အဆိပ်သင့်နှလုံးသားတစ်ခုရဲ့ တစ်ခန်းရပ်ပြဇာတ်
သွေးရူးသွေးတန်းနဲ့ ကျနော် ပြေးထွက်ခဲ့တယ် တကယ်တော့ ကျနော် သူ့ကိုအရမ်းချစ်တာပါ ကျနော်သိတယ် အခုတစ်လော ကျနော်စိတ်တွေမူမမှန်မှန်း
သူ့ဓာတ်ပုံကိုကြည့်တိုင်း ဖြစ်လာတဲ့ခံစားချက် တွေကိုနာမည်တပ်ကြည့်တယ်
” နာကြည်းချက်၊ ယုံကြည်မူကိုအလွဲသုံးစားအလု
သူ ကျနော်ကိုစွန့်ခွါသွားတယ်၊ မခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့ပေါ့။ ကျနော်နေနိုင်အောင်ကြိုးစားကြည့်ခဲ့ပါတယ်
ဒါပေမဲ့သူ့ သူငယ်ချင်းတွေနဲ့ကျနော့ သူငယ်ချင်းတွေက ကျနော်တို့တွဲခဲ့တဲ့၃နှစ်တာကာလအတွင်းမှာ နှစ်ဦးနှစ်ဖက်ရင်းနှီးနေကြပြီလေ ။ သူတို့တွေပြောပြကြတဲ့ သူနဲ့သူရဲ့ ချစ်သူအသစ်လေးအကြောင်းတွေက ကျနော်နားနှစ်ဖက်ကိုပိတ်ထားလဲ ကြားနေရတယ် ။ စိတ်ဆိုတာမထားတတ်ရင် တော်တော်ပင်ပန်းဖို့ကောင်းမှန်း အဲတော့မှသိခဲ့ရတယ် ။ အသည်းကွဲတယ်ဆိုတာဒါမျိုးလား၊
ဒါမှမဟုတ် ခံပြင်းတာလားမသိတဲ့ခံစားချက်တွေ ရင်မှာပဲ့တင်ထပ်နေတယ်။ ရင်ပူတယ်ဆိုတာဒါများလား? ထားလိုက်ပါတော့ ဆိုပြီး အဲဒီစိတ်တွေမေ့ဖျောက်ဖို့ ကျနော်အကူအညီတွေသုံးရတယ် အကူအညီဆိုတာ
တစ်ခြားမဟုတ်ပါဘူး အားလုံးသိတဲ့အတိုင်း မကောင်းတဲ့အရာတွေပေါ့ အရက်၊ ဆေးလိပ် ဘာညာပေါ့။ အမှိုက်ကအစပြာသာဒ်မီးလောင်ဆိုတာတယ်မှန်တာဗျာ
ဒီလိုနဲ့ပဲဆိုးတဲ့အရာတွေပေါ်ကျနော်ခြေချမိတယ် ဆေးခြောက်၊ ကိုကင်း ၊ဘိန်းဖြူ စသည်ဖြင့် ပေါ့ဗျာ ။ တစ်ရက် ကျနော်ထုံးစံအတိုင်းပေါက်မြောက်ပြီး သူနေတဲ့ အိမ်ရာနားရောက်သွားတယ် ကားကိုကိုယ်တိုင်မောင်း ပြီးတော့။ရောက်လက်စနဲ့ မထူးပါဘူးလေဆိုပြီး သူ့အိမ်ရှေ့ကိုပါရောက်သွားတယ် ။သူ့အိမ်ရှေ့ကခုံတန်းလေး၊ တစ်နည်းပြောရရင် ကျနော်နဲ့သူထိုင်နေကျ အုတ်ခုံလေးမှာကျနော်ထိုင်နေမိတယ်။ မျက်လုံးထဲမှာလင်းခနဲဖြစ်သွားတယ် ၊
သူ….. သူသိပ်လှနေတယ်ဗျာ ။မတွေ့ရတာကြာလို့လားမသိဘူး သူနဲနဲဝလာသလိုပဲ ။ ဒါပေမဲ့ကျနော့စိတ်ထဲမှာ သူကဘာပဲဖြစ်ဖြစ်လှနေတာပါပဲလေ။
သူ ကျနော့ကိုမမြင်ဘူးဗျ၊ ဖုန်းပြောနေတယ် ထုံးစံအတိုင်းချိုသာကြည်လင်နေတဲ့ သူ့အသံလေးပါပဲ ၊ မှတ်မိပါတယ် သူနဲ့ ကျနော်ပြော နေကြ ခေါ်နေကြ အသုံးအနှုန်းတွေ “ကို၊ သဲကိုစောင့်နေနော် ။ သဲ အခုအိမ်ကထွက်လာပြီ” ။
ကျနော်ပြာသွားတယ်။ စဉ်းစားဆင်ခြင်နိုင်စွမ်းဆိုတာ အတားအဆီးမဲ့သွားတယ် ။ ကျနော့ကားသော့က ကီးချိန်းလေးက ဒါးလေး၊ ပြောရရင်တော့ကျနော့မွေးနေ့ကသူပေးထားတဲ့ ၅လက်မဒါးလေး ။ ။
၂မိနစ် ၊ ၃မိနစ် အတွင်းမှာဖြစ်ပျက်သွားတဲ့ အရာတွေကို ပြောင်းလဲလိုက်လို့ရရင်ကောင်းမှာပဲ ကျနော် ခေါင်းထဲကိုအသိတရားဆိုတဲ့ အရာဝင်လာတဲ့အချိန်မှာ ကျနော်အတွက်ပြင်ဆင်ချိန်ဆိုတာနောက်ကျသွားခဲ့ပြီလေ ။ ။
မိုးတွေရွာနေတယ်
ဒါပေမဲ့ ကျနော့ရင်ထဲကရွာတဲ့မိုးကပိုသည်းခဲ့လေသလား ။
သူ အရမ်းလှနေတယ်ဗျာ မိုးရေတွေထဲမှာနီစွေးစွေးသွေးတွေနဲ့ ကျနော့အတွက်ကြည့်လို့တောင်ကောင်းသေးတော့။
သွေးရူးသွေးတန်းနဲ့ကျနော်ပြေးထွက်ခဲ့တယ်
ဒါးပေါ်ကသွေးတွေကိုသုတ်လိုက်တယ် ကားကိုစက်နှိုးပြီး ခက်ဝေးဝေးကိုမောင်းထွက်ခဲ့တယ် လမ်းပေါ်ကလူတွေ ကားတွေကိုမတိုက်မိအောင်သတိထားရင်း ဘယ်ရောက်နေမှန်းကိုသတိမထားမိလိုက်ဘူး။ ကျနော်ကားကိုရပ်လိုက်တယ်။ တစ်ချိန်ကသူနဲ့ကျနော်နဲ့ အချစ်မှတ်တိုင်လေး ၊ တစ်နည်းပြောရရင် ကျနော်တို့စတွေ့တဲ့နေရာလေး။
ဟုတ်ကဲ့ ကျနော်ရောက်နေတာအင်းလျားကန်ဘောင်မှာပါ ။မလှမ်းချင်လှမ်းချင်ခြေလမ်းတွေကို သူနဲ့ထိုင်နေကျသံထိုင်ခုံလေးဆီကိုဦးတည်လိုက်တယ် ။
ခုံတန်းလေးပေါ်မှာရေးထားတယ်စာတမ်းလေး ” ဘယ်တော့မှမခွဲကြေး” တဲ့။ ကျနော်စစ်ခနဲနာသွားတယ် ။ အမှန်အတိုင်းပြောရရင် သူ မရှိပဲကျနော်အသက်ရှင်ဖို့ဆိုတာ မဖြစ်လာနိုင်တဲ့အရာတစ်ခုလို့ကျနော်လက်ခံထားတာပဲလေ အစကတည်းက။
အခုတော့ကျနော် အမှားကြီးမှားခဲ့ပြီလေ ။ ကျနော့စိတ်ကသေခဲ့ပြီပဲ ။ ရှင်းရှင်းပြောရရင်ကျနော်ကသေမထူးနေမထူးအကောင်ဖြစ်နေပြီလေ။
ပြီးတော့တစ်ချိန်ကြရင် ကျနော်လုပ်ခဲ့တဲ့ဖြစ်ရပ်ကြီး က သိသွားကြမှာပဲ။
အဲဒီအခါကျရင် ဥပဒေဆိုတာကြီးတွေရော ပတ်ဝန်းကျင်ရဲ့ လက်ညှိုးတွေရော ရင်ဆိုင်ရမှာ ။ အတွေးပေါင်းများစွာနဲ့ကျနော် ၂မိနစ်ခန့်ရူးသွပ်ရင်း နောက်ဆုံးမှာ ဆုံးဖြက်ချက်တစ်ရပ်ကို ပီပီပြင်ပြင်ချလိုက်ပါတော့တယ် ။
ကျနော်အေးခနဲဖြစ်သွားတယ် ၊ အသက်ရှူကျပ်လာပြီ ၊
ကျနော်အားလုံးကိုနှုတ်ဆက်ရတော့မယ်ဆိုတာသိနေပြီ ။
ကျနော့ဘဝ အသက်၂၀မှာဆုံးခဲ့ရပြီ ။
ဒါပေမဲ့ ကျနော်ကျေနပ်တယ် ။
ဘာလို့လဲဆိုတော့ ကျနော်သူနဲ့ချစ်ခွင့်ရခဲ့လို့ပေါ့
(ဖြစ်ရပ်မှန်တစ်ခုကို ဆင့်ပွါးခံစား၍ရေးပါသည်) ( MIN SETT HEIN)