စုန်ရေ
၁၉၉၂ ခုနှစ်
———–
အဖေ သားကျောင်းသွားတော့မယ်
အေး … သား
သားကို မုန့်ဖိုးပေးလေ
ဟေ မင်းမေကြီးက မပေးဘူးလား
ဖေ့ဆီက တောင်းတဲ့
အင်းး ကဲရော့ရော့ (ကျပ်တန်လေး ၂ရွက်ထဲမှ ၁ကျပ်တန်လေးတစ်ရွက်)
တစ်ကျပ်ထဲလားအဖေရာအဖေ့ထဲမှာ ၂ကျပ်တောင်ရှိတာကို
ဒီတစ်ကျပ်က ဖေကြီး လဘက်ရည်သောက်မလို့လေ
နောက်မှသောက်ဖေရာ သားကိုပေး
ဟေ… ကဲရော့ရော့
+++++++++++++++++++++++++
၂၀၁၂ ခုနှစ်
———–
သား
ဘာလည်း အဖေရာ
အဖေ မြို့ထဲကို ပင်စင်သွားထုတ်မလို့
အင်း သွားလေ
အဲဒါ အဖေ့မှာ လမ်းစရိတ်မရှိဘူး
ဟာဗျာ အဖေကလည်း အဖေ့သားဆီကတောင်းလေဗျာ
ဟိုတစ်ခေါက်ကလည်း သားပေးရတာကို
မင်းညီက မပြေလည်လို့ပါတဲ့
ကျွတ် သူပဲ မပြေလည်နေ ကဲဗျာရော့ရော့ ( ၅၀၀၀တန်များကြားမှ ၂၀၀ တန်လေးတစ်ရွက်)
သား
ပြောဗျာ
ဒါ အသွားစရိတ်ပဲလေ
အဖေပြန်ရင် ပင်စင်ရမှာလေ အဲဒါနဲ့ အပြန်လမ်းစရိတ်လုပ်ပေါ့
မရရင်
ရအောင်စောင့်ထုတ်ခဲ့လေဗျာ အဖေကလည်း…
သြော် အေး အေး….
ဖခင်ကြီး၏ အတွေးမှာတော့ လွန်ခဲ့သော အနှစ် ၂၀ ခန့်က အဖြစ်ကို သတိရရင်း
ဝဲလာသောမျက်ရည် ထိန်းကာ…………………..……………..
Comment #2
ကျေးဇူး
Comment #1
aww aww….. that is parent love …. cant compare with anything or anyone.