( Vaientine’s day )
( Vaientine’s day )
အချိန်ရဲ့  နာရီ
တစ်ရာသီစာ ရင့်မှည့်လွယ်ခဲ့
ဒီတစ်နှစ်လည်း မနှစ်ကအတိုင်း
ပြောင်းလဲ သွားတာဆိုလို့
ကလေးတစ်ယေ.ာက်ရဲ့  ရင့်ကျက်မူတွေ
ဆုတောင်းတွေက မပြည့်ခဲ့ရင်တောင်
တောင်းဆုတွေ ပြုချင်သေးရဲ့
မင်းငါ့ဆီကို တစ်နာရီစာလောက်
ပြန်လာခဲ့ပါလား…ချစ်သူ။
ငါ့ကိုမုန်းပါ (၀ါ) ငါ့ကိုချစ်ပါ
မည်သို့ သော အဖြေမှမရှိခဲ့ခြင်းဟာ
ငါ့ဘ၀မှာ မိုးခေါင်တယ်…
ထွက်ခွါသွားခဲ့တာကနင်
မတ်မတ်ရပ်နေလျှက်နဲ့ 
ယိုင်နဲ့ သွားခဲ့တာကငါ
ပြောပြခဲ့ချင်ပေမယ့်
မပြောပြခဲ့ရသူ
ခု……ခု……………………
ခု………………………..ဟူး…
ဒီတစ်နှစ်လည်း မနှစ်ကအတိုင်း ။
(သောဏ)
[email protected]
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service