သတိရနေတယ် သူငယ်ချင်း
ဒီနေ့ သူငယ်ချင်းလေး မွေးနေ့ပါ…. အများကို ကူညီတတ်ပြီး ခါးတို့ရင် (ကြွက်) လို့ယောင်တတ်တဲ့ သူငယ်ချင်းလေးပါ.. ဒါကြောင့်ကျွန်မတို့က သူ့ကို ကြွက် လို့ခေါ်တယ်… သူ့ကို ကျွန်မ ကျောင်းစတက်တဲ့နေ့က သိခဲ့တယ်.. နယ်ကနေ(YIE)မှာ ကျောင်းလာတက်တဲ့ ကျွန်မ တယောက်ထဲ ယောင်လည်လည် ဖြစ်နေတုန်း သူက ကူညီခဲ့တယ်လေ.. နောက်နေ့တွေ ကျွန်မ ကျောင်းထဲမ၀င်ရဲမှာစိုးလို့ ကျောင်းအ၀င် မုဒ်ဝမှာစောင့်ပေးခဲ့တာ ကျွန်မတို့ ကျောင်းပြီးတဲ့ထိပါဘဲ..ကျောင်းပြီသွားပေမယ့် ကျွန်မတို့သူငယ်ချင်းတွေ အတွဲမပျက်ခဲ့ပါဘူး.. ကျွန်မတို့ မတွေ့ဖြစ်တာ ကြာရင် သတိတယ ဖုန်းဆက်တတ်သူပါ.. ပြီးခဲ့တဲ့ (3) လပိုင်းတုန်းကသူနေမကောင်းဖြစ်တယ်… ကျွန်မတို့ ကိုစိတ်ပူမှာစိုးလို့ သူနေမကောင်းဖြစ်နေတာ မပြောခဲ့ဘူး…. သူထနိုင်တော့မှ ကျွန်မတို့ကိုဖုန်းဆက်တယ်..ငါ နင်တို့ကိုတွေ့ချင်တယ်တဲ့..အခု ငါအရမ်းပိန်သွားပြီတဲ့..အရင်ကဆို သူက ကျွန်မတို့ထဲမှာ ဖက်တီးလေးပေါ့..ဒါကိုသိတော့ ကျွန်မသူငယ်ချင်း မိုးက ငါ သူ့အတွက် အိုဗာတင်းဝယ်လာတယ်တဲ့.. ဒါသောက်မှသူ အရင်ထက် နှစ်ဆဖြစ်မှာတဲ့..အဲတုန်းက ကျွန်မတောင်ရယ်ခဲ့သေးတယ်.. သူနဲ့တွေ့တော့ ပိန်သွားလိုက်တာ.. ငါဒီနေ့မှ ထမင်းစားနိုင်တာတဲ့..နင်တို့ဆီဖုန်းဆက်ရင် နင်တို့စိတ်ပူမှာစိုးလို့… ပြီးတော့ နင်တို့ကိုတွေ့ရင် ငါငိုမိမှာစိုးလို့တဲ့..အဲဒီတုန်းက သူနဲ့နောက်ဆုံးတွေ့ရတာဆိုတာ ကျွန်မတို့ မသိခဲ့ပါဘူး.. နေကောင်းရင် တွေ့ကြဖို့ပြောထားခဲ့တဲ့ ကျွန်မတို့ရဲ့ သူငယ်ချင်းလေးဟာ ကျွန်မတို့ကို နူတ်မဆက်ဘဲ (24.4.2010) မှာ ဆုံးသွားခဲ့တယ်..သူ့အိမ်ကဖုန်းဆက်လာတော့ မယုံခဲ့ဘူး..အိပ်မက်လို့ဘဲထင်ခဲမိ့တာ..ဒါပေမယ့်…… သူသာရှိရင် ဒီနေ့ သူ့ရဲ့ (28) နှစ်ပြည့် မွေးနေ့မှာ ကျွန်မတို့ ဆုံပြီးပျော်ကြရမှာ….
Comment #3
လူသေသွားပေမယ့် သူ့ကိုချစ်တဲ့ အချစ်ကမှ မသေသေးဘဲ……………အမြဲ အတူတူရှိနေကြမယ့် သဘောမဟုတ်လား…..
Comment #4
ရတုလဲ လာဖတ်တယ်။ ၇တုလဲ ခံစားရပါတယ် ။စိတ်မကောင်းပါဘူးအမရယ် ။
ဒါပေမဲ့လေ ရတုတို့ချစ်ရတဲ့ သူငယ်ချင်းတွေက သူတို့ကို ရတုတို့ ဘယ်လောက်ချစ်လဲဆိုတာ
မခွဲခွာခင် သိသွားကြရင် ပိုကောင်းမှာပေါ့နော်။
Comment #6
စိတ်မကောင်းပါဘူး
တကယ်ပါ
အရမ်းခံစားရတယ်
တို့လည်းသူငယ်ချင်းနဲ့ခုလိုခွဲရဖူလို့လေ
Comment #7
ညီမ မှာလည်းအဲ့ဒီလိုမျိုဆုံးသွားတဲ့သူငယ်ချင်းတစ်ယောက်ရှိပါတယ် အမရဲ့ခံစားချက်ကိုလည်းအပြည့်အ၀နားလည်ပါတယ် အ၇မ်းခံစားရတယ်နော်သိပ်ချစ်တဲ့သူငယ်ချင်းကိုသတိရမိနေတဲ့အခါတိုင်းမှာပေါ့
Comment #8
တကယ်ကိုယ်ချင်းစာရပါတယ်
တကယ်လဲခံစားမိတယ်
ကောင်းကင်ဘုံမှာပြန်ဆုံနိုင်မှာပါလေ…………….
Comment #10
ကျောင်းတက်နေ့ တိုင်း လာကြိုစောင့် နေတဲ့ သူငယ်ချင်း ဆို သံယောဇဉ် က နည်းနည်းနောနောမဟုတ်ဘူးနော်..
စိတ်မကောင်းပါဘူး….လူ့ ဘ၀၇လာတော့ လည်း သေကွဲ ရှင်ကွဲ ရှေ့ ဆက်လည်း ကြုံကြ၇ဦးမယ်နော်…
တယောက်ယောက်ကို စိတ်တိုစ၇ာကြုံတိုင်း ဒီ အသိလေးဝင်လာ၇င် ဒေါသအား လျော့ သွားပီး သည်းခံနိုင်လာမလားပဲ နော်
Comment #11
အင်း ………စာဖတ်ရတာတကယ်ကိုစိတ်မကောင်းပါဘူး
အစ်မရဲ့ သူငယ်ချင်း ကောင်းရာသုဂတိလားပါစေ……..
Comment #1
အင်း—————ဟုတ်ပနော် အမ ———-အ၇မ်းဝမ်းနည်းစ၇ာကောင်းတယ်နော်——–ကိုယ့်သူငယ်ချင်း၇ဲ့နောက်ဆုံးခ၇ီးလေးမှာ အမ ဘာလုပ်ပေးလိုက်နိုင်လဲဟင်———————
ဒါပေမဲ့ ဘယ်သူမှ ကိုယ်၇ဲ့သေခြင်းကို မသိနိုင်ပါဘူး———–ကိုယ်ဘယ်အချိန်သေမလဲဆိုတာတောင် မသိ၇တာ သူတပါး ဘယ်အချိန်သေမလဲဆိုတာကိုလည်း သိလို့မ၇နိုင်ဘူးမို့လား———— ဘာပဲဖြစ်ဖြစ် သူ့နဲ့ကိုယ် ဆုံခဲ့တဲ့အချိန်လေးမှာ အကောင်းဆုံးဖြစ်အောင် သူငယ်ချင်းပီပီသသ ဆက်ဆံနိုင်ခဲ့တယ်ဆို၇င်လည်း ဒါ က ၀မ်းသာစ၇ာပဲလေ။။။။
ဝေဖန်တာမှားသွား၇င် ခွင့်လွှတ်နော်————-အမ၊