ရိက္ခာလက်ကျန်များ
ခရီးတစ်ခု . . .
ပန်းတိုင်မသေချာပေမယ့်
အဆုံးသတ် သေချာရှိတဲ့
ခရီးတစ်ခု . . .
အများသူငါလိုပဲ
ငါဖြတ်သန်းခဲ့
ဖြတ်သန်းဆဲပေါ့ . . .
ခရီးအစက ယူလာတဲ့
ရိုးသားမှု ၊ ကုသိုလ် နဲ့ ရည်မှန်းချက်တွေ
(အခု) နေထန်းတဖျားအရောက်
ခရီးပန်းလွန်းလို့ထင်ရဲ့
တစစီတစစီ ထားခဲ့ရတာလေ . . .
မယူချင်ဘဲရခဲ့တဲ့
လောဘ ၊ နောင်တနဲ့
အကုသိုလ် တနင့်တပိုးကို
ငါ့ကျောမှာ ပိုး . . .
အမှောင်ထဲ တိုးရင်း . .
သိက္ခာတရား ခပ်ပါးပါးနဲ့
စမ်းတ၀ါးဝါး လျှောက်နေဆဲ . . .
Comment #2
မယူချင်ဘဲရခဲ့တဲ့
လောဘ ၊ နောင်တနဲ့
အကုသိုလ် တနင့်တပိုးကို
ငါ့ကျောမှာ ပိုး . . .
အမှောင်ထဲ တိုးရင်း . .
သိက္ခာတရား ခပ်ပါးပါးနဲ့
စမ်းတ၀ါးဝါး လျှောက်နေဆဲ . . .
မိုက်တယ် မိုက်တယ်
By: nanpyisoke at Feb 15, 2011
Comment #5
Me too
By: ei lay at Dec 24, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခရီးတစ်ခု . . .
ပန်းတိုင်မသေချာပေမယ့်
အဆုံးသတ် သေချာရှိတဲ့
ခရီးတစ်ခု . . .
အများသူငါလိုပဲ
ငါဖြတ်သန်းခဲ့
ဖြတ်သန်းဆဲပေါ့ . . .
ခရီးအစက ယူလာတဲ့
ရိုးသားမှု ၊ ကုသိုလ် နဲ့ ရည်မှန်းချက်တွေ
(အခု) နေထန်းတဖျားအရောက်
ခရီးပန်းလွန်းလို့ထင်ရဲ့
တစစီတစစီ ထားခဲ့ရတာလေ . . .
မယူချင်ဘဲရခဲ့တဲ့
လောဘ ၊ နောင်တနဲ့
အကုသိုလ် တနင့်တပိုးကို
ငါ့ကျောမှာ ပိုး . . .
အမှောင်ထဲ တိုးရင်း . .
သိက္ခာတရား ခပ်ပါးပါးနဲ့
စမ်းတ၀ါးဝါး လျှောက်နေဆဲ . . .
တစ်ပုဒ်လုံးကြိုက်တယ်..