွင် တိတ်ဆိတ်ငြိမ်သက်….အန္တရာယ် အရိပ်အရောင်မတွေ့…..
အိုကေ….စိုင်းလင်း စိတ်လွတ်ကိုယ်လွတ်တောင်ပံဆန့်ရင်း နံနက်ခင်းလေကို တရှိုက်မက်မက်ရှူသွင်းလိုက်တီ…..
လေတချက်အဝှေ့…နှင်းဆီပင်လေး လှုပ်ရမ်းသွားတီ…..
“ပတောက်”
“အောင်မငီး”
ရုတ်တရက်ကျောထဲချမ်းခနဲ့ဖြစ်သွားသဖြင့် စိုင်းလင်း လန့်အော်တီ…..
ညကမြူကျသဖြင့် နှင်းဆီပွင့်ဖတ်လေးပေါ်တင်နေသည့် ရေစက်လေးပြုတ်ကျလာခြင်းဖြစ်တီ….
စိုသွားသော တောင်ပံ၂ဖက်ကို နေပူလှန်းရန် စိုင်းလင်း နှင်းဆီပွင့်ထိပ်ဖျားကို တက်လိုက်တီ…..
ကိုယ်ပေါ်ကျလာတီ့ နွေးထွေးသည့်နေရောင်၊ လန်းဆန်းလတ်ဆတ်တီ့ နံနက်ခင်းလေ၊ သင်းပျံ့ပျံ့ နှင်းဆီရနံ့ကို ရှူရှိုက်ရင်းနံနက်ခင်းတစ်ခုကို ကြိုဆိုလိုက်တီ….ကဲ…ဒီနေ့လည်း တန်ဖိုးရှိတဲ့ နေ့သစ်တစ်ရက်ကို ဖြတ်သန်းရဦးမည်….
နှင်းဆီလေးပေါ်က ရေတစ်စက်ကိုတို့ပြီး မျက်နှာသစ်လိုက်တီ….တညလုံးနှင်းဆီ အဆီအနှစ်များစုပ်ယူထားတီ့ ရေပွင့်လေး နှင်းဆီနံ့ထုံနေတီ….
မျက်နှာသစ်ပြီး နံနက်စာဝေးဝေးရှာရန်မလို…..နားနေသော နှင်းဆီလေးက ၀တ်ရည်ကိုစုပ်ယူလိုက်တီ….
ဝတ်ရည်စုပ်ရင်း စိုင်းလင်း သတိထားမိလိုက်တီ….အော်….ဒီနှင်းဆီလေး မကြာခင်ညှိုးတော့မှာပါလား….
ဟုတ်တီ….စိုင်းလင်း ဒီနှင်းဆီလေးမှာ အသိုက်ချနေခဲ့တာ၃ရက်ရှိချေပြီ….ခုပွင့်ဖတ်တချို့ပင် ညှိုးကြွေကုန်ပြီ…..
ငါ အသိုက်သစ်ရှာရတော့မှာပါလား…..အဲ့ဆို ငါအခုစုပ်နေတဲ့ ၀တ်ရည်က နောက်ဆုံးပေါ့….
ကြေကွဲ….စိုင်းလင်း နှင်းဆီလေးကို လှည့်ပတ်ပျံနေတီ….နောက်ဆုံးနှုတ်ဆက်ခြင်း….
လေခပ်ပြင်းပြင်းတစ်ချက်အဝှေ့….နှင်းဆီလေးဆီမှ ပွင့်ဖတ်တစ်ပွင့် လွင့်ကျသွားတီ……နှင်းဆီလေးရဲ့ ကျဆုံးခန်း….
သို့သော် နှင်းဆီ မင့်ကိုဒီအတိုင်းတော့ အကျဆုံးမခံနိုင်….စိုင်းလင်း နှင်းဆီလေးဝတ်ဆံမှာ နားလိုက်တီ….
…နိုင်သလောက် ၀တ်မှုန်တွေကိုပွေ့ယူလိုက်တီ…..နှင်းဆီလေးရေ မင့်အတွက် ငါလုပ်ပေးနိုင်တာ မင့်ရဲ့ဝတ်မှုန်လေးတွေကို ထာဝရရှင်သန်သွားဖို့အတွက် မျိုးဆက်သစ်ပန်းပွင့်လေးတွေ မွေးဖွားပေးဖို့လေ…
နှင်းဆီလေး ကျေနပ်နိုင်မယ်ထင်ပါတယ်….
ဒီတစ်ချက်လေအဝှေ့တော့ နှင်းဆီပွင့်ဖတ် ၃၊ ၄ ဖတ်ကြွေကျသွားတီ….စိတ်ချသွားပါ နှင်းဆီ….
“ငါမင့်ကိုကတိပေးပါတယ်….ငါ့ရဲ့တိုတောင်းတဲ့ လိပ်ပြာသက်တမ်းဆုံးတဲ့ အထိမင့်ရဲ့ ၀တ်မှုန်တွေကူးဆက်ပေးသွားမှာပါ….
ငါ့သက်တမ်းဆုံးခဲ့ရင်တောင် ငါ့ရဲ့နွယ်တူ လိပ်ပြာလေးတွေကအဆက်ဆက်ကူးပေးသွားမှာပါ….
နှင်းဆီ… မင့်ရဲ့ဝတ်မှုန် ထာဝရရှင်သန်နေမှာပါ…..”
စိုင်းလင်း နှင်းဆီလေးပေါ်မှာ ကြေကွဲစွာဝဲနေတီ….နောက်ဆုံးတစ်ဖတ်နှင်းဆီလေး ကြွေကျသွားတီ….
နှုတ်ဆက်ခဲ့ပါတယ် နှင်းဆီ…..
~~~~~~~~
ငါဘယ်ဆက်သွားရမလဲ….အရှေ့ဘက်ခြမ်းက ပန်းခင်းကို သွားလို့မဖြစ်….အဲ့မှာ စာကလေးအုပ် ပါဂန့် တို့အဖွဲ့ရှိတီ…နာ့အတွက်အန္တရာယ်ရှိတီ….အဲ့ဆို အနောက်ဘက်ခြမ်းကပန်းခင်း….အဲ့လာလည်းမဖြစ်…အဲ့ဘက်မှာ ပိတုန်းအုပ်စု အငတ် သူရိန်တို့အုပ်စုရှိတီ…နာ့ဆီက ၀တ်မှုန်တွေလုယူနိုင်တီ….တောင်ဘက်ခြမ်းရော်….
အာ….မဖြစ်ချေဝူး…အဲ့မှာ တောဝက်အုပ်စု စတီးဗင် တို့အဖွဲ့ရှိတီ….နာ့အတွက် အန္တရာယ်မရှိပေမယ့် သူတို့အနံတွေနဲ့ လူးထားတဲ့ပန်းခင်း ဘယ်လိုမှခံစားလို့မရ….အင်း…အဲ့ဆို နာ့အတွက်ရွေးချယ်စရာ မြောက်ဘက်ခြမ်းကပန်းခင်းဘဲကျန်တီ…..
အဲ့မှာ နာကြိုက်တဲ့ နှင်းဆီတွေရှိတီ…အဲ့ကိုသွားဖို့ဆုံးဖြတ်လိုက်တီ….လမ်းမှာပန်းပင်အဖူးအငုံလေးတွေ့ရင် ၀တ်မှုန်ချပေးခဲ့ရင်း နားရင်းဖြင့် နှင်းဆီခင်းဆီရောက်လာတီ….တခင်းလုံးရောင်စုံပွင့်နေတဲ့နှင်းဆီ….အဲ့မှာ ၀ဲနေတီ့ငါနဲ့နွယ်တူ ရောင်စုံလိပ်ပြာလေးတွေ….စိုင်းလင်း ရေလည်ပျော်သွားတီ…..နာ့ရဲ့ နှင်းဆီဝတ်မှုန်လေးကို တခင်းလုံးလိုက်ဖြန့်မည်….ခုလောလောဆယ်တော့ မောနေပြီ….ရေလည်းငတ်နေပြီ….စိတ်ကြိုက်နှင်းဆီတပွင့်ကိုရှာပြီး နားဦးမှ….
ဟိုးရှေ့က နီရင့်ရင့်နှင်းဆီလေးတစ်ပွင့်ကိုရွေးလိုက်တီ….အနားယူရင်း ၀တ်ရည်နည်းနည်းစုပ်ရင်း ဇိမ်ယူနေတီ….
မနက်က ငါနောက်ဆုံးနားခဲ့တဲ့ နှင်းဆီလေးရေ….မင့်အတွက် ဒီနေရာမှာငါဝတ်မှုန်တွေဆက်လက်ရှင်သန်စေမယ်ဆိုရင် မင့်လည်းကျေနပ်မယ်ထင်ပါတယ်…စိတ်ကူးယဉ်ရင်း မှေးခနဲ့ အိပ်ပျော်သွားတီ……
“ဟိတ်”
“အောင်မငီး”… ရုတ်တရက် အနားမှထွက်လာတဲ့ စူးရှရှ အသံကြောင့် လန့်နိုးသွားတီ….
အသံလာရာကြည့်လိုက်တော့….ကိုယ့်မျက်စိကိုယ်မယုံ….နတ်သမီး??….ရော်….ဟုတ်သေးပါဘူး…..
ငါအိပ်ချင်မပြေသေးလို့လား…မျက်လုံးပွတ်ပြီး ထပ်ကြည့်တီ….မမှားနိုင်….အဲ့လာ နတ်သမီးမှ နတ်သမီးအစစ်…လိပ်ပြာနတ်သမီးလေး….ကြည့်နေရင်း မှ နတ်သမီးအသံထပ်ထွက်လာတီ….
“အောင်မာ အောင်မာ နာပိုင်တဲ့ ပန်းပွင့်မှာ ဇိမ်နဲ့လာနားနေသေး ပြီးတော့ ငါ့ကိုလည်းအဲ့လို ပြူးကြောင်ကြောင်နဲ့ ကြည့်နေတေးတယ်…”
“ဗျာ….အဲ့လာ နတ်သမီးပိုင်တဲ့ နှင်းဆီ”… စိုင်းလင်း အူကြောင်ကြောင်ဖြစ်နေတီ….
“ဟုတ်တယ် အဲ့လာ နာပိုင်တဲ့နှင်းဆီ..နင်နာ့ဆီခွင့်တောင်းလို့လား…ပြီးတော့ နာ့ကို နတ်သမီးလို့ခေါ်နဲ့….နာ့နာမည် ဂျင်ဂျား”…..
“ဟင်….နတ်သမီး နာမည် နင်ဂျာ…အံ့ရော်..အံ့ရော်…”
“ဟဲ့…နင်ဂျာ ဟုတ်ဝူး…ဂျင်ဂျားဟဲ့ ဂျင်ဂျား…”
“အော် ဟုတ် ဟုတ်…..နင်ဂျာ”
“အွန်…..ဂျင်ဂျားပါဆို… ပြန်ခေါ် ဂျင်ဂျား”
“ရော်…ခေါ်နေတယ်လေ…နတ်သမီး နင်ဂျာ…ကျုပ်ကခုမှ ရွာကတက်လာတော့စကား သိပ်မပီဘူးကွယ်…”
“အင်းလေ ထားပါတော့…ဒါနဲ့ ရှင့်နာမည်ကရော်..”
“စိုင်းလင်း….”
“အင်း…စိုင်းလင်း….အဲ့ဆိုရှင်ဒီရောက်တာမကြာသေးဘူးဆိုတော့ ဒီပန်းခင်းထဲရှိတဲ့ လိပ်ပြာလေးတွေရဲ့ ပျံလမ်းကိုမသိသေးဘူးပေါ့(*မှတ်ချက် – လိပ်ပြာများတီရမ်းသမ်းပျံနေခြင်းမဟုတ်….လိပ်ပြာ အမျိုးအစား အလိုက်သူ့ လမ်းကြောင်း သူ့ပတ်လမ်းဖြင့် အချိုးကျကျပျံကြတီ)…”
“အင်း…မသိသေးဘူး နင်ဂျာရဲ့…အဲ့လာကြောင့် ကျွန်တော် ဒီနှင်းဆီမှာ ခဏနားရင်း လေ့လာနေတာ…တခြားလိပ်ပြာတွေကိုလည်း အနှောင့်အယှက်မဖြစ်စေချင်လို့ပါ….”
“အင်း…ရှင်လည်းဒီအပင်မှာ နားမိတော့ မိတ်ဖြစ်ဆွေဖြစ်ပေါ့….ကျွန်မဒီပန်းခင်းထဲက လိပ်ပြာတွေရဲ့ ပျံလမ်းတွေလိုက်ပြပေးမယ်လေ….ပြီးတော့ ကိုစိုင်းလင်းလည်း ကျွန်မရဲ့ ပျံလမ်းအတိုင်းလိုက်ပျံပေါ့…”
“အဟေး…နင်ဂျာလေး ဂယ်ပြောတာနော်….”… စိုင်းလင်း ပျော်လိုက်တီဖြစ်ချင်း…နတ်သမီးလေးနဲ့ တူတူပျံရမည်တဲ့….နတ်သမီးလေးနဲ့ ပန်းတစ်ပွင့်တည်းမှာတူတူနား ၀တ်ရည်တူတူစုပ်….
နောင်ရက်တွေ နောင်ရက်တွေ…နတ်သမီး နင်ဂျာလေးနှင့်….
“သည်းလေး နင်ဂျာ…ကိုကိုတို့ ဟိုးပန်းခင်းထိပ်နားက နှင်းဆီဝါလေးက၀တ်ရည်တူတူသွားသောက်ရအောင်ကွာ..” “အွန်….ကိုကိုနော်….ခုထိ ဂျင်ဂျားလေးနာမည်ကို ပီအောင်ခေါ်နိုင်သေးဝူး…ပီအောင်ခေါ်မှလိုက်မယ်…ဟွင့်…” “တိန်..အဟင့်..အင့်ဟာ…နင်ဂျာဟာ… နင်ကြားဟာ…ဂင်ကြားဟာ…ဂင်ကားဟာ…အဟင့်”
“အဟိ…တော်ပါပြီ ကိုကိုရယ်…နင်ဂျာဘဲခေါ်ပါတော့..ဟုတ်ပလား…လာသွားမယ်..”
“အဟေး….ရဟူး…သည်းလေး နင်ဂျာကွ”
“ကိုကိုနော် တေချင်လို့…ဟွင့်”….
~~~~
မိတ်ဆွေ….သင်ပန်းခင်းကြားထဲ တူတူပျံသန်းနေတီ့ လိပ်ပြာစုံတွဲမြင်ဖူးသလား…နှင်းဆီတစ်ပွင့်တည်းမှာ တူတူနားနေတီ့ လိပ်ပြာစုံတွဲကို တွေ့ဖူးသလား…..အားကျခဲ့ဖူးသလား…အဲ့လို စိတ်ကူးယဉ်အိပ်မက်တွေမက်ခဲ့ဖူးသလား….ရိုးမန့်တစ်ဆိုလာ အဲ့လာမျိုး…ဟိဟိ….:P