ငါတို့ ဝေးနေတဲ့ Valentine
အတွဲတွေကို ငေးမယ်
အတိတ်တွေကို တွေးမယ်
ငါတို့မဆုံဖြစ်တဲ့ ဒီနှစ် Valentine
လွမ်းစရာတွေနဲ့တော့ ဆွေးမနေချင်ဘူး……။
အမှတ်တရတွေရှာမယ်
ကို ညည်းတဲ့ သီချင်းတွေ နားထောင်မယ်
ကိုဘေးမှာ မရှိတဲ့ ဒီနှစ် Valentine
တစ်ယောက်တည်းတော့ အထီးကျန်မဆန်နေဘူး…..။
ဖုန်းသံလေးကိုမျှော်မယ်
လွမ်းတဲ့အကြောင်းတွေ ပြောမယ်
တွေ့ခွင့်မရတဲ့ ဒီနှစ် Valentine
ရင်ခုန်သံတွေ ခြောက်ကပ်မနေဘူး……။
ဓါတ်ပုံလေးတွေ ပြန်ကြည့်မယ်
စိတ်ကောက်ခဲ့တာတွေ ပြန်ကြည်နူးမယ်
လက်တွဲခွင့်မရတဲ့ ဒီနှစ် Valentine
ပျင်းရိခြင်းတော့ မပေးအပ်ဘူး…….။
သစ္စာတွေကို ထပ်ခြယ်သမယ်
ကတိတွေကို မမေ့အောင်ပြောမယ်
ငါတို့ဝေးနေတဲ့ ဒီနှစ် Valentine
ကြေကွဲစရာတွေ မဖြစ်စေဘူး…..
Comment #2
thanks ……..
valentine day mhar a nar mhar ma nay pay nine pay mal
18 yat nate mhar tot pyan lar pay mhar par 🙂
chocolate ko lal 18 yat nate mha pal sar tot naw

Comment #3
အားပေးသွားပါတယ်…

Comment #4
Thank ma,this poem is same my life

Comment #1
ကောင်းတယ်အစ်မ
🙂