အရုပ်တွေနှင့် နေနေတဲ့ ကမ္ဘာ – ( ၁ ) နရီထက်
Saki ရဲ့ Toys Of Peace ကို ဘာသာပြန်ဆို ရေးသားခြင်းဖြစ်ပါသည်။ စာဖတ်သူပရိသတ်များ အားပေးကြပါလို့။ စာဖတ်သူပရိတ်အပေါင်းကို ဒီနေရာလေးကနေ ကျေးဇူးတင်ပါတယ် ခင်ဗျာ့။
အရုပ်တွေနှင့် နေနေတဲ့ ကမ္ဘာ – ( ၁ )
နရီထက်
” ဟာဗီ..ရေ” လို့ အလီနောဘုတ်က လှမ်းပြောနေသည်။ မတ်လ ၁၉ ရက်နေ့စွဲပါ လန်ဒန်နေ့စဉ်ထုတ် သတင်းစာရွက်ထဲက အပိုင်းလေး တစ်ခုကို အစ်ကို ဖြစ်သူအား လှမ်းပြနေပြန်သည်။ ” ကလေးကစားစရာ အရုပ်တွေနှင့် ပတ်သက်တဲ့ အကြောင်းအရာတွေ။ အင်း… သိပ်မှန်တာပဲ။ ဒီအကြောင်းအ ရာတွေက ငါတို့ရဲ့ စိတ်ကူး၊ ကလေးဘ၀က ပုံရိပ်တွေကို လည်း ပြန်မြင်ယောင်စေတယ်…ကိုကြီးရယ်။
“ငြိမ်းချမ်းရေးကောင်စီရဲ့ သဘောထားအမြင်ကတော့ ဒီလို အတိုချုပ် ရေးသားထားတယ်။ ကျွန်တော်တို့ရဲ့ ကလေးငယ်တွေကို အာရုံနောက်စေတဲ့ အရုပ်ကလေးတွေ ပေးကစားဖြစ်ခဲ့ကြတယ်။ တပ်မကြီးပုံစံ စစ်သားအရုပ်ကလေးတွေ၊ ဘက္ထရီသုံး ကလေးကစား စရာ သေနတ်တွေ၊ တိုက်လေယာဉ်နှစ်စင်း တိုက်ခတ်ကြတဲ့ အရုပ်တွေ၊ စစ်သဘောင်္အရုပ်တွေလည်း ပါဝင်ကြတယ်။ ကောင်စီက ထပ်ပြောတာကတော့ ကလေးငယ်တွေဟာ သဘာဝတရားအရ ဘာကြောင့် ခိုက်ရန်ဖြစ်ပွားမှုတွေကို မြတ်နိုးလာကြသလဲ။ စစ်ပွဲဆိုတာ စွဲဆောင်မှု တစ်ခုလို့ ထင်မှတ်လာကြတယ်။ သူတို့လေးတွေ ဘာကြောင့် ရဲရင့်တက်ကြွမှု ဖြစ်လာရလဲဆိုတာ အကြောင်းခံသက်သေတော့ လုံလောက် မှု မရှိနိုင်သေးဘူးတဲ့။ ရှိရင်းကနေ သမိုင်းဝင်ထိတောင် ဖြစ်ခဲ့ကြတယ်။ အိုလံပီယားမှာလည်း သုံးပတ်ကြာ ကလေးငယ်တွေနှင့် ပတ်သက်တဲ့ ပြပွဲတွေ လုပ်ပေးခဲ့တယ်။ ငြိမ်းချမ်းစရာ အရုပ်လေးတွေနှင့် ငြိမ်းချမ်းရေးကောင်စီက စီစဉ်ပေးပြီး မိဘတွေရဲ့ ယူဆချက်တွေကိုလည်း ပြောင်းလဲ ပေးခဲ့တယ်လေ။ ဟူဂ်ျလွတ်တော်ရုံးရှေ့မှာလည်း ငြိမ်းချမ်းရေးနန်းတော် ဆောက်ပြ၊ ဆေးရောင်တွေ လှပစွာ ချယ်ပြခဲ့တယ်လေ။ အားလုံး ပေါင်းစုပြီး လုပ်ခဲ့ကြတယ်။ စစ်သာားရုပ်တွေနည်းပေမဲ့ မြို့ပြအရုပ်တွေလည်း ပါဝင်ကြတယ်။ လက်နက်အရုပ်တွေသာ မဟုတ်၊ ထွန်းယက်စိုက်ပျိုးရေး အရုပ်တွေ၊ စက်ရုံးသုံး တည်ဆောက်တဲ့ပုံစံ အရုပ်တွေလည်း ပါဝင်ကြတယ်။ မျှော်လင့် ချက်အနေဖြင့် ရှိရင်းစွဲကနေ လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်လိုက်သလိုပါပဲ။ အရုပ်ဆိုင်တွေကလည်း အောင်မြင်မှု အစွန်းအစတွေ ရလာလိမ့်မယ် လို့ မျှော်လင့်မိပါတယ်တဲ့။”
” ယူဆချက်တွေကတော့ စိတ်ဝင်စားဖို့ ကောင်း တယ်ဟေ့..။ ပြီးပြည့်စုံ ပါတယ်။” လို့ ဟာဗီက ပြန်ပြောလိုက်သည်။ ” အလေ့အကျင့်ကောင်းတွေ ကနေ တစ်နေ့ အင်း…. အောင်မြင်မှုတွေ ရမှာပါ။”
” ညီမလေးတို့တော့ ကြိုးစား ကြည့်ရမှာလေ” လို့ ညီမဖြစ်သူက ကြားဖြတ် ပြောလေသည်။ ” ကိုကြီးက အီစတာပွဲတော် လာခါနီးဆို ညီမတို့ဆီ ရောက်နေကြလေ။ ကိုကြီးက ကလေးတွေအတွက် အရုပ်တွေလည်း ၀ယ်လာတတ်တယ်။ ကိုကြီးအတွက် အခွင့်ကောင်းတစ် ခုလည်း ရတော့မယ်။ အတွေ့အကြုံသစ်တစ်ခု၊ စနစ်သစ်ခုကိုလည်း ရတော့မယ် မဟုတ်လား။ အရုပ်ဆိုင်ထဲ သွားပြီး အရုပ်သေးသေးတွေ ၀ယ်လာခဲ့စမ်းပါ ကိုကြီးရယ်။ မော်လ်အရုပ် ကလေးတွေ၊ မြို့ပြ တည်ဆောက်မှုကို အားပေးထားတဲ့ အရုပ်ကလေးတွေ ၊ ငြိမ်းချမ်းရေးကို အသာပေးထားတဲ့ အရုပ်ကလေးတွေ ၀ယ်ပေးစမ်းပါ… ကိုကြီးရဲ့။ နောက်ပြီး ကိုကြီးရယ် ဆီအန်ဒရီယနိုပယ်ရဲ့ သူရဲကောင်းလေးတွေလေ။ အဲ… ကလေးတွေရဲ့ အဒေါ်ဖြစ်သူ ဆူဇန်က လက်ဆောင် ပေးထားလေရဲ့။ ကလေးတွေက အရုပ်နှင့် ပတ်သက်ပြီး ရှင်းပြစရာတောင် မလိုဘူး… ကိုကြီးရေ။ ကလေးတွေက သူရဲကောင်းအရုပ်ကလေးတွေရဲ့ ၀တ်စုံတွေ၊ အလံတွေလည်း ကောင်းကောင်း သိနေတယ်… တော့်။ အံ့မယ်… ပြီးတော့ သူတို့လေးတွေ သဘောကျပါရဲ့ ဆိုတဲ့ ခေါင်းဆောင် သူရဲကောင်း အရုပ်တွေရဲ့ နာမည်တွေတောင် အလွတ်ရနေတယ်လေ။ ညီမတောင် တစ်ရက်ကြားခဲ့ရသေးတယ်။ ကလေးတွေ ဘယ်လဂျီယန်စကားပြောနဲ့ အမိန့်ပေးသံတွေ၊ ပိုင်ပိုင်နိုင်နိုင်တွေ ပြောဆိုနေကြတယ်… ကိုကြီး။ ဘယ်လိုဖြစ်ဖြစ်၊ ကလေးတွေ နှစ်သက်နေပေမဲ့၊ ညီမလေးတော့ အဲဒီအရုပ်တွေကို လွင့်ပစ်လိုက်တော့မယ် … ကိုကြီးရေ။ အခုတော့ ညီမလေးလည်း တမ်းတမိတယ်။ အီစတာပွဲတော်လာရင် ကိုကြီးဆီကနေ ကလေးတွေအတွက် အားသစ်အင်သစ် ဖြစ်စေပြီး စိတ်ကို ပြောင်းလဲစေနိုင်မဲ့ အရုပ်မျိုးတွေပဲ လိုချင်တော့တယ်။ အဲရစ်က ဆယ့်တစ်နှစ် ကျော်နေပြီ။ ဘာတီက ကိုးနှစ်ခွဲကျော်။ ဒါကြောင့် ကလေးတွေက သိတတ်တဲ့ အရွယ်ကို ရောက်နေကြပြီ… ကိုကြီး။”
“ရှိရင်းစွဲကနေ စဉ်းစားတွေးခေါ်မှုတွေ စခဲ့တာပါ။” လို့ ဟာဗီက ယုံယုံကြည်ကြည် ပြောဆိုလေသည်။ ” မျိုးရိုး ဗီဇနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်… ညီမလေးရယ်။ ကလေးတွေရဲ့ ဦးလေးအကြီးဆုံးက အင်ကာမန်မြို့လေးမှာ သူများနှင့်မတူ ပုံစံကျစွာ နေထိုင်ခဲ့သူပါ… ညီမလေးရဲ့…။ ဟာဗီက သူနေထိုင်ခဲ့တဲ့ ဘ၀ပုံစံကို ပြောပြနေခြင်း သာ ဖြစ်သည်။ ကိုကြီးတော့ ယုံကြည်တယ်။ ကလေးတွေရဲ့ အဖိုးဖြစ်သူက ၀င့်ခ်ျပတ်ဝန်းကျင်ရဲ့ ပူလောင်းလှတဲ့ အိမ်ထဲမှာ ပူပူညံညံနှင့် ရီဖောင်ဘီလ် ဆုံးပါးသွားတဲ့ အထိပေါ့။ ညီမလေး ပြောခဲ့သလိုပါပဲ။ အားလုံးဟာ သိတတ်တဲ့ အရွယ်ကို ရောက်နေပါပြီလေ။ ကိုကြီး အကောင်းဆုံးဖြစ်အောင် ကြိုးစား ပါ့မယ်။”
အီစတာပွဲတော် စနေနေ့တစ်ရက်မှာ ဟာဗီဘုတ်က အထုပ်ကြီးတစ် ထုပ်ကို ဖြေနေလေသည်။ အနီရောင် စက္ကူကတ်ထူပုံးလေး အနား မျှော့် လင်ချက်ကြီးစွာနဲ့ စောင့်ဆိုင်းနေကြတဲ့ တူလေးတွေ ကို အောင်မြင်မှု ရတော့မယ် ဟန်နှင့် ဟာဗီက ကြည့်နေလေသည်။ ” ဦးက သားတို့အတွက် အရုပ်အသစ်ကလေးတွေ ၀ယ်လာခဲ့တယ်။ ” လို့ အမေဖြစ်သူ အလီနောက သဘောကျစွာဖြင့် ပြောဆိုလိုက်သည်။ ကလေးတွေက စိတ်လှုပ်ရှားစွာနှင့် အယ်ဘာနီယန် စစ်သားရုပ်တွေနှင့် ဆိုမာလီ ကုလားအုတ်တပ်ဖွဲ့ အရုပ်တွေကို ကြည့်နေလေသည်။ အဲရစ်က နောက်ပိုင်း အရုပ်ကလေးတွေကို သဘော တွေ့သွားပုံ ရနေသည်။ ” အာရပ်တွေက မြင်းပေါ်မှာ ရှိသင့်တယ်။” လို့ အဲရစ်က တိုးတိုးလေး ပြောနေသည်။ အယ်ဘာနီယန်တွေက ယူနီဖောင်း ကောင်းကောင်း ရှိသင့်တယ်။ သူတို့တွေက တစ်နေ့လုံး၊ တစ်ညလုံး တိုက်နေရတာ။ သူတို့မှာ မြင်းမရှိ ရင်တောင်၊ ကျောက်ဆောင်တွေ ထူထပ်နေရမယ်။ လလည်း ကောင်းကင်မှာ သာနေရမယ်။”
ရှိနေတဲ့ အရုပ်ကလေးတွေကို ဖယ်ပြီးနောက် အကောင်းစား စက္ကူနှင့် လှိုင်းတွန့်ထနေတဲ့ အထုပ်တစ်ထုပ်ဟာ ပုံးထဲမှာ ထပ်ရှိလို့နေသည်။ ဟာဗီက ကတ္တူပုံးထဲကနေ ထုတ်ပြီး ဆွဲဖြီးလိုက်သည်။ အဆောက်အဦးပုံစံ တူလေး တစ်ခုပါ။
” ရဲတိုက်ကြီး တစ်ခုပဲ” လို့ ဘာတီ က ထ အော်နေလေသည်။
” မဟုတ်ဘူး… အယ်ဘာနီယား ပရပ်ရဲ့ နန်းတော်ကွ…။” လို့ အဲရစ် က ပြန်ပြောသည်။ အဲရစ်က သူကိုယ်သူ အထင်ကြီးစွာနှင့် ဂုဏ်ယူစွာပြော ဆိုလေသည်။ ” တွေ့လား။ ပြတင်းပေါက် မပါရင် အဲဒီမှာ အမှုထမ်းတဲ့ သူတွေက တော်ဝင်မိသားစုအတွက် ဘယ်လို မီးမွှေးလို့ ရမှာလဲ ကွ..။”
” ဒါက မြူနီစပယ် အမှိုက်ပုံးကွ..ကလေးတို့ရဲ့..” လို့ ဟာဗီက မြန်မြန် ပြော လိုက်သည်။ ” ကလေးတို့ သိမှာပါ…. မြို့က မလိုအပ်တဲ့ အမှိုက်တွေ ဒီပုံးထဲ ထည့်ပစ်ရတယ်။ နိုင်ငံသူနိုင်ငံသားတွေ ကျန်းမာရေးစွာ နေထိုင် နိုင်ဖို့အတွက် အမှိုက်တွေကို ဒီပုံးထဲ ထည့်ပစ်ရတယ်… သားတို့ရဲ့။”
ကလေးတွေ ငြိမ်သက်မှုနှင့်အတူ ဟာဗီက အနက်ရောင်ဝတ်စုံ ၀တ်ထားတဲ့ အရုပ်တစ်ရုပ်ကို ထုတ်ပေးလေသည်။
” ဒီအရုပ်က မြို့ပြဂုဏ်ထူးဆောင် ဂျွန်စတတ်မေလ်ပါ… သားတို့ရဲ့။ သူက နိုင်ငံစီးပွားရေး ဂုဏ်ထူးဆောင်ပေါ့။”
” ဘာအတွက်ကြောင့်လဲ” လို့ ဘာတီက မေးလေသည်။
” ဟုတ်တယ်မဟုတ်လား… ဦး။ သူကို လိုအပ်လို့။ သူရဲ့ အတွေးအခေါ်တွေ က အသုံးဝင်လို့ မဟုတ်လား။”
ဘာတီက သူရဲ့ ထင်မြင်ချက်ကို တိုးတိုးပြတ်ပြတ်နှင့် ပြောလေသည်။ သူရဲ့ ထင်မြင်ချက်ကို မမှားနိုင်တဲ့ ပုံစံဖြင့် ပြောဆိုနေလေသည်။
နောက်ထပ် ပုံစံတူ အဆောက်အဦး လေးထောင့်ပုံစံ ထွက်လာပြန်သည်။ ဒီအခါမှာတော့ ပြတင်းပေါက်တွေ၊ မြီးခိုခေါင်းတိုင်တွေ ပါလာသည်။
” ဒီပုံစံတူ အဆောက်အဦးလေးက မန်ချက်စတာရဲ့ ခရစ်ယာန်လူငယ် အမျိုးသမီးအသင်းအဖွဲ့ အဆောက်အဦးလေ” လို့ ဟာဗီက ပြောပြနေသည်။
” ခြင်္သေ့ရုပ်တွေ မရှိဘူးလား” လို့ အဲရစ်က သိလိုစောနှင့် မေးလိုက်သည်။ အဲရစ်က ရောမသမိုင်းစာအုပ်တွေကို တော်တော်များများ ဖတ်ဖူးပြီးထားပါ။ သူ့စိတ်ထဲမှာ ခရစ်ယာန်တွေက ခြင်္သေ့တွေကို တွေ့ရင် ကံကောင်းကြတယ် လို့ မျှော်လင့် မှတ်သား ထားသူဖြစ်သည်။
” ခြင်္သေ့ရုပ် မပါလာဘူး” လို့ အဲရစ်က ဖြေလိုက်သည်။ ” ရော့.. ဒီမှာ… နောက်ထပ် မြို့ပြ ပုံစံ တစ်ခု။ ရောဘတ်ရိုက်စ်…သူက တနင်္ဂနွေနေ့ ကျောင်းတွေကို တည်ထောင်သူပဲ။ နောက်ထပ်တစ်ခုက စွန့်ပစ်ပစ္စည်းတွေထားတဲ့ အိမ်ငယ်လေးပုံစံ။ ဒီမှာက ပါမုန့်သေးသေးလေးတွေနှင့် ပြည့်နေတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ ကိတ်မုန့်ဆိုင်ပုံစံ အဆောက်အဦး။ အသေးဆုံးအရုပ်လေးက ကျန်းမာရေးနှင့် အစားအသောက်စစ်ရေးမှုး ၊ သူက ပြည်နယ် စစ်ဆေးရေးမှုးပဲ။ ဒီ တစ်ခုကတော့ အစိုးရ ရုံးထိုင်ရာ အဆောက်အဦး ပုံစံတူလေးပဲ.. သားတို့ရဲ့။”
” ဒီင်္အရုပ်ကလေးကရော ဘာတွေ လုပ်ခဲ့သလဲ” လို့ အဲရစ်က အားပျော့စွာပုံစံဖြင့် မေးလေသည်။
” သူက သူ ဌာနနှင့် ဆက်သွယ်ပြီး သူ တွေ့ခဲ့ရ၊ စုံစမ်းသိသမျှတွေကို ဆက်သွယ် ပြီး အလုပ်လုပ်ရတယ်လေ” လို့ ဟာဗီက ပြန်ဖြေပေးသည်။ ရှည်ရှည်မျောမျောဖြစ်နေတဲ့ ဒီပုံးလေးက မဲပေးပုံးပဲ… သားတို့ရဲ။ ရွေးကောက်ပွဲကျရင် မဲပေးသူတွေက သူတို့ပေးချင်တဲ့ မဲပြားတွေကို ဒီပုံးအပေါက်ထဲ ထည့်ရတယ်… သားတို့။”
” အဲဒီပုံးထဲကို အခြားအချိန်တွေမှာရော ထည့်ပစ်ကြလား…ဦး” လို့ ဘာတီက မေးလေသည်။
” မလုပ်ကြဘူး။” လို့ ဟာဗီက ပြန်ဖြေလေသည်။ ဒီမှာက ဆောက် လုပ်ရေးသုံး ကိရိယာလေးတွေ…။ ဒါက မြေကြီးတွေ သယ်တဲ့ လက်တွန်းလှည်းကလေးလေ။ ဒါက ဂေါ်ပြား။ ဒါလေးကတော့ ဦးအထင်… လက်ဆွဲ ချိန်းကြိုးပဲကွ…။ ဒါလေးက ပျားလေးတွေ မွေးတဲ့အခါ နေဖို့ ပုံစံတူ အိမ်လေးကွ။ ဒါလေးက လေသန့်စင်စက်ကွ၊ ဒလက်လေးပါတယ်ကွ။ ဒါလေးက နောက်ထပ် မြူနီစပယ် အမှိုက်ပုံးတစ်ခုလား။ မဟုတ်ဘူး… ဟုတ်ပါပြီး။ ဒါက ၀ိဇ္ဖာဘာသာရပ်တွေ သင်တဲ့ ကျောင်းကွ၊ဒါက အများသုံး စာကြည့်တိုက်။ ဒီအရုပ်သေးလေးက မစ္စဟေမာန်လေ… အေး သူမက ကဗျာဆရာမကြီး။ ဒီအရုပ်ကလေးက ရောလန်ဟေးလ်…၊ သူက တန်ဘိုးနည်း တံဆိပ်ခေါင်းကပ် စာပို့စနစ်ကို ထွင်ခဲ့တဲ့သူကွ။ ဒီအရုပ်လေးကတော့ ဆာဂျွန်ဟာရှဲလ်ကွ…၊ သူက ကျော်ကြားတဲ့ နက္ခတ်ပညာရှင်ပါ… သားတို့ရဲ့။”
” သားတို့က.. ဒီမြို့ပြ အဆောင်အဦးပုံစံ၊ ဒါတွေနဲ့ ကစားရမှာလား…. ဦး” လို့ အဲရစ်က မေးလေသည်။
” ဟုတ်တာပေါ့… သားတို့ရဲ့…။ ဒါလေးတွေက အရုပ်ကလေးတွေပဲ…။ သားတို့ ဒီအရုပ်တွေနှင့် ကစားဖို့ ဦး ၀ယ်လာတာ။”
ဆက်လက်ရေးသားမည်။
နရီထက်
( ၁၉၊ မတ်လ ၊ ၂၀၁၇ )