Lock ကျသွားသောနှလုံးသား
/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}
Lock ကျသွားသော နှလုံးသားငါးခု
မြီးကောင်ပေါက်အရွယ်သူငယ်ချင်းတစ်သိုက်ပေါ့။—၉တန်းကျောင်းသူ ၈ယောက်လို့ပြော လည်းမမှားပါဘူး—-။F-4(အက်ဖ် ဖိုး) ဆိုတဲ့ကိုရီးယားကားခေတ်စားခဲ့တဲ့ လွန်ခဲ့တဲ့၃နှစ်လောက်က ပေါ့(ခန့်မှန်း)—–။မြီးကောင်ပေါက် အပျိုရွယ်ဆိုတော့ စိတ်ကူးယဉ်အိပ်မက်ထဲမှာနေချင်ကြတယ် လေ။ အားရင်အားသလို စိတ်ကူးနဲ့ရူးတဲ့အရွယ်ဆိုတော့——
F -4ဇာတ်လမ်းတွဲကြည့်ပြီး သူတို့ကိုချစ်မဲ့ ဂရုစိုက်မဲ့ မင်းသားလေးတွေကိုမျှော်လင့်နေခဲ့ကြ တယ်။အဲဒီမှာပြဿနာကစတော့တာပဲ—–တစ်နေ့ မုန့်ဈေးတန်း(ကန်တဲင်း)အသွား—ဆယ်တန်း ကျောင်းသားခပ်ချောချောငါးယောက်ကိုတွေ့ခဲ့ကြတယ်—–တကယ်တမ်းချောချင်မှချောမှာပါ—ဒါ ပေမဲ့ သူတို့လေးတွေက စိတ်ကူးယဉ်ထဲကအတိုင်း အိပ်မက်မက်ကြတာကိုး—–
အတိုချုံးပြောရရင်—-သူတို့လေးတွေစွဲလမ်းသွားခဲ့ကြတယ်—-၈ယောက်လုံးတော့မဟုတ် ပါဘူး—-၅ယောက်ပါ—။အဲဒီမှာသူတို့လေးတွေကဘာရယ်မဟုတ်နာမည်ပေးလိုက်ကြတယ်—-F -5 တဲ့—-။သူတို့လေးတွေက ထုံးစံအတိုင်း အဲဒီယောက်ျားလေးငါးယောက်ကို တွေ့ရင် ငေးခဲ့၊ ဆွေးခဲ့ တွေးခဲ့တယ်—။သူတို့ကိုသူတို့လည်းနာမည်ပေးလိုက်တယ် G -8။girl _8 မိန်းကလေး ၈ယောက် ဆိုတဲ့သဘော။
နောက်ဆုံးမှာ အဲဒီ–(လွယ်လွယ်ပဲခေါ်လိုက်မယ်) F-5ကလည်း သူတို့ငါးယောက်ကို နည်းနည်းတော့သတိထားမိလာတယ်—-၉တန်း ၁၀တန်းဆိုတာအဆောင်တူတာမို့ အသွားအလာ တွေမှာဆုံလွယ်တယ်လေ။–နောက်ဆုံးနည်းနည်းတော့မျက်မှန်းတန်းမိလာသလို —ခင်မင်စ ပြုလာ ခဲ့တယ်—-သူတို့လေးတွေကတော့ပျော်လို့မဆုံး—-စိတ်ကူးထဲကမင်းသားလေးတွေကိုး။
တစ်စ တစ်စနဲ့–F-5ရဲ့သတင်းကပျံ့သွားခဲ့တယ်—–အဲဒီ့မြို့မှာရှိတဲ့ ကျောင်းကြီးနှစ်ကျောင်း လုံးမှာ—F-5ဆိုတဲ့သတင်းကမွှေးလို့—-အဲဒိကျောင်းသားလေးတွေကလည်း ချောလို့ထင်ပါရဲ့— F-5နာမည်ကြီးလာသလောက်—သူတို့အဖွဲ့လေးကတော့ သိက္ခာမရှိ—ပေါ့ပေါ့တန်တန်အဖွဲ့လေးလို ဖြစ်လာခဲ့တယ်—-ယောက်ျားလေးငါးယောက်ကို ဒီလိုရူးပြီးနာမည်ပေး–ကြိတ်ဆွေးလို့ပေါ့–
F-5ကလည်း သူတို့ကိုသူတို့နည်းနည်းမြောက်လာကြတယ်—သူတို့လေးတွေကိုဂရုမစိုက် တော့ပါဘူး—–သူတို့လေးတွေကလည်းယောက်ျားမကျ မိန်းမမကျပုံလေးတွေဆိုတော့—သူတို့ထက်လှတဲ့—ချောတဲ့ မိန်းကလေးတွေကို F-5ဆိုတဲ့နာမည်နဲ့ —-စိတ်ညှို့ယူခဲ့တယ်—ချစ်သူ မဟုတ်ပေမဲ့—အခြားမိန်းမချောလေးတွေနဲ့ပဲခင်သွားကြတယ်—နာမည်ပေးခဲ့တဲ့ သူတို့ငါးယောက် ကိုတော့—–ရှိခဲ့ဖူးတယ်လို့တောင်မထင်တော့ပါဘူး–
ပိုဆိုးတာက—သူတို့လေးတွေရဲ့ဆရာမ—-BIOဆရာမကဒီသတင်းကြားခဲ့တယ်—-ထုံးစံ အတိုင်း ကျူရှင်မှာမေးတော့တာပေါ့——ဘယ်ပြောကောင်းမလဲ—-ဒီလိုကိစ္စကိုနူးနူညံ့ညံ့လိမ်လိမ် မာမာဖြေရှင်းရမယ်လို့သူတို့နားမလည်သေးဘူး—–ဒိတော့—-ရှင်းရှင်းပဲ—ဝန်ခံလိုက်တယ်—- ဒါဟာပြဿနာမဟုတ်ဘူးလို့ထင်နေတာကိုး——-
လိမ္မာပါးနပ်တဲ့ဆရာမက——မဆူမငေါက်ပဲ—-မဖြစ်သင့်တာတွေမဖြစ်ရအောင်—စေတနာ အပြည့်နဲကပညာပါးပါးလေးသုံးလိုက်တယ်——-F-1ရဲ့အလွတ်ရေးတဲ့စာအုပ်ကို သူတို့လေးတွေ မလာခင်မှာ—ခုံပေါ်တင်လိုက်တယ်—–ကျူရှင်တူတာကိုး—-သူတို့လေးတွေကလည်း F_5ကို နည်းနည်းစိတ်ဆိုးနေတဲ့အချိန်နဲ့တိုးတော့——စာအုပ်နောက်ဆုံးနဲ့ရှေ့ဆုံးမှာ—-F_5ရဲ့နာမည် အရင်းတွေကိုချရေး—-တောင်ခြစ်မြောက်ခြစ်လုပ်ခဲ့ကြတယ်——-သူတို့အချိန်ပြီးတော့—–F-5 တို့ကျူရှင်ချိန်——တွေ့သွားတယ်ပေါ့—–F-5ကလည်းသိလိုက်တယ်—–အရင်အချိန်က သူတို့ လေးတွေလက်ချက်ဆိုတာ——အဲဒီမှာပဲ—မိန်းကလေးဖြစ်ရက်နဲ့ဒီလိုဆိုပြီး——-တောင်ပြောမြောက်ပြောပြောခဲ့ကြတယ်—-သူတို့လေးတွေအဲဒီစကားတွေ ကိုတစ်ဆင့်စကားတစ်ဆင့်နဲ့ကြားတော့———-ဇာတ်လမ်းက ပြီးသွားခဲ့တယ်
အခုဆို—-သူတို့လေးတွေလည်းတက္ကသိုလ်ကြီးတွေမှာ ချောမောလှပ အိနြေ္ဒရှိတဲ့ ဒုတိယ နှစ်ကျောင်းသူကြီးတွေဖြစ်နေပါပြီ—-သူတို့ကိုချစ်တဲ့မြတ်နိုးတဲ့ချစ်သူကိုယ်စီနဲ့ပျော်နေပါပြီ—–ဒါပေမဲ့သူတို့လေးတွေနှလုံးသားထဲကလော့ချလိုက်တဲ့အရာလေးတစ်ခုရှိခဲ့ပါတယ်—-အဲဒီအရာ လေးကလည်း—ငါးယောက်လုံးတူနေပါတယ်—-ဘာလဲဆိုတော့
“သူတို့ရဲ့အချစ်ဦးကိုသူတို့တကယ်မြတ်မြတ်နိုးနိုးနဲ့ချစ်ခဲ့ကြပါတယ်” ဆိုတာပါပဲ ဒါပေမဲ့ အဲဒီအရာကိုlock ချ သိမ်းထားတဲ့သူတို့နှလုံးသားသောသော့ကိုတော့ သူတို့ဖျောက်ပစ်လိုက်ပါ ပြီ—ဘယ်တော့မှလဲ အဲဒီ့ lockကပွင့်လာမှာမဟုတ်တော့သလို——-ပွင့်လာအောင်လည်းသူတို့ကြိုးစာမှာမဟုတ်တော့ပါဘူး————————–
ကျွန်မသူငယ်ချင်းတွေရဲ့—- (ဖြစ်ရပ်မှန် ပုံပြင်လေးပါ)
ဒီပုံပြင်းလေးဖတ်တဲ့အခါမှာ မြီးကောင်ပေါက်အရွယ်စိတ်နေသဘောထားနဲ့ဖတ်ပေးကြပါ—မိန်းက လေးသိက္ခာဆိုတဲ့စည်းကိုမစဉ်းစားတဲ့တဲ့အရွယ်အနေနဲ့နားလည်ပေးစေလိုပါတယ်——-F-5ထဲက တစ်ယောက်ယောက်ဖတ်ခဲ့မိရင်လည်း—–သူတို့လေးတွေကိုနားလည်ပေးစေလိုပါတယ်
Comment #2
တစ်မျိုးပဲ—-ဖတ်ရတာ
Comment #3
khan sarr arr pay twar par de
Comment #1
စ,ရေးတာမို့ အမှားပါရင်တောင်းပန်ပါတယ်—–အပေါ်ကအင်္ဂလိပ်စာလုံးတွေလာလို့ပေါ်လာမှန်း မသိပါဘူး–သိခဲ့ရင်တစ်ချက်လောက်ရေးပေးခဲ့စေလိုပါတယ်—