လမ်းပေါ်မှ ဘ၀များ(၁)။
“စာရေးဆရာ ပိုက်ဆံရှာလျှင် စာဖတ်သူမှာ ပိုက်ဆံကုန်ရုံသာ မဟုတ်ဘဲ အတွေးအယူ မှောက်မှားနိုင် သောကြောင့် ဖြစ်ပါသည်..”(စာ..၆၇)….ပါ (ဆရာ အောင်းသင်း…)…၏ (စာဖတ်သူ ခံစားရသော စာပေ့သြဇာ..) စာအုပ်မှ ဆရာ့ သုံးသပ်ချက် အား လေးစားပါသည်၊လက်ခံပါသည်၊လိုက်နာပါသည်……..သို့ပေမယ့် စာရေးသက်နုသော ကလောင်ဖြစ်သည့် အားလျှော်စွာ လိုအပ်ချက်များရှိနေနိုင်ပါသည်။
မည်သို့ပင်ဖြစ်စေ (ကကြီး၁၃။)၏ စာအရေးအသား အကြောင်းအရာ ချပြမှု့ သည် စာဖတ်သူများအပေါ် စာပေအဆိပ် ဖြစ်စေရန်….စာဖတ်သူ အချိန်အား ဖြုန်းတီးလိုစေရန်…ဆန္ဒမရှိပါ..
“အပျင်း“ပြေ သဘောဖြစ်စေ….“ရသ“ပေးသည့် သဘောဖြစ်စေ…..ဗဟုသုတ ပေးသည့် သဘောဖြစ်စေ…ကောင်းကြိုးတစ်ခုခု ရသွားလိုသောကြောင့် မတတ်တခေါက် အသိညဏ်လေးနှင့် မိမိဘ၀ တစ်လျှောက် တွေ့ကြုံလာခဲ့သော “အသိ”…..အတွေ့အကြုံ၊ လူ့ဘ၀သင်ခန်းစာ များအား အကျိုးတစုံတရာ မမျှော်လင့်ဘဲ အရိုးခံစိတ် ဖြင့်သာ ရေးသားလိုက်ရပါကြောင်း……….. ကကြီး၁၃။([email protected])
…………………………………………………..။……………………………………………………………။………………………………………………………………..
လမ်းပေါ်မှ ဘ၀များ(၁)။
ကျုပ်နာမည် “ထွေးမောင်” ပါ အင်း…မိသားစုက အမေတစ်ခု သားတစ်ခုလေ….“အဖေ”က ကျုပ်ငယ်ငယ်ထဲက ဆုံးသွားခဲ့တယ်ပေါ့ဗျာ…ဆုံးသွားခဲ့တဲ့ အကြောင်းအရင်း ဒီလိုဗျ….
အမေ ပြန်ပြောတာပါဘဲ…ကျုပ်က အဲ့အချိန်တုန်းက (၇)နှစ်သား ဆိုလားဘဲ…..
ကျောင်းအတန်း ပညာ အရည်အချင်း မရှိတဲ့ ကျုပ်အဖေက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ နေ့စား အလုပ်သမား တစ်ယောက်ပေါ့……ကျုပ်မှတ်မိပါသေးတယ်…………
အဲ့ဒီ့ နေ့က အဖေလေ အိမ်မှာ တစ်ထည်တည်းသော လည်ဂတုံး အင်္ကျီလေးကို ၀တ်လို့ ရယ်…….ကျုပ်ကိုခေါ်ပြီး နှဖူးကိုတောင် ခပ်ဖွဖွ နမ်းခဲ့သေးသဗျာ……အမေကတော့ အဖေ့ ထ္မင်းဗူးလေးကို
ကိုင်လို့ အဖေ့ကို ခြံဝအထိ လိုက်ပို့ခဲ့တယ်……..အဲ့ဒီ့နေ့က အဖေကိုကြည့်ရတာ တမျိုးရယ်……ဘာမှန်းမသိ ကျုပ် ၀မ်းနည်းနေတာကိုတော့ ကျုပ်မှတ်မိသေးတယ်…..ကျုပ်ရင်ထဲ ခုထိ မှတ်မိနေတုန်း…
အင်း……တွေးရင် ခုတောင် ၀မ်းနည်းတယ်ဗျာ………
ကျန်တာတော့ အမေပြောပြတာ ဒီလို…………………..
အဲ့နေ့က အဖေထွက်သွာပြီး နေ့လည်ထ္မင်းစားချိန်လောက်ပေါ့..…..ကျုပ်က အိမ်ရှေ့မှာ အဖေလုပ်ပေးတဲ့ သစ်သားကားလေးနဲ့ ဆော့နေတယ်တဲ့……အမေက တော့ ရေတုံကင်မှာ အ၀တ်လျှော်နေရင်းပေါ့ ……..အဲ့ အချိန်မှာ….. အဖေတို့ အလုပ်က လက်သမား “ဦးမိုးကြီး“ ခြံဝကို ရောက်လာပြီး……….အဖေ(၆) ထပ်တိုက် အမြင့် ငြမ်းပေါ်မှာ “ဘိလပ်မြေ”အချောကိုင်ရင်း
ငြမ်းကြိုးပြတ်ပြီး ပြုတ်ကျတယ်လို့ အမေ့ ကို လာပြောတယ်………
ပြီးတော့…အမေလဲ ဦးမိုးနဲ့ အတူ လိုက်သွားဖို့………ကျုပ်ကို ဘေးအိမ်က ဒေါ်ဘုမ နဲ့အပ်ပြီး အ၀တ်မလဲ ဘာမလဲနဲ့ လိုက်သွားတယ်….
ဟိုရောက်တော့ မြင်မကောင်း ရှု့မကောင်း ဖြစ်နေတဲ့ “အဖေ့” အလောင်းကို ဆိုဒ်တာဝန်ရှိ သူတွေနဲ့ သက်ဆိုင်ရာက ရေခဲတိုက် ပို့ဖို့လုပ်နေပြီ…….အမေလဲ မမျှော်လင့်တဲ့ အဖေရဲ့ အဖြစ်ဆိုးကို မြင်ပြီး ရင်ထဲမှာ မခံနိုင်လွန်းလို့ သတိလစ်ပြီး တက်သွား ခဲ့တာပေါ့……….
အမေ ငိုလိုက်တာ… အဖေ့ ““အသုဘ”“ ချတဲ့နေ့က ကျုပ်လဲ ဘာမှန်းမသိပါဘူး မျက်ရည်တွေ ကျလာတယ်ဗျာ………..
အဖေ့ကို ကျုပ်မခွဲချင်ခဲ့ ဘူး…
အမေ့ကို လဲသနားလိုက်တာ…အမေ့ခမျာငယ်ငယ်ရွယ်ရွယ်နဲ့ “မုဆိုးမလေး” ဖြစ်ရရှာတယ် လေ….သြော်…ကျုပ်ရင်ထဲမှာ……….. “အမုန်း“ တစ်ခုလဲ ကြီးကြီးမားမား တစ်စုံတစ်ခု အပေါ် အဲ့ အချိန်မှာ ပြင်းပြင်း ထန်ထန် ဖြစ်လာခဲ့ပါတယ်…….
“ သေခြင်းတရား..” အပေါ်ကိုပေါ့…..ကျုပ်မကျေနပ်ဘူး ဗျာ အဲ့ အကောင်ကြီးကို ကျုပ်တို့ ဂျင်ပေါက်တဲ့ အခါ
ကျွှန်ခံအလှည့်ကျ ဂျင်တစ်လုံးကို ၀ိုင်းသားတွေ ၀ိုင်းပြီး ဂျင်သွားတွေနဲ့ပေါက်သလို “ နုပ်” သွားအောင် ပေါက်လိုက်ချင်ပါရဲ့….
မုန်းလိုက်တာ…..
အမေက တော်ရှာပါတယ်ဗျာ….အဖေ သေသွားပြီးတဲ့ နောက်ပိုင်း သူတစ်ယောက်ထဲ အပင်ပန်းခံပြီး ကျုပ်ကို ကျောင်းထားတယ်လေ…….အမေက ကျုပ်အပေါ် တကယ်ကို ကောင်းတာပါဗျာ……
နောက်အိမ်ထောင်လား…..? ဟားဟား…………စိတ်ချ…………အဲ့ဒါတော့ အမေ ခုချိန်အထိ “မုဆိုးမ” ရာထူးကို ထိမ်းသိမ်းထားတုန်း…….အော်…..ရှိပါပြီ သကောဗျာ……အမေ့ကို လာကမ်းလှမ်းတဲ့သူတွေလေ..ရပ်ကွက်ရုံးနားက အရက်ဆိုင်ပိုင်ရှင် “ကိုမောင်စိန်” က အဆိုးဆုံး…ဒီလူကြီးက ကျုပ်ကိုဆို မုန့်တွေလဲ ကျွှေးတာမှ အများကြီး…….နောက်….“ရီမု”ကား ဆိုလား….
“ကွန်ထရို” ကား ဆိုလား…မော်တော်ကားလေးလဲ ၀ယ်ပေးတယ်…..
နောက်….ကျုပ်ကိုလဲ ပြောသေးတယ်….
““တူတူ နေရင် အများကြီး ၀ယ်ပေးမယ်တဲ့…““ဘယ်လိုလဲ ထွေးမောင်….?”” လို့ ကျုပ်ကို မေးတော့ ……ကျုပ်သိပ်မစဉ်းစားပါဘူးဗျာ…ကစားစရာတွေ ရမယ့် အရေးဘဲ….ဘယ်ညံ့ပါ့မလဲ…….
“နေမယ်ဗျာ”…““နေမယ်..”“ လို့ပြောလိုက်တာပေါ့……..
ဒါပေမယ့် အမေက အဲ့ လူကြီးကို မောင်းထုတ်တယ် ဗျ…..အဲ့လူကြီး လာတိုင်းပါဘဲ…ကျုပ်ဘက်ကို လက်ညိုး ထိုးထိုး ပြီး
အမေ က စကားတွေပြောတာလဲ မြင်ရတယ်… နောက်တော့ အဲ့ လူကြီးလဲ လာတော့ ပါဘူး…..ဒါပေမယ့် ကျုပ်တစ်ခုတော့ သတိထားမိတယ် အမေက အဲ့ လူကြီး ပြန်.သွားပြီးတိုင်း အိမ်နောက်ဖေး မီးဖိုချောင်လေး ထဲမှာ ကျုပ်မသိအောင် သွားသွား ငိုတယ်…
ကျုပ်က သိပါတယ်……အမေ ရှက်သွားမှာ စိုးလို့ ကျုပ်မသိချင်ယောင် ဆောင်ပေးလိုက်ပါတယ်……….
ဒါ ကျုပ်လိမ္မာတာပေါ့နော်….
ဒီလိုနဲ့ ဘဲ ကျုပ် (၆)တန်း ဖြေပြီး(၇)တန်းကျောင်း တက်ခဲ့ရတယ် ပေါ့ဗျာ….အမေကတော့ တစ်ယောက်ထည်း ရုန်းကန်ရင်း၊ ဈေးရောင်းရင်းနဲ့ ကျုပ်ကို ပညာ တတ်ဖြစ်အောင်လုပ်ခဲ့တယ်…..
အမေ ကျုပ်ကို ညအိပ်ရာ ၀င်တိုင်း ပြောနေကျ စကားကိုတော့ ယနေ့ အထိ ကျုပ်နားမလည် ပါဘူးဗျာ….
ဘာတဲ့ အမေပြောတာက…….
““သားလေး အထွေး….တဲ့…မင်း စာတတ်အောင် သင်ရမယ်…..တဲ့ ဒါမှ သား အဖေလို မဖြစ်မှာတဲ့…”“
ကျုပ်စာတတ်တာနဲ့ အဖေလို မဖြစ်မှာနဲ့ ဘာဆိုင်လဲ ကျုပ်မသိဘူး…. ဒါပေမယ့် အမေ စိတ်ချမ်းသာ အောင်တော့ အမေ ပြောတိုင်း ကျုပ် ဂတိပေးခဲ့ရတာဘဲ……..
ထားပါလေ…. ဒီလိုနဲ့ ကျုပ်(၇)တန်း ကျောင်းတက်နေရင်း နှစ်ဝက်လောက်မှာ ကျုပ်နေမကောင်း ဖြစ်တယ် ဗျ…..အသားတွေ က ညနေဆို ပူလာရော…မနက်ဆိုရင် ကျုပ် ဂေါင်းလေး မူးတာက လွဲလို့ အကောင်းပါဘဲ……
တနေ့ ကျတော့ ကျုပ်ကျောင်းမှာ ဆရာမရေးပေးတဲ့ “ဘော” က စာတွေ လိုက် ကူးနေရင်း ဘာဖြစ်တယ် မသိပါဘူး တစ်ကိုယ်လုံးချမ်းတုန် ပြီး တက်လာတယ်..
ပြီး တော့ ကျုပ် အန်လိုက်တယ်….ဒါဘဲ ကျုပ် သိတော့တယ်………………ကျုပ် အိပ်ပျှော်သွားတယ်နဲ့ တူတယ်……..
ကျုပ် အိပ်ရာ ကနိုး တော့ အမေက ကျုပ်ဘေးမှာ တရှုံရှုံနဲ့ ငိုလို့..ကျုပ်လက်မှာလဲ ပိုက်ကြီး တန်းလန်းနဲ့…..နာလိုက်တာဗျာ…….
ကျုပ် ဆွဲဖြုတ်မလို့ လုပ်သေးတယ်…အရမ်းနာမှာ ကြောက်လို့ ကျုပ်မဖြုတ်ဖြစ်ပါဘူး… သတ္တိမရှိ ဘူးလို့ကျုပ်ကို ပြောချင် ပြော…ခင်ဗျားတို့ မခံဘူးလို့ ပြောတာ……
ကျုပ်လိုသာ ခင်ဗျား ခံရရင် ခင်ဗျား တို့ ငို ကျမှာ……“ဟွန်း”…
အင်း……နောက်မှ ကျုပ်ကို အမေ ပြောပြလို့ သိရတာ ကျောင်းမှာ ကျုပ် မူးလဲပြီး သတိလစ် သွားလို့ ဆေးရုံတင်ထားရတာတဲ့…..
ပျင်းစရာ ကြီးပါဗျာ…ဆေးရုံ ဆိုတဲ့ အဲ့ တိုက်ခန်းကြီးမှာနေရတာ ကျုပ်မနေချင်ဘူး…. ဘေးနားကုတင်တွေကလဲ လူတွေ တစ်ယောက် ပြီး တစ်ယောက် အိပ်ပျှော်သွားကြလို့ လှည်းကြီးတွေနဲ့ လာလာ တင်တွန်း သွားကြတယ်…..
အိပ်ရာလဲ တစ်ယောက်မှကို ပြန်မနိုးကြဘူးနဲ့ တူတယ်…..တစ်ယောက်မှကို ကျုပ်ကြည့်နေတယ် ပြန်မလာကြဘူး…တော်တော် အိပ်ရေး ပုတ်တဲ့ လူတွေ……
ကျုပ် ပျင်းတဲ့ အဲ့ နေရာမှာ နေရတာ အကြာကြီး ဘဲဗျာ…….အမေလဲ ပင်ပန်း နေပြီ ကျုပ်လဲ အိမ်ပြန်ချင်တာ တအားဘဲ…. အမေ ပြန်လို့မရဘူး ပြောလို့သာ ကျုပ်နေနေရတာ…….
နောက်ပြီး…အဲ့က အင်္ကျီ အဖြူ ရှည်ရှည် ကြီးတွေ ၀တ်ထားတဲ့လူကြီးတွေကလဲ အမေလာတိုင်း စာရွက်သေးသေးလေး တွေပေးပြီး…..အမေ့ ကို ပိုက်ဆံ ကုန်အောင်လုပ်ကြတယ်…..
ကျုပ်လက်ကိုလဲ ဆေးထိုးအပ်ကြီးတွေနဲ့ လာလာ ထိုးပြီး ကျုပ် ကိုယ်ထဲက သွေးတွေကို စုပ်ထုတ်ကြသေး….ပြီးတော့ ပုလင်းပုစိလေးနဲ့ ထည့်ပြီး အမေ့ကို ဘယ်ကိုလဲ မသိဘူး သွားပေးခိုင်းတယ်…
ပိုက်ဆံ ကုန်အောင် လုပ်ခိုင်းတာဘဲနဲ့ တူပါတယ် သူတို့ကို ကျုပ်မုန်းတဲ့ စာရင်းထဲမှာလဲ ထည့်ထားတယ် သိလား…?
တစ်ခါဆို အဲ့လူကြီး တွေ ခိုင်းလို့ အမေ ထွက်သွားတာ……အမေပြန်လာတော့ အမေအမြဲ ပန်ထားတဲ့ အမေ့ နားကပ်ပါမလာတော့ဘူး……..ကျုပ်ကလဲသိတာပေါ့ ဘယ်ရမလဲ…ဒီတစ်ခါတော့ အမေ့ အလို မလိုက်နိုင်တော့ဘူး….အမေ့ကို ကျုပ်မေးလိုက်တယ်
““အမေ့ နားကပ်ကောလို့?““`
အဲ့တော့…..အမေက ဘာပြန်ပြောလဲ သိလား..? အမေလေ တော်တော် ညံ့တာဘဲ…………..အမေ မို့လို့သာ ကျုပ်မပြောတာ ငရဲကြီးမှာ စိုးလို့….
““ကားစီးရင်း ခါးပိုက်နှိုက် ခံရတယ်”“…တဲ့ လေ……………………………….
အမေတို့ ညံ့ချက်ကတော့ မပြောချင်ဘူး ……………….
ကျုပ်လဲ စိတ်ညစ်လိုက်တာ ဒီဆေးရုံကြီးရဲ့ ကုတင်ပေါ်မှာအိပ်ရတာကို……………………..
ကျုပ်က ပျင်းတယ်ပြောလိုက်ရင်း အမေက ဆေးရုံက ဘီးတပ်ကုလားထိုင်လေးပေါ်တင်ပြီး……..ဆေးရုံ ပန်းခြံဆီခေါ်ခေါ် သွားတယ်လေ………
အဲ့လို ခေါ်သွားတိုင်း အမေက မျက်ရည်တွေဝဲပြီး ဟိုး……..ရှေ့က (၆)ထပ်တိုက် မြင့်မြင့် ကြီးကိုကြည့်ပြီး…..အဖေ့ နာမည်ကို တိုးတိုး လေး ရွတ်နေတတ်တယ်…….
အမေက ဘာလို့ အဖေ့နာမည ကိုပြောပြီး ငိုတာလဲလို့ ကျုပ်ကမေးတော့ အမေက မျက်ရည်တွေ ကြားက ပြုံးပြီး…..
““ဘာမှ မဖြစ်ပါဘူး သားရယ်…….”“တဲ့
ကျုပ် အမေက အဲ့လိုဘဲ အဖေမရှိတော့တဲ့နောက်ပိုင်း ကစလို့ အမြဲတန်း ကျုပ်အတွက် အထူးအဆန်းဖြစ်မယ့် အမူအရာတွေ၊ အပြုအမူတွေ၊စကားတွေကို ပြောတတ်လုပ်တတ်တယ်….
အဲ့ လို နေရင်းပေါ့ဗျာ….တစ်နေ့ကျတော့ ကျုပ်ကို အင်္ကျီ အဖြူဝတ်လူတွေရဲ့ အတန်းခေါင်းဆောင်ကြီးနဲ့ တူပါတယ်…ကျုပ်တို့ ကျောင်းက အတန်းခေါင်းဆောင်လိုပေါ့…..ဗျာ…အဲ့ဒီ့ ဘဘကြီး
က ကျုပ်ဂေါင်းကို ပွတ်ပြီး……………….
““သားလေး…..အိမ်ပြန်လို့ ရပြီးနော် လို့ …”“ပြောတယ်……ကျုပ်လေ ပျှော်လိုက်တာဗျာ……..ကျုပ်အိမ် ပြန်ရတော့ မယ်…ကျုပ်ကျောင်းလဲပြန်တက်ရတော့မယ်….
မပျှော်ခံနိုင်ရိုး လားဗျာ….ကျုပ်ဆေးရုံမှာနေခဲ့ရတာ (၁) နှစ် ကျော်တယ်ဗျ……
အဲ့ဒီ့ ဘဘကြီးက တော်တော် သဘောကောင်းတာဘဲ အဖေကလွဲလို့ ဘယ်သူမှ ဆုမတောင်းပေးခဲ့ဖူးတဲ့ ဆု ကိုကျုပ်ဆုတောင်းပေးလိုက်ပါတယ်……….
“““အဲ့….ဘဘကြီး နေ့တိုင်း ပိုက်ဆံ များများ ရပါစေ….““” နောက်…အဲ့ ဘဘကြီးက အဖေနဲ့လဲ တူသလိုလိုဘဲဗျ…
ဒါပေမယ့်ဗျာ အိမ်ကို အမေပြန်ခေါ်လာတော့ …ဟို အရင် အဖေနဲ့ နေခဲ့တဲ့ အိမ်လေး မဟုတ်တော့ဘူး….ခြံလေးကလဲ ကျဉ်းကျဉ်း….အိမ်လေးက ၀ါးအိမ်သေးသေးလေး…
အမေ့ကို ကျုပ်က ဘာလို့…ဟိုအိမ်ကို မပြန်တာလဲ မေးတော့ အမေက……
“““သားရယ်…..ဒီအိမ်လေးမှာ အမေ့ကို ချစ်ရင် ခဏနေဦးနော်….နောက် အမေတို့ အရင် အိမ်လေးထက် ကောင်းတဲ့ အိမ်လေးမှာသွားနေကြမယ်..”““တဲ့…
ကျုပ်အဲ့ကိစ္စကို မကျေနပ်ပါဘူး……မကျေနပ်လို့လဲ ကျုပ် အဲ့ဒီ့ညက အမေတိုက်တဲ့ဆေးတွေကို သောက်သလိုလိုနဲ့ မသောက်ဘဲ လွှင့်ပြစ်လိုက်တယ်…..
“““ကဲ….အမေ မှတ်ပြီးလား…???“““
ကျုပ်ကျောင်းလဲ ပြန်မတက်ရပါဘူးဗျာ…..ကျောင်းတက်မယ်ပြောလိုက်ရင်လဲ အမေက…..
“““သား ခြေထောက်တစ်ဖက် မကောင်းသေးဘူးလေ….သားလေးရယ်…”” လို့ပြောပြီး ငိုတာဘဲ…….
နောက်တော့ အမေ ငိုတာကိုကြည့်ပြီး ကျုပ်သနားလို့ ထပ်မပြောတော့ပါဘူး….
ပြီးတော့လဲ အရင်လို မဟုတ်ဘူးဗျ…….အရင်လိုလဲ မ၀တော့ဘူး…..အမေ ပိန်လာသလိုဘဲ….ည ည လဲ ချောင်းတွေဆိုးတယ်…..အမေချောင်းဆိုးရင် ပါးစပ် အုပ်ဆိုးတဲ့ ………
လက်ကိုင်ပ၀ါမှာ သွေးတွေ ပေနေတာကိုလဲ…….ကျုပ်က မနက် အစောနိုးတော့ ကျုပ်တွေ့တယ်လေ….
အမေ ပိုက်ဆံ မရှိဘူးလား မသိပါဘူးဗျာ…
ဘေး အိမ်က မိန်းမကြီးကို ခေါ်ခေါ်ပြီး အမေက အ၀တ်အစားတွေ ပေးပေးပြီး ပိုက်ဆံနဲ့ လဲခိုင်းတာကို ကျုပ်တွေ့ရတယ်……..ကျုပ်လဲ စိတ်ညစ်ပါတယ်…….
ဒီ ရပ်ကွက်က ကလေးတွေကလဲ ဟို အရင် ရပ်ကွက်က ကျုပ် သူငယ်ချင်းတွေနဲ့ မတူပါဘူး…..
“““ကျုပ်ကို ထော့ကျိုး မပါနဲ့ ဆိုပြီး..”“သူတို့နဲ့ရောမဆော့ခိုင်းဘူး………မောင်းထုတ်ကြတယ်လေ….
တစ်ခါက နှစ်ခါ ပြောလာတော့ ကျုပ် ၀င်မပါတော့ပါဘူး……..သူတို့တွေဆော့နေတာတွေကို ခပ်ဝေးဝေးကဘဲ ကျုပ် ငေးကြည့်နေလိုက်တော့တယ်………….
နောက်…….ကျုပ် သိပ်လဲ မဆော့ချင်တော့ဘူးဗျာ………………….
အမေ့ကို ဘဲ ကူညီချင်နေတယ်….
“““““““ဟော….ပြောရင်း ဆိုရင်း ဂိတ်ကို ကားတစ်စီး ၀င်လာပြီး“““““““….တော်ပြီဗျာ!!!!!!!!!!!!!!!!!!!!!နောက်မှဘဲ ဆက်ပြောပြတော့မယ်…………………….
““““ဦးလေး အေးမောင် ကွမ်းယာ ယူမလား??? ဆေးလိပ် ယူမလားဗျ?????????““““““
““““အေး..ထွေးမောင်ရေ…နိုင်တီးတူးနဲ့ ၂၀၀ ဖိုးပေးကွာ….မင်းလဲ ကားတွေနားကို ထော့နင်း ထော့နင်းနဲ့ စွတ်ပြေးမလာနဲ့….
အကြိတ် ခံနေရ ဦးမယ်!!!!!!!!!!!“““““““
“““““မင်းမလဲ ဒုက္ခပါဘဲကွာ ဒုက္ခိတ ပျားတုပ်နေတယ်#######““““““
““ ဦးလေး အေးမောင် ရော့ရော့ ““ နောက်မှာ ဦး စိန်ဝင်း ကား ၀င်လာပြီ“““
“““ဟာ….ဒီကလေး ကတော့ မပြေးပါနဲ့ ပြောနေသားနဲ့ ပြေးပြန်ပြီ %%%%%““““မသာ ပေါ်တော့မှာဘဲ.. ပြေးပြန်ပြီ.. “““
“
သူတို့ ဘာဘဲ ပြောပြောလေ……
ကျုပ်ကတော့ အမေ့ကို ကူညီချင်တယ်…..
ဒီနေ့ အမေ့ အတွက် ဆေး (၂)ရက်စာ ၀ယ်သွားရမှာ မဟုတ်လား????????????
ကျုပ်ရဲရဲ ၀ံ့ဝံ့ ကြီး အသံကုန် ဟစ်လိုက်ပါတယ်……………………………………………
ကွမ်းယာ ရမယ် ဆေးလိပ်ရမယ်……## ကွမ်းယာ ရမယ် ဆေးလိပ်ရမယ်..####ကွမ်းယာ ရမယ် ဆေးလိပ်ရမယ်###
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကကြီး၁၃။
[email protected]
(5.2.11)00;50am