ခိုနားရာ
နှလုံးသားတစ်ခုက ပွင့်ထွက်လာတဲ့ချစ်ခြင်း
တမံတွေနဲ့တားထားလို့မှမရတာ
သိမ်မွေ့နူးညံ့စွာပျံဝဲနေတုန်း
ခပ်ကြမ်းကြမ်းတိုက်လာတဲ့ လေပြင်းကြောင့်
လေနှင်ရာလွင့်ခဲ့ရမယ်ဆိုရင်တောင်
နောက်ဆုံးခိုနားရာက
မင်းရဲ့ရင်ခွင်ပဲဖြစ်ချင်ခဲ့မိတယ်……
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service