ဒီည
ဒီည
ဒီည မနေ့ည လိုဘဲ
မနေ့ည တစ်နေ့က ညလို
တစ်နေ့ည ဟိုးတစ်လက ညလို
ငါတစ်ညလုံး မအိပ်ဘဲ မင်းအကြောင်းတွေးရင်း
မနက် ‘ခင်း’ ခဲ့တာ ဒီည
. . .တွေးလက်စ မင်းအကြောင်းကို
အဆုံးသတ်ဖို့
မင်းအမိန့်ပေးမှ. . . .
. . .ရေးလက်စ ကဗျာတိုကို
အဆုံးသတ်ဖို့
မင်းကိုယ်တိုင် သရုပ်ဆောင်မှ. . . .
. . .နိုးတစ်ဝက်ထ ဒီညကို
အဆုံးသတ်ဖို့
(တစ်ခါလောက်)
အိပ်ပါလို့ မင်းချော့သိပ်ပေးပါလား. . . .
သြော် ဒီည ပိုင်ရှင် သခင်မ
အသင်စေခိုင်းရာ Night Duty မှာ
တာဝန်လစ်ဟင်း ငိုက်မြည်းခဲ့သော်
နောင်နေ့ညကို ‘ဒီည’ အဖြစ် အစားထိုးခွင့်ပေးပါ. . .
နေ့သစ်….
8.2.2010
တနင်္လာ……..
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒီည
ဒီည မနေ့ည လိုဘဲ
မနေ့ည တစ်နေ့က ညလို
တစ်နေ့ည ဟိုးတစ်လက ညလို
………..အင်းးးး.. ဘယ်တော့မှမရိုးမဲ့….. ဒီညညညညညညညညညညည