Professional Authors

ရင်နှင့်မျှအောင် ပျံသန်းသည် -(၂)ဇာတ်သိမ်း နရီထက်

“ရဲခေါ်ကြ… ဓါးမြတိုက်သွားကြတယ်..ကျုပ်တို့ ဒုက္ခများရပြီ…ရဲ ခေါ်ပေးစမ်းပါဗျာ…။ ကျုပ်တို့ ရှိစုမဲ့လေးတွေ ပါသွားပြီ… အသတ်ခဲ့ရတဲ့သူလည်း ပါတယ်… ခင်ဗျားတို့ကရော အိပ်ပျော်နေတာလား။ ထကြစမ်းပါအုန်းဗျာ…။ ရဲ ခေါ်ပေးစမ်းပါ… ဗျာ။” လို့ အသံပေါင်းစုံ ရွာထဲမှာ ဆူညံလို့ သွားသည်။

သြော်… ကိစ္စရပ်တွေက တော်တော်ကြာက ဖြစ်ပွားခဲ့ပြီးပြီ။အခုတော့ ရုတ်တရက် ပြီးဆုံးသွားသလိုနှယ်။ ဓါးမြတိုက်သူတွေက ရွာသားတွေရဲ့ အိမ်နားကနေ ထွက်သွားပြီး ဖြစ်သော်လည်း သူတို့ခမျာ စိုးထိတ်ကြောက်လန့်နေတုန်းရယ်။ တိတ်ဆိတ်တုန်လှုပ်မှုအပြည့်နှယ်ရယ်။ ဒါပေမဲ့ ပြန်ပြီး သက်ဝင်လှုပ်ရှားပြန်လေသည်။

” ခင်ဗျား ဟိုအိမ်ကို ဓါးမြတိုက်ခဲ့ပြီးပြီးလား” လို့ အပြင်မှာ လူတစ်ယောက်ရဲ့ အသံတစ်သံ ထွက်လာသည်။ ကျုပ်တို့ကို စာနာစိတ်လေးနှင့် နည်းနည်း မစပေးစမ်းပါအုန်းဗျာ.. ကျုပ်တို့ကို ကူညီစမ်းပါအုန်း။”လို့ ဓါးမြခေါင်းဆောင်က ဂျိုနသန်ရဲ့ အိမ်အပြင်ဘက်ကနေ လှမ်းအော်ပြောနေသည်။

” ရဲ ခေါ်ပေးစမ်းပါအုန်း.. ဓါးမြတွေ.. ကျုပ်တို့ ဒုက္ခရောက်ကုန်ကြပြီး၊ ကျုပ်တို့တွေ ဓါးမြ တိုက်ခံရတယ်။ ရဲခေါ်ပေးစမ်ါးပါအုန်း… ဗျာ။” လို့ ရွာထဲက အသံတွေ ထပ်မံ ထွက်လာပြန်သည်။

ဓါးမြခေါင်းဆောင်ရဲ့ ဘေးမှာ လူငါးယောက်ရဲ့ အသံက တိုးတိုး တိုးတိုးနှင့် စကားပြောနေကြသည်။

ဂျိုနသန်နှင့် သူရဲ့ မိသားစုတွေအားလုံး အခုတော့ စိုးထိတ်မှုတွေနှင့် အံ့သြမှင်သက်လို့ နေသည်။ ဇနီးဖြစ်သူ မာရီးယားနှင့် ကလေးတွေကတော့ မျက်ရည်စိုရွဲ၊ -၀ိညာဉ် ဝေးလွင့်သလိုနှယ် ခံစားနေကြရရှာသည်။ ဂျိုနသန်ခဗျာ သူကိုယ်သူ သနားစိတ်ယို ဆုပ်သက်တဲ့ အသံ ယဲ့ယဲ့ အဆက်မပြတ် ထွက်လို့နေသည်။

ဒီလို တိတ်ဆိတ်ငြိမ်သက်နေမှုတွေကလည်း ဓါးမြတိုက်မှုရဲ့နောက်သို့ ကြောက်လန့်စိုးရိမ်မှုတွေ လိုက်နေသလိုနှယ်။ အခုအချိန်မှာတော့ ဂျိုနသန်က ဓါးမြခေါင်းဆောင်ကို တောင်းပန်စကားပြောဖို့ရယ်၊ ညှိနှိုင်းဖို့ရယ် စတင်ပြီး တွေးတောလို့နေသည်။

” သူငယ်ချင်း…” လို့ ဓါးမြခေါင်းဆောင်က စတင်ခေါ်ပြီး ခဏတစ်ချက် နှုတ်ပိတ်သွားပြန်သွားသည်။ ပြီးတော့ ” ကျုပ်…. ကျုပ်ရဲ့ အဖွဲ့တွေနှင့် ကောင်းကောင်း အလုပ်လုပ်ခဲ့ပြီးပြီး။ ရွာသားတွေ အိပ်နေချိန်မှာ။ အခု ကျုပ်တို့ ဒီကနေ ထွက်ပြီး အပြင်မှာ ညှိနှိုင်းရအောင်။ နောက်ပြီး ခင်ဗျားအတွက် စစ်သားတွေ ခေါ်ပေးရမလား။ ဒါမှမဟုတ် ခင်ဗျား ကျုပ်တို့အတွက် စစ်သားတွေကို ခေါ်ခဲ့ပေးမလား။ ဒီကိစ္စမှာ ရဲထက် စစ်သားတွေဆီကနေ အကူအညီ ပိုရနိုင်တယ်။ မဟုတ်ဘူးလား…။” လို့ ဓါးမြခေါင်းဆောင်က လှောင်ပြောင် ရယ်မောသံနှင့် အပြင်ကနေ အော်ပြောလေသည်။

” ဟုတ်တယ်…” လို့ အဖွဲ့သားတစ်ယောက်က နောက်ပြောင်လျက် ပြန် ဖြေလေသည်။ ယခုချိန်မှာ ဂျိုနသန် တစ်ယောက် စောစောက အချိန်ထက် အသံတွေ ဆူညံစွာ ကြားရလေသည်။ သက်ပြင်းကိုလည်း လေးလေးလံလံ ချလိုက်လေသည်။ အခုတော့ ဂျိုနသန်တစ်ယောက် လက်မှိုင်ငေးချ၊ လည်ပင်းကို ကော်ပတ်တိုက်သလိုနှယ် ခံစားနေရသည်။

” သူငယ်ချင်း.. ဘာလို့ ပြန်မဖြေသေးတာလဲ။ ကျုပ်မေးနေတယ်လေ…။ ကျုပ်တို့အတွက် ခင်ဗျား… စစ်သားတွေကို မခေါ်ဘူးလား၊ “လို့ ဓါးမြခေါင်းဆောင်က အသံမာမာနှင့် အပြင်ကနေ လှမ်းမေးပြန်သည်။

” မခေါ်ဘူး…” လို့ ဂျိုနသန်က အမြန် ပြန် ဖြေလိုက်သည်။

” ကောင်းပြီ..။အခု ကျုပ်တို့ အရေးကိစ္စအကြောင်းပဲ ပြောကြမယ်။ ကျုပ်တို့ကတော့ ညံဖျင်းလှတဲ့ သူခိုး၊ဓါးမြတွေ မဟုတ်ဘူး။ ခင်ဗျားတို့ကို ဒုက္ခမပေးချင်ဘူး။နောက်ထပ် ဒုက္ခရောက်မှာကိုလည်း မလိုလားကြဘူး မဟုတ်လား။ စစ်ပွဲတွေလည်း ပြီးဆုံးပြီ။ သေနတ်သံတွေလည်း လွင့်ပျောက်ကုန်ပြီ။ ပြည်တွင်း စစ်ပွဲတွေလည်း ထပ်ဖြစ်တော့မှာ မဟုတ်ဘူး။ အခုအချိန်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးတွေလည်း ရစပြုနေပြီ။ မဟုတ်ဘူးလား… ဗျာ။” လို့ ဓါးမြခေါင်းဆောင်က ပြောဆိုလေသည်။

” ဟုတ်တယ်…” လို့ ဆိုတဲ့ အဖွဲ့သားရဲ့ အသံအုပ်ကြီး လွှမ်းလို့သွားသည်။

” ကဲ … ဟုတ်ပြီ… ခင်ဗျားတို့ ကျုပ်ဆီက ဘာလိုအပ်သေးလဲ။ ကျုပ်က လူဆင်းရဲ တစ်ယောက်။ ပြည်တွင်း စစ်ပွဲတုန်းကလည်း အရာရာကို ကျုပ် ရင်ဆိုင်းဖြေရှင်းခဲ့ရတယ်။ ခင်ဗျားတို့ ကျုပ်ဆီ ဘာအတွက်ကြောင့် လာနေကြတုန်း။ ဘယ်သူတွေ အဆင်ပြေသလဲဆိုတာလည်း ခင်ဗျားတို့ အသိပဲ။ ကျုပ်တို့…။” လို့ ဂျိုနသန်က ကြောက်ရွံ့တုန်လှုပ်စွာ ပြန်ဖြေလေသည်။

” ကောင်းပြီ..ဗျာ။ ကျုပ်တို့သိပါတယ်။ ခင်ဗျားမှာ လုံလောက်တဲ့ ငွေကြေးအင်အား မရှိကြဘူး။ ဒါပေမဲ့…ကျုပ်တို့မှာတော့ ခင်ဗျားထက်ပိုပြီး အကြွေစေ့တောင် မရှိဘူး…။ရှာလို့လည်း မလွယ်ဘူး…ဗျာ။ ဒါကြောင့် ခင်ဗျား အဲဒီပြတင်းပေါက်တံခါးကို ဖွင့်ပြီး ကျုပ်တို့ကို တစ်ရာကျပ် မစရမယ်။ ပြီးရင်… ကျုပ်တို့ ကော်မော့နယ်ကို ပြန်သွားကြတော့မယ်။ အေး …. အဲဒါမှမဟုတ်ရင်တော့ ကျုပ်တို့ အထဲ ၀င်လာရင် ခင်ဗျား နာပြီးသာ မှတ်တော့။”

ကောင်းကင်ယံထက် သေနတ်သံတစ်ချက် ပစ်လွတ်သံ ကြားလိုက်ရသည်။ မာရီးယားနှင့် ကလေးတွေ ငိုသံ ကျယ်လောင်လို့ သွားသည်။

” အား… မိန်းခလေး မငိုစမ်းပါနဲ့။ မင်းတို့ သေစရာလည်း မလိုဘူး။ ကျုပ်တို့က ဓါးမြဆိုးတွေမဟုတ်ပါဘူး။ စိတ်ထားကောင်းတဲ့ ဓါးမြကောင်းတွေပါ။ ငါတို့ တောင်းတဲ့ ငွေစအနည်းငယ် ရရင် … တော်ပါပြီး။ ပြီးရင် ငါတို့ ပြန်ကြမှာ။ နည်းနည်းလေးပဲ တောင်းတာပါ။ နည်းနည်းပဲ မဟုတ်ဘူးလား။”

” ဟုတ်တယ်.. အဲဒါလောက်ပဲ။” လို့ ဓါးမြအဖွဲ့က အပြင်ကနေ အော်ပြောကြသည်။

” မိတ်ဆွေတို့…” ဂျိုနသန်တစ်ယောက် အားပြတ်တုန်နဲသော အသံဖြင့် ပြောလေသည်။ ခင်ဗျားတို့ အပြင်ကနေ ဘာတောင်းဆိုသလဲဆိုတာ ကျုပ် ကြားပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ကျုပ်ဆီမှာ တစ်ရာကျပ်လောက် ရှိခဲ့ရင်တော့… ဗျာ….။”

” သေချာ ရှာကြည့်စမ်းပါ… သူငယ်ချင်း။ ငါတို့နဲ့ လှည့်စားဖို့တော့ မကြံနဲ့။ ငါတို့ အိမ်ထဲ ၀င်လာပြီး မင်းကို ပြန် လှည့်စားလိုက်မယ်။ မင်း… ငါတို့ကို အမှားတစ်ချက် လုပ်မိတာနဲ့ ငါတို့ အားလုံး အိမ်ထဲ ၀င်လာပြီး မင်း ထွက်ပြေးစရာမရှိ ဖြစ်သွားမယ်…။ ဒါကြောင့်…။”

” ဘုရားသခင်ကို တိုင်းတည်ပြီး ပြောဝံ့ပါတယ်။ ခင်ဗျား… အိမ်ထဲ ၀င်ပြီး ငွေတစ်ရာကျပ်ကို ရှာကြည့်စမ်းပါ…ဗျာ။ တွေ့ခဲ့ရင် ခင်ဗျား ယူ…။ ကျုပ်ကိုလည်း သတ်ပစ်။ မိန်းမနှင့် ကလေးတွေကိုလည်း သတ်ပစ်နိုင်တယ်။ ကျုပ် ဘုရားသခင်ဆီမှာ ကျိန်ပြ၀ံ့တယ်။ ဒါပေမဲ့ ကျုပ်ဆီမှာ နှစ်ဆယ်ကျပ်ပဲ ရှိတယ်။ ဒါတောင် ဒီနေ့ သူတို့တွေ ကျုပ်ကို ပြန်ပြီး အကြွေးဆပ်ကြလို့…။”

” ကောင်းပြီ။ ကျုပ်တို့လည်း ပြန်ဖို့ အချိန်ကျနေပြီး။ ဒီ ပြတင်းပေါက်တံခါးကို ဖွင့်…။ အဲဒီ နှစ်ဆယ်ကျပ်ကို ယူလာခဲ့။ ပြီးရင် ကျုပ်တို့ အဲဒီ့နှစ်ဆယ်ကျပ်ကို ယူပြီး ပြန်တော့မယ်။”

အပြင်ကနေ အသံတွေ ထွက်ပေါ်လို့ လာပြန်သည်။ ” ဒီလူ… လိမ်ပြောနေတာ။ လိမ်နေတာ။ ဒီလူမှာ ပိုက်ဆံတွေ အများကြီးရှိတယ်… ဆရာ။ ကျုပ်တို့ အိမ်ထဲ ၀င်ပြီး မွေနှောက်ရှာကြမယ်..။ ကျုပ်တို့အတွက် နှစ်ဆယ်ကျပ်လား… ဆရာ။”

” ပါးစပ် … ပိတ်စမ်း။” ဓါးမြခေါင်းဆောင်က အဖွဲ့သားကို ငေါက်လိုက်သည်။ ဓါးမြခေါင်းဆောင်ရဲ့ အသံက ကောင်းကင်ယံထက် လွင့်ပျံသွားသည်။ အဖွဲ့သားမှာလည်း ငြိမ်ငြိမ်လေး နားထောင်နေသည်။ ” ဟေး… မင်း နောက်ကျလှချည်လား။ ပိုက်ဆံတွေ မြန်မြန် ယူလာခဲ့လေ။”

” ကျုပ်လာနေပါပြီး… ဗျာ့။” ဂျိုနသန်တစ်ယောက် အမှောင်းထဲမှာ ပြာသလဲ့လဲ့ ဖြစ်နေသည်။ သစ်သားသေတ္တာဘူးငယ်တစ်ခု။ သော့သေးကတော့ အခင်းအောက်မှာ ဂျိုနသန်က ၀ှက်လို့ ထားသည်။

အိမ်နီးနားချင်းအပေါ် ဂျိုနသန်ရဲ့ ဘ၀ဖြတ်သန်းမှုက အလင်းရောင်အဖြစ် ပထမဆုံး တွေ့မြင်နိုင်သည်။ သနားစရာကောင်းလှတဲ့ ဂျိုနသန် ဒုက္ခတရားကို ရင်ဆိုင်းဖြေရှင်းခဲ့ရသည်။ ငါးဂါလံ ဆန့် ဘေးပတ်လည် နှီးနှင့် ရက်ဖြာထားတဲ့ ဘူးထဲ ထန်းရည်တွေထည့် သူရဲ့ စက်ဘီးနှင့် သယ်ဆောင် လှုပ်ရှားခဲ့ရသည်။ ဇနီးဖြစ်သူ မာရီးယားကတော့ မီးဖို၊ မီးမွှေး ပဲမှုန့်လုံးတွေ ဒယ်အိုးထဲ ကြော်၊ ဈေးရောင်းခဲ့ရသည်။ မနေ့တုန်းက အငယ်ဆုံးကလေးက ထန်းရည်ဘူးဟောင်းထဲက အဖေကိုကူညီတဲ့အနေဖြင့် ထန်းရည်ဝိုင်းဌဲ့ပေးခဲ့သည်။

” တကယ့်တမ်းတော့ ဘာမှ မဟုတ်ပါဘူး။ ” ဂျိုနသန် သူကိုယ်သူ့ သနားစိတ်နှင့် ပြောနေသည်။ မျက်လုံးကို တည်ငြိမ်စွာထားလိုက်သည်။ ” အော်… အကြွေစေ့တွေက စုဆောင်းခြင်းတစ်ခုလား။ ပြီးသွားတဲ့ ရက်တစ်ပတ်က ငါ အလုပ်တွေ အတော် လုပ်ဖြစ်ခဲ့ရဲ့လား။ ဒါတွေက စစ်ပွဲတုန်းက အခြေအနေထက် ကြီးကျယ်မြင့်မြတ် နေခဲ့လား။ ကျုပ် ပြောပါရစေ။ အကြွေစေ့လေးတွေက မီးလင်းဖြာဖို့ လင်းရောင်ခြည်ပါပဲ။ ဘာပဲဖြစ်ဖြစ် ဘယ်နေရာပဲ ရောက်ရောက် အရောရာကို ရင်ဆိုင်းဖြေရှင်းနိုင်စွမ်းရှိရမယ်။ အလိုလေး… ဘုရားသခင် … အံ့သြမှုအပေါင်း… သက်ရောက်စေသလား။”

ပြီးပါပြီ။ ။
=================================
နရီထက်
( ၉ ၊ ဧပြီလ ၊ ၂၀၁၇ )

In: ဝတ္ထု Posted By: Date: Apr 18, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment