Professional Authors

တခါတုန်းက တက္ကသိုလ်မှာ… မောင်လပြည့် (တက္ကသိုလ် ဆယ်ရက်) PART V (ဇာတ်သိမ်း)

ရွှွှေရည်စိမ် ခံစားချက်များ

ဒီလို နှင့် စာမေးပွဲ များ အောင်ကာ ဘွဲ့ ယူမည့် အချိန်သို့ ရောက်လာပါတော့သည်။

လူသားတစ်ဦးအတွက် တက္ကသိုလ် မှ ပေးသော ဘွဲ့ ကို ယူရမည့်အချိန်သည် ထိုသူ၏ ဘ၀တွင် အရေးအကြီးဆုံးနှင့် အပျော်ဆုံး နေ့ တစ်နေ့ ဖြစ်မှာမလွဲပင်။

ကျွန်တော်သည်လည်း မိမိအား ခေတ်ပညာတတ် တစ်ဦးအဖြစ် အသိမှတ်ပြုပေးမည့် ဘွဲ့ ဆိုသော လက်မှတ်ကြီးကို အလွန်တန်ဖိုးထားချင်ပါသည်။ လွန်စွာမြတ်နိုးချင်ပါသည်။ လွန်စွာမှပင် ဂုဏ်ယူချင်ပါသည်။

ငါ သည် B.A (Englsih) ဟုဆိုသော အင်္ဂလိပ်စာ ဘွဲ့ ကြီးကို လက်ဝယ်ပိုင်ပိုင်ရသူ အဖြစ် လူပုံအလယ်တွင် လက်မထောင်ကာ မောက်ကြွားချင်ပါသည်။

သို့ သော်… ယခုတော့..

ဤဘွဲ့ ကို မည်သို့ မည်ပုံ ရယူခဲ့သည်ကို မိမိကိုယ်သာ မိမိအသိဆုံးဖြစ်ပါသည်။ ရသည့်ဘွဲ့ နှင့် ထိုက်သင့်သော အရည်အချင်းမရှိသည့် အတွက်လည်း လွန်စွာမှပင် အားငယ်မိပါသည်။

အင်္ဂလိပ်စာ နှင့် ဘွဲ့ ရခဲ့သော်လည်း . News Week, Times အစရှိသည့် အင်္ဂလိပ်စာစောင် ၊ မဂ္ဂဇင်း များထဲမှ သုံးကြောင်းမျှသော အင်္ဂလိပ်စာကိုပင် ရေရေလည်လည် သဘောပေါက်အောင် မဖတ်နိုင်ပေ။

သင်ခဲ့ရသော သင်ခန်းစာ ထဲမှ ရှိတ်စပီးယားသည် မည်သည့်နိုင်ငံမှ စာရေးဆရာဖြစ်ကြောင်းကိုပင် မသိလိုက်ချေ။

ထို့ ကြောင့် . ရသည့်ဘွဲ့ ကိုလည်း ရွှေရည်စိမ် ဘွဲ့ ကြီး ဟု ဆုလျှင် မှားအံ့မထင်


အဘယ်ကြောင့်နည်း။

အဖြေကရှင်းပါသည်။ လွတ်လပ်သော မြန်မာနိုင်ငံကြီးတွင် . စာမေးပွဲ များကိုလည်း လွတ်လပ်စွာပင် ကြည့်ရှူ ကူးယူခွင့် ရခဲ့သည့် အတွက် မည်သည့် သင်ခန်းစာ မျှ ကျေညက်ရန်မလို ။

 

(( မှတ်ချက် .. တက္ကသိုလ်ကျောင်းသား အားလုံးကို မဆိုလိုပေ။

သို့ သော် . ကျွန်တော့် ဖြတ်သန်းခဲ့ရသော တက္ကသိုလ်အတွေ့ အကြုံသည် ကြိမ်ပြောလျှင်ပင် ယုံနိုင်ဖွယ် မရှိသော အခြေအနေ တစ်ရပ်ဖြစ်ခဲ့ချေပြီတကား ။))

 

 

ဘွဲ့ နှင်း သဘင် ခန်းမ ထဲက လူငယ်ခြေကျ တစ်ဦး

ကျွန်တော့်အမြင်အရ ဘွဲ့ နှင်းသဘင် အခမ်းအနားသို့ တက်ရောက်လာသော ဘွဲ့ ယူ မောင် မယ် များသည် အဆိုပါ ဘွဲ့ လက်မှတ်ထက် မိမိတို့ ဘွဲ့  ၀တ်စုံဖြင့် မည်သို့ အလှဆုံးဖြစ်အောင် ပြင်ဆင်ကြမည် ကိုသာ စိတ်စောနေကြသည်။

သစ်ပုတ်ပင် ရှေ့  နှင့် ဘွဲ့ နှင်းသဘင် ခန်းမကြီးကို နောက်ခံထားကာ ရိုက်လိုက်သော အလှရိုက်သော ဓာတ်ပုံ သည်သာ ဘွဲ့ ယူ မောင်မယ် တို့ အတွက် အရေးတကြီး အလုပ် လို ပင်ဖြစ်နေပါသည်။

ကျွန်တော်သည် အဆိုပါ ဘွဲ့ ကို ယူဖို့ ရန် အနည်းငယ်တွန့် ဆုတ်မိပါသည်။ သို့ သော် . ကျွန်တော်နှင့်အတူ ဖြေကြသော အားလုံးသော ကျောင်းသား ကျောင်းသူ များကတော့ ဓာတ်ပုံများ တဖျတ်ဖျတ်ရိုက်ရင် ပျော်ရွှင်မဆုံးဖြစ်နေကြသည်။


မိန်းကလေးတစ်ယောက်အဖို့ . ဘွဲ့ ယူသည့်နေ့ နှင့် မင်္ဂလာဆောင်သည့်နေ့ သည် . လွန်စွာမှ အလှပြင်သော နေ့ ဟု ထင်မိပါသည်။


ကျွန်တော်ကတော့ ယောကျာ်းလေး ဖြစ်သည့်အတွက် ပုဆိုးတစ်ထည် ၊ ရှပ်အကျီ င်္ အဖြူနှင့် ဘွဲ့ ဝတ်စုံ ပြည့်စုံချေပြီ။

မိုးကတော့ သူ့ ကိုယ်သူ အလှဆုံးဖြစ်အောင် . လမ်းထိပ်မှ မိတ်ကပ် ဆရာနှင့် ပြင်ခဲ့သည်ဟု ဆိုလေသည်။ ကျွန်တော်တို့ နှစ်ယောက်သည် . ငယ်စဉ်က စိတ်ကူယဉ်ခဲ့ဖူးသော သစ်ပုတ်ပင်ကြီးကို နောက်ခံထားကာ
နှစ်ယောက်တွဲ ဓာတ်ပုံ များရိုက်ကြသည်။ မိဘများနှင့် လည်း တွဲကာ ပျော်တပြုံပြုံ ၊ ကင်မရာများက တဖျတ်ဖျတ် ၊

 

အော်… အဓိပတိလမ်းကြီး ဆိုတာ ဒီလမ်းပါလား ။ သစ်ပုတ်ပင်ကြီး ဆိုတာလည်း ငါ ငယ်ငယ်က အတိုင်းပါပဲလား ။

 

ကျေးဇူးတင်ပါတယ် . ကျွန်တော့်ရဲ့  ငယ်စဉ် အိပ်မက်ကလေး ဖြစ်တဲ့ ရန်ကုန် တက္ကသိုလ်ကြီးကို ဘွဲ့ ယူတဲ့ နေ့ လေး

တစ်နေ့ မှာတော့ ရောက်ခွင့်ကြုံလို့ ပါ၊

မကြာမီ ဘွဲ့ နှင်းသဘင်အခမ်းအနား စတင်လေပြီ။

ခမ်းမထဲတွင် အနက်ရောင် ဘွဲ့ ဝတ်စုံများဖြင့် နက်မှေင်စွာ ၊ကျက်သရေတင့်စွာ ထိုင်နေသည့် ဘွဲ့ ရမောင်မယ် များ ကလည်း ပြည့်သိပ်လျက်။

ဘွဲ့ နှင်းသဘင် ခမ်းမထဲတွင် မြန်မာ့ဆိုင်းဝိုင်းကြီးကိုလည်း တွေ့ ရသည်။ ကျွန်တော်က စိတ်ဝင်တစားကြည့်နေတုံး ဆိုင်းဆရာမှ သာယာနာပျော်ဘွယ် ဆိုင်းသံများဖြင့် အခမ်းအနားကို အသက်သွင်းလေသည်။

ဘေးနားမှ သူငယ်ချင်း တစ်ဦး ပြောပြရာတွင် . ယခုလို ဘွဲ့ နှင်းသဘင်အခမ်းအနားတွင် ရှေးရိုးရာအစဉ်အလာအတိုင်း . မှန်ညောင်သဉ္ဇာ ညီလာပတ်ဝန်းမြိုင် . အစချီသည့် ၀တ်ရုံတော် ကြိုးသီချင်းကို တီးခတ်ပေးရသည်ဟု သိရပါသည်။ ထို အချိန်တွင် မောင်မယ် များအားလုံးက တပြိုင်နက် မတ်တပ်ရပ်ရပါသည်။ သက်ဆိုင်ရာ ပါမောက္ခများ ၊ဌာနမှူး ဆရာ ဆရာမ များကလည်း ၀တ်ရုံကြီးများကိုယ်စီဖြင့် အသီးသီး နေရာယူရန် စင်မြင့်ထက်သို့ တက်ရောက်လာကြပါသည်။

ထို့ နောက် . နိုင်ငံတော် သီချင်းကို တီးမှူတ်ချိန်တွင် ခမ်းမထဲရှိ အားလုံးသော ပရိတ်သတ်များက မတ်တပ်ရပ်ကြရပါသည်။ နိုင်ငံတော်သီချင်း တီးမှူတ်ခြင်းပြီးနောက် အားလုံးပြန်ထိုင်ကြပါသည်။

ထိုစဉ်အချိန်အတွင်း ကျွန်တော့် စိတ်ထဲတွင် ထူးခြားသောခံစားမှူ့ တစ်ရပ်ကို ခံစားလိုက်ရပါသည်။

အော်.. ငါ တို့ ရ တဲ့ ဘွဲ့ လက်မှတ်တွေသာ တကယ့်အရည်အချင်း အစစ်အမှန်အတိုင်းဆိုရင် . ငါ တို့ ကို ဒီလို ဂုဏ်ပြုနေကြတာတွေဟာ သိပ်ကို သာယာနာပျော်ဖွယ် ၊ အမှန်ကို ဂုဏ်ယူဖွယ်ရာ ကောင်းပေလိမ့်မည်။

ယခုတော့ . ငါတို့ တွေရဲ့ အဖြစ်ဟာ . အရည်အချင်း မရှိတဲ့သူတစ်ယောက်ကို . တကယ့်ပညာရှိကြီးတစ်ဦးပမာ မျက်စိ စုံမှတ်ပြီး ၀ိုင်းဝန်းဂုဏ်ပြုနေကြသလိုပါပဲလား။

ကျွန်တော်သည် ခမ်းမ ထဲတွင် ထိုင်နေရသော်လည်း စိတ်ထဲတွင် လွန်စွာ မှပင် သိမ်ငယ် သလို လို ။ အားငယ်သလိုလိုဖြစ်လာရပါသည်။

ထို ဘွဲ့ နှင်းသဘင်ခမ်းမ ကြီးထဲတွင် . ကျွန်တော်တို့ ထက် ဟိုး ယခင် အချိန်များက ဘွဲ့ ယူခဲ့သော ပညာရည် အမှန်ပင်ပြည့်ဝကြသည့်

ဘွဲ့ ရမောင်မယ် များ က ကျွန်တော့် အား အရည်အချင်း မရှိပဲနှင့် ဘွဲ့ ရခဲ့သည့် . အချောင်သမား တစ်ဦးအဖြစ် ရယ်သွမ်းသွေးနေကြမည်မှာ အသေအချာပင်။

 

ပါမေက္ခရဲ့ သြ၀ါဒ မိန့် ခွန်း

 

မောင်မယ်တို့ .. ဟူ၍ အစချီသော ပါမောက္ခ ချုပ် ၏ မိန့် ခွန်းသံက ကျွန်တော်၏ အတွေးယဉ်ကြောကို ဖြတ်တောက်ပစ်လိုက်သည်။

 

သက်ဆိုင်ရာ စာမေးပွဲကို ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ကြပြီးသည် ဟု သတ်မှတ်ခြင်းခံရသူကို ဘွဲ့ အပ်နှင်း ရန် ဤတက္ကသိုလ်ဘွဲ့ နှင်းသဘင် ကို ကျင်းပခြင်းဖြစ်ကြောင်းပြောကြားပါသည်။

 

ဆက်လက်ပြီး . ဘွဲ့ ယူမည့်သူတို့ ၏ ထုံးစံအတိုင်း ကတိသစာ အမျိုးမျိုးကို . ကတိပြုရလေသည်။

ပညာရေးအဖွဲ့ က ထောက်ခံချက်ပေးပြီးသော ဘွဲ့ များကို မောင်မယ် တို့ အား အပ်နှင်းလိုက်သည့် အချိန်က စပြီး နေ့ စဉ် နေ့ တိုင်း နေထိုင်ပြောဆို မှူ့ တို ဤတက္ကသိုလ်ဘွဲ့ ရများနှင့် ထိုက်တန်စွာနေထိုင်ပြောဆိုပါမည် ဟု ရိုးသားစွာ ကတိပြုပါ ၏ လော။


အော်..ပါမောက္ခ ချုပ်ကြီးရယ်… ကျွန်တော်တို့ ရဲ့ စာမေးပွဲဖြေဆိုခဲ့ပုံတွေကိုသာ သိခဲ့မယ် ဆိုရင် . အခုလို အချိန်အကုန်ခံပြီး ကတိတွေဘာတွေ တောင်း တော့မှမဟုတ်ဘူးနော် ဟု. ကျွန်တော် ၏ စိတ်ထဲတွင်ဖြစ်ပေါ်မိပါသည်။

 

တကယ်ပဲ ရိုးရိုးသားသား မသိတာလား ။ မသိချင်ယောင် ဆောင်နေတာလား ။

 

တက္ကသိုလ် စာမေးပွဲ ကြီးကို ကိုယ့် မျက်ကွယ်ရာ မှာ ဒီလို လက်လွတ်စံပယ် ကျင်းပလိုက်ရင် ဘယ်လို ရလာဒ်တွေ ဖြစ်လာမလဲ ဆိုတာ နည်းနည်းလေးမှ မတွေးကြည့်တော့ဘူးလား ခင်ဗျာ။

 

တက္ကသိုလ် ၀င်းထဲမှာ နေရာမရှိုလို့ . အဆင်ပြေတဲ့နေရာမှာ ဖြစ်သလို ကျင်းပလိုက်ရပါတယ်ဆိုတဲ့ ဆင်ခြေကတော့ . . မဖြစ်သင့်ဘူးလို့ ထင်ပါတယ် ။


ကမ္ဘာပေါ်တွင် . တက္ကသိုလ်ကြီး တစ်ခုမှပေးသော ဘွဲ့ တစ်ခုကို ..ဤမျှလောက် ခပ်လွယ်လွယ် ခပ်ပေါပေါရသော တိုင်းပြည်သည် ကျွန်တော်တို့ မြန်မာပြည်မှ အပ အခြားမည်သည့် နေရာတွင် ရနိုင်ပါအံ့နည်း။

(တက္ကသိုလ်ဘွဲ့ ရ အားလုံးကို မဆိုလို ကြောင်း အမှန်တကယ် ပညာရည်ပြည့်ဝ သူတို့ က နားလည်သဘောပေါက်ကြပေလိမ့်မည် ။ သို့ သော် အများစု ကတော့ ခပ်လွယ်လွယ်ပင် ဖြစ်သည်)


စင်ပေါ်သို့ ခြေတစ်လှမ်း ကုဋေ တစ်သန်း


မကြာမီ. ပါမောက ချုပ်မှ တစ်ဦးဆီကို အစဉ်လိုက်အတိုင်း ဘွဲ့ လက်မှတ်များ ပေးလေသည်။ ဘွဲ့ ယူကြမည့် မောင်မယ်များက ခုံနံပါတ်အလိုက်တန်းစီ ကြရသည်။ သြဘာလက်ခုပ်သံများက ဟို တစ်ချက် ၊ ဒီတစ်ချက် ကြားနေရသည်။


ကျွန်တော်သည် ယခု လို ဘွဲ့ ယူခါနီးတန်းစီလိုက်စဉ်တွင် ရင်ထဲတွင် စိတ်မကောင်းခြင်းကြီးစွာ ခံစားရမိပါသည်။ ကျွန်တော် ရရှိမည့် ဘွဲ့ နှင့် ထိုက်တန်သော ပညာအရည်အချင်း ကျွန်တော့်တွင်မရှိပါ။

ထို့ အတူ ကျွန်တော် နှင့် အတူ ဘွဲ့ ယူကြမည့် ကျွန်တော့် သူငယ်ချင်းများ သည်လည်း ကျွန်တော့်လို ပင်ဖြစ်ပေမည်။

ဘယ်သူ့ ထံတွင် တာဝန်ရှိပါသနည်း။ မည်သူ က ယခုကဲ့သို့ တာဝန်မဲ့ခဲ့ပါသနည်း ။


ကေသရာဇာခြင်္သေ့မင်း ၏ အဆီသည် သိဂီ င်္ရွှေခွက်နှင့်သာ ထိုက်တန်ပါသည်။ သို့ သော် ယခုတော့ ကျွန်တော့် ထံတွင်ရှိသည့် ကား ရွှေရည်စိမ် ဒန် ဖလား တစ်လုံးသာ။

ဘွဲ့ လက်မှတ် ရယူရမည့် အစဉ်လိုက်သည် တဖြည်းဖြည်းနှင့် ကျွန်တော့် အလှည့်သို့ ရောက်လာသည။်

ကျွန်တော်သည် ဘွဲ့ နှင်းသဘင် စင်မြင့်ထက်သို့ မ၀ံ့မရဲ လှမ်းတက်လိုက်သည်။ ခြေလှမ်းတို့ သည် ယိုင်နဲ့ နေသည် ။ ချိနဲ့ နေသည်။ အိနြေ္ဒ ဆယ်ကာ လမ်းကို လျှောက်ရင်း ဘွဲ့ လက်မှတ်ပေးသည့် ပါမောက ကြီးဆီသို့ လက်နှစ်ဘက်ကို ကမ်းပေးလိုက်သည်။ ပါမောက္ခ ကြီးက ပြုံးရွှင်စွာပင် ကြည့်ပြီး ကျွန်တော့် လက်ထဲသို့ ကျွန်တော်နှင့် မထိုက်တန်သည့် ဘွဲ့ လက်မှတ်ကြီးကို ယုံကြည်စွာပင် ပေးအပ်လိုက်သည်။

 

ကင်မရာ ရှက်တာ မီးအလင်းရောင်တို့  ဖျက် ကနဲ အမိအရ လှမ်းရိုက်လိုက်သည်။ ထိုစဉ် အတွင်းထောင့် ခပ်ကျကျ ဆီမှ လက်ခုပ်သံတချို့ ထွက်ပေါ်လာသည် ။ စင်မြင့်အောက်မှ ကျောင်းသားတချို့ က ပြုံရယ်ကာ ငေးကြည့်နေကြသည်။

ထို . ကင်မရာ မီးအလင်းရောင်များ ၊ လက်ခုပ်သံများ ၊ ကျောင်းသားများ ၏ အပြုံး များသည် ကျွန်တော့် အား လှောင်ပြောင်နေသလို ခံစားရပါသည်။

ကျွန်တော်သည် စင်အောက်သို့ ရောက်လျှင်ရောက်ချင်း ဘွဲ့ လက်မှတ် ကြီးကို အလျင်အမြန်ဖွင့်ကြည့်မိပါသည်။

 

သို့ သော် . ကျွန်တော် မြင်လိုက်ရသောအရာသည် ရင်ထဲတွင် ဒိတ် ခနဲ ၊ မျက်လုံးထဲတွင် ပြာ ကနဲ ဖြစ်သွားစေသည်။

 

ငါးရာတန် အသစ် တစ်ရွက် ။

 

ဘွဲ့ လက်မှတ် စာအိတ် အောက်ဆီမှ လျော ခနဲ ထွက်လာသည်။ ကတုန်ကယင်နှင့် ပိုက်ဆံကို ကြည့်နေသော ကျွန်တော့်အား အချို့ က အထူးအဆန်း သဖွယ် ကြည့်နေကြသည်။
 

ထို့ နောက်ကျွန်တော် အသေအချာ ပြန်လည် စဉ်းစား လိုက်သည်တွင် . ဓာတ်ပုံဖိုးငွေများ ပေးရန် ဟု ရည်ရွယ်ကာ လက်ထဲတွင် ကိုင်မှန်းမသိကိုင်လာမိသော ပိုက်ဆံ တစ်ရွက်သာဖြစ်ပါသည်။ အော်..တော်ပါသေးရဲ့ ဟု သက်ပြင်းချလိုက်မိသည်။

 

သို့ သော်ကျွန်တော်သည်.ဤ ဘွဲ့ နှင်းသဘင် ခန်းမကြီးထဲ၌… ငွေ ငါးရာတန် တစ်ရွက်ကိုမြင်ရုံမျှဖြင့် လိပ်ပြာလွင့်မတတ်ကြောက် လန့် သွားမိသည် မှ ကိုယ့်အကြောင်းနှင့် ကိုယ်သာ

ဘွဲ့ လက်မှတ်ကြီးက ခမ်းနားလှပေစွ ။

ဝိဇ္ဇာ ဘွဲ့  ( အင်္ဂလိပ်စာ) ဟု မြန်မာလို ပင် ပီပီသသ ရှင်းလင်းစွာ ရေးသားထားသော ဘွဲ့ လက်မှတ်ကြီးကို ကြည့်ကာ ၀မ်းသာ ၀မ်းနည်းဖြစ်မိပါသည်။

အကြင်သူ တစ်ဦးသည် သူငယ်တန်းမှ တက္ကသိုလ် အောင်မြင်သည့် အတွက် အလိုချင်းဆုံး ဆုသည် ယခု ကျွန်တော့်လက်ထဲတွင်ရှိသည့် တက္ကသိုလ် ဘွဲ့ လက်မှတ်ကြီးပင်ဖြစ်သည်။

ယခုတော့ ကျွန်တော်သည် ခေတ်ပညာတတ်တစ်ဦး အဖြစ် လောကအလယ်တွင် ရပ်တည်နိုင်မည့် ဘွဲ့ လက်မှတ်ကြီးကို လက်ဝယ်ပိုင်ပိုင် ရရှိချေပြီတကား ။

ထို့ ကြောင့် ကျွန်တော် ပျော်မိပါသည်။

ထို့ အတူ . ကျွန်တော် သည် စိတ်ထဲတွင် ၀မ်းနည်းသလိုလိုလည်း ရှိပါသည်။

ယခု ရရှိသော ဘွဲ့ လက်မှတ်ကို မည်သို့ မည်ပုံကြိုးစား ၍ရရှိခဲ့ပါသနည်း ။ ထိုမေးခွန်းကို ဖြေရန်ပင်မလိုလောက်အောင် ရှင်းလင်းလှပါသည်။

၎င်း ဘွဲ့ နှင့် ထိုက်တန်သော အသိပညာ ၊ အတတ် ပညာ များသည်လည်း ကျွန်တော့် ထံတွင် နတ္တိ ပါတကား။

အကယ်၍ များ ကျွန်တော်တို့ ၏ ဖြစ်ကြောင်းကုန်စင်ကို ယခု စင်မြင့်ထက်မှ ပါမောကကြီးများက သိလျှင် ၀ိဇ္ဇာ ဘွဲ့  ( အင်္ဂလိပ်စာ) ဟူသောနေရာတွင် (( အကူး ၀ိဇ္ဇာ )) ဟူသော စကားရပ်ကြီးကို ပြောင်းလဲ လိုက်မည်မှာအသေအချာပင်။

 

ကျွန်တော်သည် ဘွဲ့ ရသော်လည်း ပညာ မတတ်ခဲ့ပါ။

 

ကျွန်တောသည် စာမေးပွဲ အောင်သော်လည်း . သင်ခန်းစာ များ အမှန်တကယ် မကြေညက်ခဲ့ပါ။

 

 

ကျွန်တော့် လို ပင် . ရာနှင့်ချီသော အင်္ဂလိပ်စာ အဝေးသင်ကျောင်းသူ ကျောင်းသားများလည်း ဘွဲ့ ရသော်လည်း ပညာကို အမှန်တကယ်တတ်မြောက်ခြင်းမရှိသူများ ဖြစ်ပါသည်။

 

ကျွန်တော် တို့  မြန်မာနိုင်ငံရှိ အခြားသော တက္ကသိုလ်များ၏ ပညာရေးစနစ်သည် ဤကဲ့သို့ မဖြစ်ပါစေနှင့် ဟု ဆုတောင်ရုံမှတပါ..အခြားဘာမျာတတ်နိုင်ကြမည်နည်။
 


ဘွဲ့ နှင်းသဘင် ခန်းမထဲမှ ထွက်လာပြီးကျွန်တော်သည် မိုး တို့ မိသားစုကို နှူတ်ဆက်ကာ အိမ်သို့ ပြန်လာခဲ့ပါသည်။

 

(((

သင်တုန်းက တော့ သင်လိုက်ရတဲ့ ပညာတွေ ..

ကမ္ဘာမြေကို အုပ်စိုးဖို့ မနောက်ကျသေး

ကိုယ် ဘွဲ့ ရတော့ . ရှာထားခဲ့တဲ့ ဒီ အတတ် တွေ .

အသုံးဝင် ပေမဲ့ .. ဘယ်သူမှ မသုံးပေ

အတောင်လည်း ပြည့်ပြီးကာမှ . ကောင်းကင်ပျံ ဆင်မရလို့ 

မပျံနိုင်တဲ့ ဌက်ကလေး လို

တို့ များရဲ့ ဘ၀ ဟာလေ . တကယ့် လူမှန် နေရာ မရှိတဲ့ 

ခေတ် လူငယ် ခြေကျ တွေ ))

 

တခေတ်တခါက လွန်စွာ အောင်မြင်ခဲ့သည့် တေးသံရှင် မွန်းအောင် ၏ လူငယ်ခြေကျ သီချင်း ဖြစ်ပါသည်။

 

MP 3 format : http://www.mediafire.com/?18xn0jmbydkd9d8

 


ကျွန်တော်သည် သီချင်းလေးကို အသည်းထဲ စွဲ အောင် မှတ်သားထားလိုက်သည်။ ခေတ်လူငယ် ခြေကျ တွေ ဆိုသော စကားရပ်သည် ကျွန်တော်တို့ တွေကို ရည်ညွန်းလေရော့သလား။


ဘွဲ့ ရ ပညာမတတ်တို့ ရဲ့ ခေတ်
 


လူတွေ ကတော့ ပြောကြသည် ဘွဲ့ ရလျှင် ဘာတွေများထူးမည်နည်း။ တချို့ လခစား အလုပ်များသည် ဘွဲ့ ရ ပညာတတ်များကိုသာဦးစားပေးသည်။ ထိုအလုပ်များတွင်လည်း အသုံးဝင်ပေမည်။

သို့ သော် . ဘွဲ့ မရဘဲ . အလုပ်ဖြစ်နေသူတွေလည်း ဒု နှင့် ဒေး …

တချို့ ကတော့ မင်္ဂလာဆောင် လျှင် ကိုယ့်နာမည် ၏ နောက်တွင် ရရှိထားသော ဘွဲ့ များကို တသီတတန်းကြီးထည့်လို့ တော့ရသည် ဟု ဆိုသည်။ အမြီးရှည် တာပေါ့ ဟု ပြောသည်။

ဒီလို ဆိုလျှင်တော့ ကျွန်တော် ရထားသော ဘွဲ့ သည်လည်း ဒီလိုနေရာမျိုးမှာတော့ အသုံးဝင် ပေလိမ့်မည်။ သို့ သော် အကြောင်းသိ သူတွေကတော့ . တိတ်တိတ်ကြိတ်ကာ ရယ်သွမ်းသွေးကြပေလိမ့်မည်။

မိုက်ကရို ၊ ဘာဂျာ တို့ ၏ အားကိုးဖြင့် ရလာသော ၅၀၀ ကျပ်တန် ဘွဲ့ ကြီးဟု လှောင်ပြောင်မည်လော။

ထို့ ကြောင့် ဘွဲ့ ရပြီးနောက်ပိုင်းတွင် . လူတွေက မင်းဘာဘွဲ့ ရထားသလဲ ဟုမေးလိုက်လျှင် ကျွန်တော်သည် ပြန်ဖြေရမှာရှက်လာပါသည်။ အင်္ဂလိပ်ဖြင့် ဘွဲ့ ရထားသည်ဟု ဆိုသော်ငြားလည်း Times မဂ္ဂဇင်းကိုတောင် မလှမ် ကြည့်ရဲသူအဖြစ် ထင်ကြမည်လား မပြောတတ်။

ကျွန်တော်က ဒီအကြောင်းတွေကို သူငယ်ချင်း များနှင့် မိုးကို ပြောပြသောအခါ . မည်သူကမျှ အရေးမလုပ်ချင်ကြ။

ကိုယ့် ကုသိုလ် ကောင်းလို့ ဘွဲ့ တစ်ခု ကို မပင်မပန်းပဲနှင့် လွယ်လွယ်ရသည် ဟူ၍ သာ ခပ်ပေါ့ပေါ့ တွေးကာ ရယ်စရာအဖြစ်ပြောကြလေသည်။

ကျွန်တော်သည် ဘွဲ့ ဝတ်စုံဖြင့် ရိုက်ထားသည့် ဓာတ်ပုံကြီးကို အိမ်ခေါင်းရင်းတွင် မချိတ်ချင်ပေ။ သို့ သော် မိဘများက သူ တို့ ၏ သားကြီးအတွက် ဂုဏ်ယူချင်သည် ဟုဆိုကာ အဆိုပါ ဓာတ်ပုံကြီးကို တခမ်းတနား ချိတ်ဆွဲထားလေသည်။


လိုချင်အုံးဟဲ့ .. B.A ဘွဲ့ ကြီး


ထို ည က ကျွန်တော်သည် ထူးဆန်းသော အိပ်မက်တစ်ခုကိုမက်လေသည်။ ဆောင်းတွင်း အိပ်မက် ဂယောက်ဂယက် ဟူသည့်အတိုင်း သဘာဝ မကျ ၊ အစီအစဉ်မကျသော အိပ်မက်ကြီးကို မက်လေသည်။

လွန်စွာကြီးမားလှသော SEDONA ဟိုတယ်ကြီး တွင် ခမ်းနားလှသော မင်္ဂလာဆောင်ကြီးကို ကျင်းပလေသည်။ အံ့သြစရာကောင်းသည် က သတို့ သား မောင်လပြည့် နှင့် သတို့ သမီး မိုးသီဂီ င်္ တို့ ၏ မင်္ဂလာပွဲ ဖြစ်သည်။

ဝတ်ကောင်းစားလှ များ ၀တ်ဆင်ထားသော ဂုဏ်သရေရှိ ဧည့်ပရိသတ်ကြီးသည် မင်္ဂလာခန်းမ အပြည့် ကြွရောက် ချီးမြင့်ကြသည်။

 


သို့ သော် အဆိုပါ ဧည့်ပရိသတ်ကြီးသည် သတို့ သား သတို့သမီး တို့ ၏ နာမည်များရေးထိုးထားသော မင်္ဂလာ စင်မြင့်ထက်ရှိ ဖောင်းကြွနာမည် စာတန်းကြီးကို ကြည့်ကာ တအံ့တသြဖြစ်ကြလေသည်။

အချို့ ကလည်း မျက်လုံးကြီးများ ပြူးကာ ပါးစပ် အဟောင်းသားနှင့်ကြက်သေသေ နေကြသည်။

အချို့ ကလည်း မလုပ်သင့် မလုပ်အပ်သည်ကို လုပ်ထားသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။

တချို့ ကလည်း ဟာ..ခနဲ ဆိုကာ..သတ္တိရှိသူ . အမှန်ကို ဖော်ထုတ်ဝံ့သူ အဖြစ်ချီးကျူးလေသည်။

ဝေဖန်သံများ ၊ ကဲ့ရဲ့ သံများ ။ အံ့သြမှင်သက်သော အာမေဋိတ်အသံများ ကြားဝယ် လာသမျှ ဧည့်သည်တို့ ကို ပျော်တပြုံးပြုံးဧည့်ခံနေကြသည့် သတို့ သားနှင့် သတို့ သမီးတို့ ကတော့မည်သူ့ ကိုမျှ ဂရုမစိုက်ပေ။

နောက်ဆုံး.သတို့ သားဖြစ်သူကျွန်တော်က.စင်မြင့်ထက်ရှိ စာတန်းကြီးကို လှမ်းကြည့်လိုက်မိသည်။
 


 

ထို မင်္ဂလာစင်မြင့်ထက် ရှိ ဖောင်ကြွစာလုံးကြီးများဖြင့်ရေးသားထားသည်မှာ ကတော့….

ကျွန်တော်သည် အဆိုပါ အိပ်မက်မှ ကြောက် လန့် တကြားနိုးထလိုက်သည်။ ချွေးစေးများကလည်း ရွဲဆိုလျက်။

ညအိပ် မီးအလင်းရောင်မှိန်မှိန်အောက်တွင် မြင်လိုက်ရသည်ကား..ခေါင်းရင်းတွင် ချိတ်ဆွဲထားသော ဘွဲ့ ဓာတ်ပုံထဲမှ လပြည့်သည်ကျွန်တော့်အား ပြုံးပြုံးကြီး လှမ်းကြည့်နေလေတော့သတည်း .။။

 

———— ပြီးပါပြီ —————–
 


တခါတုန်းက တက္ကသိုလ်


ကောင်းသထက်ကောင်းအောင် ကြိုးစားနေမည့်

မောင်လပြည့် (တက္ကသိုလ် ဆယ်ရက်)

၂၇.အောက်တိုဘာ.၂၀၁၀

 

 

ဤ ပိုစ့်ကို www.roadtoarabian.blogspot.com တွင် အပြည့်အစုံ ရှူရန်

In: ဝတ္ထု Posted By: Date: Oct 27, 2010
Comment #1

အေးဗျာ…။ မည်သို့ပင် ဆိုစေကာမူပေါ့ဗျာ။ ကိုယ့်အကြောင်းကိုယ်သိပြီး ထိုက်တန်အောင်ပြန်မလုပ်
ဘူးလားလို့ ကျွန်တော်ထင်တယ်ဗျ။ ဥပမာ အင်္ဂလိပ်စာ ကို ဘွဲ့ရပြီးမှ လေ့လာလဲ ကိုယ့်ကိုကိုယ်တော့ လိပ်ပြာလုံနိုင်ပါတယ်ဗျာ။ တခြား ဘာသာရပ်တွေသာ ခက်ချင်ခက်မှာ။ ကောင်းပါတယ်ဗျာ။ ရေးထားတာလေးတွေက သေချာစဉ်းစားသင့်တဲ့ဟာတွေပါ။

commentinfo By: ကိုကိုဖရီး at Nov 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment