ရင်နှင့်မျှအောင် ပျံသန်းသည် – ( ၁ )နရီထက်
Chinua Achbe ရဲ့ Civil Peace ၀တ္ထုတိုကို ဘာသာပြန်ဆိုရေးသားခြင်းဖြစ်ပါသည်။ ဇာတ်လမ်းမှာ ၁၉၆၇ ခုနှစ် နိုင်းဂျီးရီးယားပြည်တွင်းစစ်ပွဲအချိန်တုန်းက ဂျိုနသန်အီဝါဘူးရဲ့ ဘ၀ဇာတ်ကြောင်းကို အခြေခံ ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။ ဒီဝတ္ထုတိုလေးထဲမှာ ဂျိုနသန်အီဝါဘူရဲ့ မိသားစု၊ သူရဲ့ အမြတ်တနိုးထားတဲ့ စက်ဘီးလေးနှင့် မိသားစုနေထိုင်ဖို့ ပြန်လည် ဆောက်ခဲ့ရတဲ့ အိမ်ကလေးအကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
ရင်နှင့်မျှအောင် ပျံသန်းသည် -( ၁ )
နရီထက်
ဂျိုနသန်အီဝါဘူ တစ်ယောက် သူရဲ့ ထူးခြားနေတဲ့ ကံကောင်းမှုတွေကို စဉ်းစားလို့နေသည်။ ပျော်ရွှင်ဖွယ်ရာအပြည့်နှင့် လွတ်မြောက်မှုတွေလား။ ဆောင်းနှင်းဝေနေတဲ့ နေ့ရက်များထဲမှ ငြိမ်းချမ်းသောနေ့တွင် မိတ်ဆွေဟောင်းများကို နှုတ်ဆက်ရခြင်းထက် ပိုလို့နေသည်။ ဂျိုနသန်အီဝါဘူ တစ်ယောက် မခန်းမှန်းနိုင်တဲ့ ငါးရပ်သော ကောင်းခြင်းမင်္ဂလာနှင့် ရုန်းထွက်လာခဲ့ရသည်။ ဂျိုနသန်အီဝါဘူရယ်၊ မိန်းမဖြစ်သူ မာရီယားရယ်၊ သူတို့ရဲ့ ကလေးလေးယောက်ထဲက ကလေးသုံးယောက်ရယ်ပေါ့။ အထူးဆုအနေနှင့် သူ ပိုင်ဆိုင်ခဲ့တဲ့ စက်ဘီးလေးလည်း ပါတယ်။ ကောင်းမြတ်ခြင်း အပေါင်းနှင့်ပေါ့။ ဒါပေမဲ့ သသာဝတရားအရဆို လူငါးယောက်ရဲ့ အသက်ရှင်လုံခြုံမှုက နှိုင်းကောင်းစရာ မဟုတ်လှပေ။
အဲဒီစက်ဘီးလေးက သမိုင်းဟောင်းနှင့် ရှိနှင့်ခဲ့သည်။ စစ်ပွဲအချိန်အတွင်းက အဲဒီစက်ဘီလေးက စစ်ရေးအတွက် အသုံးချခံခဲ့ရသည်။ အရေးပေါ် စစ်ရေးအခြေအနေကြောင့်ရယ်။ ဂျိုနသန်အီဝါဘူအတွက် စက်ဘီးလေးက လက်လွတ်လိုက်ဖွယ်ရှိသည်။ ဒါပေမဲ့ လက်လွတ်ဆုံးရှုံးရမယ်ဆိုတဲ့ အတွေး သူခေါင်းထဲ အတွေးမရှိခဲ့ပေ။ ဘာကြောင့်လဲဆိုသော် ရုံးပိုင်ဆိုင်ရာ လူကြီးရဲ့ ဥာဏ်ရေးထက်မြက်ကို လေးစားပြီးထားပါ။ အဲဒီစက်ဘီးလေးကတော့ သူရဲ့ ရိုးစွဲနေတဲ့ စုတ်ပြတ်နေတဲ့ အကျီလည်း မဟုတ်၊ အပြာသန်းနေတဲ့ ခြေချောင်းလေးလို့လည်း မဟုတ်၊ ရွင်ဖျင်စနှင့် ချုပ်ထားတဲ့ ဖိနပ်လို့လည်း မဟုတ်။ နောက်ပြီး ကြယ်နှစ်လုံးမျှ အရောင်လက်ခဲ့တဲ့ အမြင်အာရုံထဲက လျင်လျင်မြန်မြန် ပျောက်ခဲ့တဲ့ ဘောလ်ပင်လေးလည်း မဟုတ်။ ဂျိုနသန်အီဝါဘူအတွက် ဒုက္ခများလှလေပြီ။ ကောင်းကျိုးတွေလည်း ပြုခဲ့သည်။ စစ်သူကြီးများစွာလို့လည်း တန်ဘိုးကြီးလှခဲ့သည်။ အဲဒီစက်ဘီးလေးကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ခဲ့သည်။ စိတ်ထဲမှာလည်း မြဲမြဲစွဲစွဲ ရှိခဲ့သည်။ တမ်းတနေတဲ့ စိတ်အတွက် လိုချင်တပ်မက်မှုကိုလည်း ဂျိုနသန်အီဝါဘူးအနေဖြင့် သံသယစိတ်ဝင်ခဲ့သည်။ ရက်ဖီအပင်ကနေ ရက်ယက်လုပ်ထားတဲ့ ခြင်းတောင်းထဲ သူ မွှေနှောက်ရှာဖွေကြည့်နေသည်။ ပိုက်ဆံ နှစ်ကျပ်ကိုတော့ တွေ့ရပြီ။ မိန်းမဖြစ်သူ မာရီယားအတွက် မီးမွှေးဖို့ရာ ထင်းဝယ်ရန် ထွက်လာခဲ့သည်။ မိန်းမဖြစ်သူ မာရီးယားက နောက်ထပ် မှာလိုက်သေးသည်။ စခန်းက လူကြီးဆီမှာ ပင်လယ်ငါးရယ်၊ ပြောင်းနှင့် လုပ်ထားတဲ့ မုန့်အချို့ ယူလာခဲ့ဖို့ရယ်၊ ပြီးတော့ ဂျိုနသန်အီဝါဘူရဲ့ စက်ဘီးလေးကို ပြန်တောင်းခဲ့ဖို့ရယ်။ အဲဒီညမှာပဲ ချုံပုတ်တွေ ထူထပ်နေတဲ့ နေရာကို ရှင်းလင်းပြီး မြေကြီးထဲ သူရဲ့ စက်ဘီးလေး အတွေးကို မြှုပ်နှံပစ်ခဲ့သည်။ သူရဲ့ သေသွားတဲ့ အငယ်ဆုံးကလေးကိုလည်း မြှုပ်နှံခဲ့ရသည်။ တစ်နှစ်ကြာအပြီး စိတ်ထဲမှာ စက်ဘီးလေးအတွက် လက်မြောက်အရှုံးပေးပြီးမှ ပြန်လိုချင်တဲ့စိတ် နည်းနည်းလေးတော့ ဖြစ်ခဲ့သည်။ ” အလို… ဖြစ်ရလေ… ဘုရားသခင်” လို့ စိတ်ထဲမှာ ဇဝေဇ၀ါဖြစ်နေမိသည်။
ဂျိုနသန်အီဝါဘူအဖို့ စက်ဘီးလေးကို တက္ကစီတစ်စီးတစ်မျှ လျင်လျင်မြန်မြန် အသုံးပြုခဲ့သည်။ စခန်းထဲက ရုံးပိုင်းဆိုင်ရာ လူကြီးတွေကိုလည်း အကြိုအပို့လုပ်ရာကနေ သူအဖို့ ငွေစလေးတစ်ချို့ စုဆောင်းမိခဲ့သည်။ ဒီစက်ဘီးလေးနဲ့ပဲ လေးမိုင်မျှ ကွာဝေးနေတဲ့ ကြမ်းတမ်းလှတဲ့ တောစပ်အနီးသို့ သူတို့မိသားစု စီးနှင်းခဲ့ပြီးပြီ မဟုတ်လား။ သူရဲ့ စက်ဘီးလေးနှင့် အကြိုအပို့ ၀န်ဆောင်ခလေးကတော့ ခြောက်ကျပ်မျှသာ သူက အမြဲတစေ သတ်မှတ်ထားခဲ့သည်။ အဲဒီ ငွေခြောက်ကျပ် ရှိတဲ့ မည်သူမဆို အဲဒီလမ်းကြောင်းတွေမှာ စီးနှင်းခွင့်ရမည်။ ရက်နှစ်ပတ်တာ အတွင်းမှာ သူရဲ့ ကံကြမ္မာလေးက အနည်းငယ်ပြောင်းလဲလို့ လာသည်။ ငွေကျပ် တစ်ရာ့ငါးဆယ်လောက်တော့ စုဆောင်းမိသည်။
အဲဒီနောက် သူ အီနုဂူမြို့တော်လေးဆီ ခရီးဆက်ခဲ့သည်။ သူအတွက် စောင့်စားနေတဲ့ မြတ်နိုးဖွယ်ရာ ကံကောင်းခြင်းကို တွေ့ရှိခဲ့ရသည်။ မယုံကြည်နိုင်စရာပါပဲလေ။ သူရဲ့ မျက်လုံးကို ပွတ်သပ်လို့ နေခဲ့သည်။ အဲဒီအရာက သူ့ရဲ့ရှေ့မှောက် ရပ်တန့်လို့နေသည်။ ဒါပေမဲ့ ပြောဖွယ်ရာမရှိ။ မဟာမြတ်နိုးမှုပါပဲ။ သူတို့ မိသားစုငါးယောက် နှိမ့်ပါးခဲ့စဉ်က ကြုံတွေခဲ့ရထက်စာရင် ပြောဖွယ်ရာ မရှိပေ။ သူရဲ့ ကံကောင်းခြင်း အသစ်ကတော့ အိုကွီမြို့ပြင်နားက အိမ်ငယ်လေး တစ်လုံးပါပဲ။ အလို ဘုရားသခင်… မယုံနိုင်စရာပါပဲ။ သူ့အိမ်လေးနှင့် ခပ်ဝေးဝေးနေရာမှာ အိမ်ကြီးကြီးမားမား နှစ်လုံးရှိနေသည်။ စစ်ပွဲ မဖြစ်မှီက ဆောက်လုံးထားခဲ့ပုံရသည်။ ရွံ့နှင့်ပတ်လည် ကာရံ၊ သွပ်ပြားလေးတွေနှင့် မိုးထားတဲ့ ဂျိုနသန်ရဲ့ အိမ်လေးက သူအဖို့ ပြည့်စုံပုံရနေသည်။ တံခါးပေါက်မလို၊ ပြတင်းပေါက်မရှိ။ သွပ်ငါးချပ်သာ မိုးထားလေသည်။ ဘယ်လိုအိမ်ပုံစံမျိုးပါလိမ့်။ ဘယ်လိုပဲဖြစ်ဖြစ် သူ အီနုဂူသို့ အပြေးအလွှား ပြန်သွားခဲ့သည်။ သွပ်အပိုင်းအစတွေရယ်၊ ရေစိုခံ ကတ္တူစက္ကူအပိုင်းအစတွေကို သွားယူဖို့ အတွက်ဖြစ်သည်။ တောထဲက အိမ်နီးနားချင်းတွေကလည်း သူလိုပဲ ပြန်နေချင်ကြသည်မဟုတ်လား။ သူခမျာ ဈေးအသက်သာဆုံး လက်သမားဆရာကို ရရှိခဲ့သည်။ လက်သမားဆရာမှာ တူဟောင်းတစ်လက်၊ ဓါးတုံးတစ်လက်၊ ဘောင်ခတ်သံပြားထောင့်ရယ်၊ သံချေးတက်နေတဲ့ သံစတွေနှင့်အတူ။ သစ်သားတွေ၊ စက္ကူကတ္တူတွေ၊ သွပ်ပြားတွေနှင့် တံခါးပေါက်နှင့် ပြတင်းပေါက်လုပ်ဖို့အတွက် ငွေငါးဆယ်ကျပ် ကုန်ကျခဲ့လေသည်။ သူ ငွေပေးချေပြီးနောက် သူနှင်အပါ မိသားစုဝင်ငါးယောက် ပျော်ရွှင်စွာနှင့် သယ်ဆောင်လာခဲ့သည်။
သူရဲ့ ကလေးတွေက စစ်သချိုင်းနားက ကောက်ခဲ့တဲ့ သရက်သီးတွေကို စစ်သားဇနီးတွေကို တန်ဘိုးနည်းနည်းနှင့် ရောင်းချလေသည်။ တကယ် အသုံးဝင်မဲ့ အကြွေးစေ့လေးတွေပါပဲ။ ဂျိုနသန်ရဲ့ မိန်းမကတော့ မနက်စာ စားဖို့အတွက် အိမ်နီးနားချင်းတွေကို ပဲကိတ်လုံးတွေ ရောင်းသည်။ မိသားစုဘ၀ တစ်ဖန် စတင်လို့ လာပါပြီ။ သူတို့မိသားစုက ရလာတဲ့ ၀င်ငွေလေးနှင့် ဂျိုနသန်က ရွာနီးနားတစ်ခွင် စက်ဘီးမောင်းပြီး လတ်ဆတ်တဲ့ ထန်းရည်ကို ရအောင် ရှာခဲ့သည်။ သူရဲ့ နေအိမ် အခန်းထဲ ရောက်တဲ့အခါ အများသုံး ရေဘုံဘိုင် ပိုက်ခေါင်းထဲက သယ်လာတဲ့ ရေတွေနှင့် ထန်းရည်တွေကို ရက်ရက်ရောရော ရောပစ်လိုက်သည်။ ပြီးတော့ ထန်းရည်ဆိုင်လေးတစ်ခု ဖွင့်လိုက်သည်။ စစ်သားတွေနှင့် ပိုက်ဆံရှိနေတဲ့ ကံကောင်းတဲ့သူအတွက် ရောင်းချဖို့ ဖြစ်သည်။
ပထမပိုင်းတော့ ဂျိုနသန် နေ့တိုင်းလိုလို လှုပ်ရှားခဲ့သည်။ နောက်ပိုင်း တစ်ပတ်မှာ တစ်ရက်သာ အဲဒီအလုပ်ကို လုပ်ခဲ့လေသည်။ ပြီးတော့ ကျောက်မီးသွေးတူးတဲ့ အလုပ်မှာ ကျောက်မီးသွေးတူးသမားအဖြစ် အလုပ်ဆင်းခဲ့သည်။ သူ ဘာတွေများ တူးဖော် တွေ့ရှိခဲ့သလဲ။ သူအဖို့ ကောင်းခြင်းတရားလို့ လက်ခံထားတဲ့ သူရဲ့စိတ်ကူး အိမ်လေးကို ဒီထက် ကြီးကျယ်တဲ့ ကောင်းမြတ်ခြင်းတရားဖြစ်အောင် လုပ်ဖို့မဟုတ်လား။ အခုအချိန်မှာတော့ သူနှင့်အတူ လုပ်ဖော်ကိုင်ဖက် ကျောက်မီးသွေးတူးသမားတွေကတော့ ကျောက်မီးသွေးရုံးခန်းအဆောက်အဦးရဲ့ အပြင်ဘက်မှာ ဖြစ်သလို အိပ်ရတယ်။ ပြီးတော့ ခိုးဖွက်လာတဲ့ အာဟာရမှုန့်တွေနှင့် ချက်ပြုတ်စားသောက်ပြီး နေထိုင်ရသည်။ အဲဒီလို ရက်ပေါင်းများစွာ ကျောက်မီးသွေးတူးတဲ့နေရာမှာ လုပ်ပေမဲ့ သူရဲ့ အခြားအလုပ်ဖြစ်တဲ့ တစ်ပတ်တစ်ခါဖွင့် ဖြစ်တဲ့ ထန်းရည်ဆိုင်လေး အကြောင်းကိုတော့ ဘယ်သူကိုမျှ မပြောဖြစ်ခဲ့ပေ။
ဒါပေမဲ့ အလို… ဘုရားသခင်… ယုံနိုင်ဖွယ်စရာ မရှိ။ မုန်တိုင်းတိုက်ပြီး ကံတရားရဲ့ ပွတ်တိုက်ပြီး ခံပြီးတဲ့နောက် ခံစစ်အနေနှင့် ပြန်လည်ရရှိလေသည်။ နေမင်းကြီး ထွက်သည့်ပမာ သနားကြင်နာမှုနှင့်အတူ သူရဲ့ ထန်းရည်ဆိုင်ကလေးကနေ နှစ်ဆယ်ကျပ်ရရှိခဲ့လေသည်။ ပုန်ကန်ထကြွသွားကြတဲ့ ငွေတွေက သူဆီ ပြန်လည် ရောက်ရှိလို့လာသည်။ ဘုရားသခင်ကလည်း ကို ကြိုက်နှစ်သက်သည်။ လူတွေကလည်း သူကို ကြိုက်နှစ်သက်သည်။ တစ်ချို့သောသူများက သူကို ငွေများ စတင်ပေးနေပြီး မဟုတ်လား။ ဒါကို မျက်နှာသာပေးခြင်းလို့ သတ်မှတ်ကြတယ် မဟုတ်လား။
မကြာမီမှာ ဂျိုနသန်ဟာ သူရဲ့ ထန်းရည်ဆိုင်ကလေးကနေ ငွေကျပ်များစွာ စုမိလေသည်။ ထွေးပိုက်မိလေသည်။ မြုပ်နှံမိခဲ့လေသည်။ အခုတော့ သူရဲ့ ဘောင်းဘီအိတ်ကပ်ထဲမှာ ငွေများ ရောက်ရှိလို့ နေသည်။ သူအတွက် အခုတော့ ဂရုပိုစိုက်ပြီး နေနေရသည်။ သမုဒ္ဒရာနှင့် တူတဲ့ လူပတ်ဝန်းကျင်မှာ သူအဖို့ ပြိုလဲခဲ့ရသည်။ ရူးသွပ်ခဲ့ရသည်။ မကြာမှီခင်လေးကပင် ငွေနှစ်ဆယ်ကျပ်သာ ရရှိခဲ့သည်။ ရက်စက်တဲ့ ကံကြမ္မာနှင့် တွေ့ဆုံရတာ ပိုများလို့နေသည်။ ဒါပေမဲ့ ဒါတွေက အမှန်တရားမှ မဟုတ်တာ။ ပြစ်တင်ဖို့အတွက်သာ စိတ်ရဲ့ ခံစားရခြင်း အစွန်းအဖျားမျှသာ ဖြစ်သည်။ ဒုက္ခသည်များအပေါ် ဂရုစိုက်မှု ကင်းမဲ့ခြင်းဟာ ရှေ့အရင်ရက်တွေက တစီတတန်းကြီး ပွတ်ပဲ့မှုတွေ ဖြစ်ခဲ့ကြတယ် မဟုတ်လား။ အထူးသဖြင့်တော့ သူရဲ့ အိတ်ကပ်ထဲကနေ ထုတ်ပြီးမှ တွင်းပေါက်ကြီးထဲသို့ ပြန်ဖြည့်ဖို့ သူခိုးတစ်ယောက်ရဲ့ စိတ်ကူးနှင့် သူ လုပ်ခဲ့တာပါ။ အမှန်တကယ့်တော့ သူ…၊ အခြားသူတွေရဲ့ ငွေတွေကို သူ့အိတ်ကပ်ထဲ ရအောင် လုပ်ခဲ့တာပါ။ အရာကိစ္စတော်တော်များကိုတော့ သူ နှိုင်းယှဉ်ပြီး တွေးခဲ့သည်။ ဒါကြောင့် သူ ဂရုစိုက်ဖို့ ပိုလိုအပ်တယ် မဟုတ်လား။
မကြာမီမှာတော့ ဂျိုနသန်က သူရဲ့ ငွေလေးကို ဘယ်ဖက်လက်သို့ ပြောင်းကိုင်လိုက်သည်။ အိတ်ကပ်ထဲမှာတော့ ဘာမှ မရှိတော့ပေ။ သူ့လက်ကိုလည်း မြှောက်သန်းလိုက်သည်။ ငေးမောလျက် ဆုံးရှုံးမှုတွေကနေ လွတ်မြောက်ခဲ့ပြီး တွေးတောလိုက်သည်။ လူများများနှင့် တွေ့တဲ့အခါမှာတော့ လူရဲ့ လက်ကို အောက်ချလို့သာ နေခဲ့သည်။ သူ့အိမ်သို့ မရောက်မှီ အချိန်ထိပေါ့။
အိပ်မော အရမ်းကျနေတဲ့ ည တစ်ညမှာတော့ တစ်အိမ်ပြီး တစ်အိမ်ကနေ ဆူညံ ပွက်လောရိုက်နေတဲ့ အသံတွေကို ကြားလိုက်ရသည်။ ညစောင့်တစ်ယောက်က တစ်နာရီထိုးသံ သံချောင်း ခေါက်အပြီး အချိန်ဖြစ်သည်။ အဲဒီနောက် ဂျိုနသန် ထွက်ပြေးဖို့ အားယူလိုက်သည်။ ထွက်ပြေးဖို့ အချိန်ပင် မရလိုက်ချေ။ သူ အိပ်ရာမှ ဆက်ခနဲ ထလိုက်သည်။
သူ့နံဘေးမှာ အိပ်နေတဲ့ မိန်းမဖြစ်သူက ” ဘယ်သူ တံခါး ခေါက်နေတာလဲ မသိဘူး။”
” ငါလည်း… မသိဘူး… မိန်းမရ။” ပြောအပြီး အသက်မှန်မှန်တစ်ချက် ရှုလိုက်သည်။
ဒုတိယအကြိမ် တံခါးခေါက်သံ မှန်လာသည်။ ပိုင်စိုးပိုင်နိုင်ရှိလှသည်။ ရွဲနေတဲ့ တံခါးအိုကတော့ ပြိုလဲကျသွားသည်။
” တံခါး ခေါက်နေတာ ဘယ်သူလဲ မသိ…” သူရဲ့ အသံတွေ အက်ကွဲလို့ နေသည်။ လူလည်း ကြောက်ရွံ့နေပြန်သည်။
” ဓါးမြတွေပဲ ဖြစ်မယ် ထင်တယ်” လို့ ဂျိုနသန်က တည်ငြိမ်စွာ ဖြေလိုက်သည်။ ” မင်း တံခါးကို သေချာ ပိတ်ခဲ့တယ် မဟုတ်လား။ ” အဲဒါကြောင့် တံခါးခေါက်သံတွေ ကျယ်လောင်လို့နေသည်။
မာရီးယား စတင်ပြီး သတိထားလေသည်။ ဂျိုနသန်နောက်သို့ အသာလေးလိုက်ခဲ့သည်။ သူတို့ရဲ့ ကလေးတွေကလည်း အနောက်ကနေ လိုက်လာခဲ့လေသည်။
ဆက်လက်ရေးသားမည်။
နရီထက်
( ၂ ၊ ဧပြီလ ၊ ၂၀၁၇ )