Professional Authors

ခေတ်ရဲ့ သမီးပျိုဆိုတာ(မင်းလူန)

ကိုယ့် အပေါ်ကိုတန်ဖိုးထားအောင်ကိုယ်

ကတန်ဖိုးရှိအောင်နေတက်ရတယ်။
မိန်းခလေးဆိုတာ
အရာရာတိုင်းမျာထိန်းထိန်းသိမ်းသိမ်းနေနိုင်မှ။
နောက်မို့ ဆိုတစ်ချို့ ယောက်ျားသားတွေကအထင်သေးအမြင်သေးစချင်နောက်ချင်ကျတယ်။
အနေအထိုင်တွေဆင်ခြင်ကြတဲ့ လေ။
အမလေးတစ်ကတည်းတစ်ကယ်အဖိုးအိုကြီးတစ်ယောက်ရဲ့ လေသံနဲ
့ပြောနေလိုက်တာလူကိုများသူ့ ရဲ့ သမီး
သူ့ ရဲ့ ညီမများမှတ်နေလားမသိပါဘူး။
တစ်ကယ်ပဲအိမ်ပြန်လာပြီဆိုသူကတစ်မှောင့် ပွစိပွစိနဲ့ ။
တစ်ကယ်တမ်းတွက်ကြည့် မယ်ဆိုရင်သူ့ နဲ့ ကိုယ်ကအစ်မနဲ့ စပ်မှတော်တဲ့ ခဲအိုနဲ့ ခယ်မ။
အနေသာကြီး။တစ်ကယ်ကိုစကားများတဲ့ လူကြီး။အရာရာတိုင်သူသိသူတက်နဲ
့နေရာတကာဆရာကြီးလေသံနဲ့ 
တစ်ကယ်ကိုစိတ်ပျက်မိတယ်။
စာတိုပေစလေးနည်းနည်းပါးပါးရေးပြီးစာရေးဆရာဂိုက်ဖမ်းပြီးပြောလိုက်တဲ့ စာပေစကား။
စာဖတ်ဖို့ ။
စာတက်မှလူရာဝင်မယ်ဆိုပဲ။
သူ့ ကြည့် တော့ ဆယ်တန်းတောင်မအောင်။
သူကရောဘယ်လောက်စာတက်နေလို့ လဲ။ဒီမှာကျွန်မတို့ ကဘွဲ့ ရပညာတက်ရှင့် လို
့အော်ပြီးတောင်
ပြောပြလိုက်ချင်သေးတယ်။
အချိန်ရှိတိုင်းစာအကြောင်းပဲပြောနေတာာကာတော့ စိတ်ညစ်လာပြီ။
ဆယ်စုနှစ်တစ်ခုကျော်ကျတ်မှတ်လာခဲ့ ပြီးပြီတော်ပြီပေါ့ ။
အချိန်ရတိုင်းစာဖတ်ပါစာဖတ်ပါနဲ့ ။သိပ်စိတ်ပျက်ဖို့ ကောင်းတာပဲ။
တန်ဖိုးရှိအောင်နေပါဆိုရအောင်ကျွန်မတို့ကဘယ်လိုတွေနေနေလို့ လဲ။
ကိုယ့် အိမ်မှာကိုကိုရီးယားကားကြည့် တယ်။
သီချင်းဆိုတယ်။အထည်ဆိုင်သွားတယ်။သူငယ်ချင်းတွေနဲ့ မုန့် သွားဝယ်စားတယ်။
ဘာဖြစ်လဲ။
ဘာဖြစ်သေးလဲ။ခေတ်ရဲ့ သမီးပျိုပဲ…..
လွပ်လွပ်လပ်နေတယ်။ပေါ့ ပေါ့ ပါးပါးဖြတ်သန်းတယ်။အဲ့ ဒါဘာဖြစ်သေးလဲ။။
ဒီလူကြီးနဲ့ တစ်ကယ်မလွယ်ဘူး။။။။။။
အစ်မကတော့ ရိုးကျိုးနေတာ။သူ့ ယောကျားစကားမှသူ့ ယောင်္ကျားစကား။
အစ်မတို့ များယောင်္ကျားရှားတယ်ထင်တယ်။ရုပ်ကလည်းဆိုးသေး။အသားကမဲမဲ
စကားပြောရင်အကြီးကြီး။
ကမ္ဘာနဲ့ ချီချီပြီးတော
့ပြောတာ။တခါတလေအိမ်မှာဖုန်းပြောတာကအစလိုက်လိုက်ပြိးပြောနေတယ်။
မိန်းခလေးဆိုတာအသံကျယ်ကျယ်မပြောရဘူးတဲ့ ။
ဟွန့် သိပ်အမြင်ကပ်ဖို့ ကောင်းတဲ့ ခဲအို။
အခုလဲအပြင်သွားဖို့ အ၀တ်အစားရွေးနေတာကို
……..ဟဲ့ မြန်မာအမျိုးသမီးပဲဟယ်။ယဉ်ယဉ်ကျေးကျေးဝတ်ကြစမ်းပါတဲ့ လေ။………
ကျွန်မတို့ ကဘယ်လိုဝတ်နေလို
့လဲ။ဒီလူကြီးခေတ်ရေစိးကြောင်းကိုမျက်ချေပြတ်နေပါပြီလို့ ပဲပြောပစ်
လိုက်ချင်တာ။
စကက်အတိုလေးနဲ့ အကျီင်္လက်ပြတ်ကလေးဝတ်ထားတဲ့ ကျွန်မရဲ
့ကိုယ်လုံးအလှလေးကိုကျွန်မကြည့် ရင်း
ကျေနပ်ပီတိဖြစ်ကာကျွန်မကိုပြောနေတဲ
့လူကြီးကိုစိတ်ထဲမှမေတ္တာအခါတစ်သောင်းလောက်ပို့ ပစ်လိုက်သည်။
………………..×××××××××××××××××××××××××××××
ဘာပြောလိုက်တယ်ကိုကိုပြန်ပြောပါအုံး။
ကျွန်မကိုဘာလို့ လမ်းခွဲချင်တာလဲဟင်။ကျွန်မမှာဘာအပြစ်တွေရှိလို့ လဲ။
သူမကချစ်သူမျက်နှာကိုစိုက်ကြည့် ရင်းမေးလိုက်မိသည်။ချစ်သူဆီမှဘာသံမှမထွက်။ချစ်သူသည်
သူမကိုစိတ်ပျက်ငြီးငွေ့ နေတဲ့ မျက်လုံးများဖြင့် ကြည့် ကာ
.ကို့ အိမ်ကနွယ်နဲ့ သဘောမတူဘူးတဲ့ နွယ်။ဟိုနေ့ ကအိမ်ကိုနွယ်လိုက်လာတော
့ဖေဖေတို့ ကနွယ့် ကိုအကဲ
ခက်ပြီးကို့ ကိုနွယ်နဲ့ သဘောမတူဘူးလို့ ပြောတယ်နွယ်။
ကျွန်မချစ်သူရဲ့ မျက်နှာကိုအံ့ သြသလိုကြည့် ကာ
ကို့ အိမ်ကသဘောမတူတာနဲ့ ကိုကိုကနွယ်နဲ့ ဖြတ်ဖို့ ဆုံးဖြတ်လိုက်တယ်တဲ့ လား။
ကိုကိုနွယ့် ကိုမေ့ နိုင်တယ်လားကိုကိုရယ်။
ပြောရင်းကျွန်မမျက်ရည်တို့ စီးကျလာခဲ့ သည်။
ကျွန်မကိုကို့ ကိုသိပ်ချစ်သည်။ကိုကိုနဲ
့မခွဲနိုင်ပေ။တစ်သက်မှာတစ်ခါမှမချစ်ဘူးတဲ့ ချစ်ခြင်းမေတ္တာနဲ့ ချစ်ခဲ့ တာ။
အခုကိုကိုကကျွန်မကိုအဆက်ဖြတ်လိုက်ပြီတဲ့ လေ.။
ကျွန်မရဲ့ ကမ္ဘာငယ်လေးပျက်စီးကြေမွသွားပြီ။
စိတ်ကူးတွေနဲ့ တည်ဆောက်ခဲ့ တဲ့ အိပ်မက်တွေကအရည်ပျော်ပျောက်ဆုံးသွားပြီ။
ကျွန်မဘာလုပ်ရမလဲ။
ရှိုက်ငိုရင်းကိုကို့ မျက်နှာကိုငေးကြည့် နေတဲ့ ကျွန်မကိုကိုကိုက…….
…………..ကိုသွားတော့ မယ်နွယ်။ကိုနှုတ်ဆက်ခဲ့ ပါတယ်။……….
ကျောခိုင်းထွက်ခွာသါားတဲ့ ချစ်သူကိုကြည့် ရင်းသူမမျက်ရည်တို
့ကိုသုတ်ကာနေရာမှထခဲ့ လေသည်။
××××××××××××××××××××××××××××××××××××××××××××××××××××××××××
တနေကုန်အိပ်ယာထဲလူးလိမ့် နေခဲ့ သောကျွန်မအစ်မနဲ့ သူ့ ယောင်္ကျားဆရာကြီးတို
့အခန်းထဲဝင်လာမှ
ကိုယ်နေဟန်ကိုပြင်လိုက်ကာထထိုင်လိုက်လေသည်။
အစ်မကကျွန်မနဖူးကဆံစလေးများကိုပင့် တင်ပေးကာပြုံးရင်းနှစ်သိမ့် သလိုကြည့် သည်။
ကျွန်မကအစ်မကိုအားမပါသောအပြုံးတို့ ဖြင့် ပြန်နှုတ်ဆက်ကာခဲအိုဘက်သို
့လှည့် ကြည့် မိလိုက်လေသည်။
အမြဲတမ်းဆရာကြီးဂိုက်ဖမ်းနေတက်သောကျွန်မခဲအိုကစာနာနားလည်သောအပြုံးတစ်ခုဖြင်
့ကျွန်မကို
ကြည့် ကာ……….
..အခုညီမလေးကအသဲကွဲတာနော်။အသဲကွဲတာဟာဘ၀ပျက်စရာအခြေအနေတစ်ခုထိတော့ ရောက်စရာ
မလိုဘူးကွ…။။
တစ်ကယ်တော့ မိန်းခလေးတစ်ယောက်ရဲ
့တန်ဖိုးဆိုတာပါတ်ဝန်းကျင်ကလဲဝိုင်းပြီးသက်မှတ်တယ်လို့ အကို
ထင်တယ်။
ကိုယ်အိမ်မှာကိုနေတာဆိုပြီးပေါ့ ပေါ့ နေပေါ့ ပေါ့ စားလို
့မရဘူး။မျက်လုံးတွေနားတွေဆိုတာနေရာတိုင်းမှာ
ရှိနေကြတယ်။
ပညာတက်တယ်ဆိုတာဘွဲ့ လက်မှတ်တစ်ခုရမှခေါ်လို့ ရတာမျိုးမဟုတ်ဘူးညီမ။
လူ့ ပါတ်ဝန်းကျင်ကသက်မှတ်ထားတဲ့ လူနေမှု့ အဆင့် အတန်းနဲ
့လိုက်လျောညီထွေရှိမှု့ မရှိမှု့ နဲ့ 
အသိပညာဗဟုသုတနဲ့ ပြည့် စုံတဲ့ သူကိုပညာတက်တစ်ယောက်လို့ သက်မှတ်လို့ ရတယ်။
ညီမတို့ အခုဖြတ်သန်းနေတဲ့ နိုင်ငံရဲ့ စီးပွားရေးလူမှု
့ရေးနိုင်ငံရေးအခြေအနေကိုမျက်ခြေပျက်နေတော့ 
ညီမလေးတို့ ပြောတဲ့ ခေတ်ရေစီးကြောင်းဆိုတာကိုညီမတို
့ကိုယ်တိုင်စီးမျောလိုက်ပါနိုင်စွမ်းမရှိတော့ ဘူးလေ။
အဲ့ ဒီတော့ တစ်ကယ်တမ်းအသိပညာဟေုသုတကိုတန်ဖိုးထားလေးစားတဲ့ မိသားစုနဲ့ တွေ့ တော့ 
ညီမတို့ ရဲ့ အမြင်တွေအသိဥာဏ်တွေနဲ့ အတွေ့ အကြုံတွေဟာသူတို
့အတွက်တန်ဖိုးနည်းနည်းမှမရှိတော့ ဘူး။
သူတို့ တစ်ကယ်လိုချင်တဲ့ လူတစ်ယောက်ရဲ့ အရည်အချင်းဆိုတာကိုသူတို
့စိတ်ဝင်စားတဲ့ သူဆီမျာမရှိမှန်းသိတော့ အဲ့ ဒီလူကိုသူတို
့အသိုင်းအ၀ိုင်းထဲမခေါ်ချင်တော့ ဘူးလေ။
အကိုပြောတဲ့ စာဖတ်ပါဆိုတဲ့ စကားရဲ့ နောက်ဆက်တွဲပြသနာကအဲ့ ဒါပဲ။
တစ်ကယ်ဆိုခေတ်ရဲ့ လူငယ်တစ်ယောက်အနေနဲ့ ကမ္ဘာနဲ့ အ၀န်းပြောင်းလဲတိုးတက်နေတဲ
့အချိန်မှာ
ကိုယ့် နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရဲ့ ပြောင်းလဲမှု့ 
ခေတ်ရေစီးကြောင်းမှာတစ်ကယ့် ခေတ်ရဲ့ သမီးပျိုတစ်ယောက်အနေနဲ
့လိုက်ပါစီးနင်းနိုင်မှု့ ရှိဖို့ အတွက်
စာပေဗဟုသုတရှိကိုရှိနေသင့် တယ်။
အောင်လက်မှတ်တွေ၊ဘွဲ့ လက်မှတ်တွေရှိနေတဲ့ အပြင်ပြင်ပဗဟုသုတပါရှိနေသင့် တဲ
့အချိန်မျိုး။
ကျွန်မခဲအိုကိုတစ်ကယ်လေးလေးစားစားကြည့် မိလိုက်သည်ထင်။
တခါမှမခံစားဖူးတဲ့ ခံစားချက်နဲ့ ကျွန်မခဲအိုကိုလေးစားစွာကြည့် မိသည်။
ဟုတ်သည်အဲ့ ဒီနေ့ ကကိုကို့ ဖေဖေကကျွန်မကိုမေးတဲ
့မေးခွန်းတွေ၊ကျွန်မကိုပြောတဲ့ စကားလုံးတွေ
ကျွန်မတစ်ခါဖူးမှစိတ်မ၀င်စားခဲ့ တဲ့ အကြောင်းအရာတွေကိုမေးပြီး
ကျွန်မကိုလူ့ ဘ၀မှာအသက်ရှင်ရပ်တည်ဖို့ ဘယ်လိုခံယူထားသလဲဆိုတဲ့ မေးခွန်းနဲ
့အဆုံးသက်ခဲ့ တယ်လေ။
အခုကျွန်မခဲအိုပြောတဲ့ စကားလုံးတွေထဲမှာကျွန်မရဲ့ ရပ်တည်မှု
့ကိုကျွန်မရှာတွေ့ လိုက်ပြီ။
ကျွန်မကမိန်းခလေးဆိုပေမဲ့ လူငယ်။.
ကျွန်မသုံးနေကြခေတ်ရဲ့ သမီးပျိုလေ။
ခေတ်ရဲ့ သမီးပျိုကခေတ်ရဲ့ ရေစီးကြောင်းနဲ့ မျက်ခြေပြတ်နေတာဟာဘယ်လောက်အံ
့သြဖို့ ကောင်းလိုက်သလဲ။
တစ်ကယ်တော့ စာပေဗဟုသုတအတွေ့ အကြုံမရှိတဲ့ ကျွန်မမှာကိုကို့ ဖေဖေမေးတဲ
့မေးခွန်းတွေကိုဖြေဖို့ ဝေးလို့ 
ကျွန်မကိုယ်တိုင်တောင်ဘယ်လိုရှင်သန်ရပ်တည်နေသလဲဆိုတာတခါမှမတွေးဖူးခဲ့ ။
စာမဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကကျွန်မရဲ့ ကမ္ဘာငယ်လေးကိုပြိုကျပျက်စီးစေတယ်ဆိုရင်
ကျွန်မလိုခေတ်ပညာတက်ပါတယ်လို့ ကြွေးကြော်ပြီးစာပေလေ့ လာလိုက်စားမှု
့မရှိတဲ့ လူငယ်အများကြီးရှိနေတဲ့ ကျွန်မတို
့နိုင်ငံကေ၇ာနောင်ရာစုနစ်ဘယ်လောက်တွေမှာဘယ်သူတွေရဲ့ 
စိုးမိုးခြယ်လှယ်မှု့ တွေခံစားရဥိးမလဲ။
ကျွန်မတို့ တစ်နိုင်ငံလုံးရဲ့ ရှင်သန်ရပ်တည်မှု
့ကရောအချိန်ဘယ်လောက်အထိခံနိုင်ရည်ရှိဦးမလဲ
ကျွန်မအတွေးစတို့ ဖြင့် ကျွန်မရဲ
့ခဲအိုစာရေးဆရာပေါက်စကိုလေးလေးစားစားငေးမောကြည့် ငေးလျှက်
…………………………..
………………………….
………………………….
          မင်းလူန
In: ဝတ္ထု Posted By: Date: Nov 22, 2012
Comment #1

ဖက်လို့အရမ်း ကောင်းပါတယ်
တခါတလေ မှာ အရိပ်အခြေနဲ့ သိတာ ရှိသလို ပြောပြမှ သိတာတွေလဲ ရှိတယ်
ဒီလို ပညာပေး စာတွေ ရေးတာ အားပေးပါတယ်
ခုခေတ်ကလေးတွေအတွက် တကယ်လိုအပ်တယ်
အရမ်းကောင်းပါတယ်
အားပေးပါတယ်ရှင်

commentinfo By: linlin at Nov 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment