တစ်ခါက……
တစ်ခါက…..
ငါက နင့်အတွက်ရည်စူး….
နင်တစ်ခုခုဖြစ်မှာ သေမလောက်ကြောက်ခဲ့သူ…..။
နင်က ငါ့အတွက်ထည့်မတွက်
ငါဘာပဲဖြစ်ဖြစ်………မလေးမနက်ရှိခဲ့တဲ့သူ…..။
တစ်ခါက…..
နင်ပျော်ဖို့ ငါငိုခဲ့ရတယ်…..
နင်ရယ်နိုင်ဖို့ ငါကြေကွဲပေးခဲ့တယ်…..
နင်နဲ့ငါရဲ့ ခံစားချက်
ဆီနဲ့ရေလို ကွဲလွဲနေခဲ့ဖူးတယ်……။
တစ်ခါက…..
တခါတလေ အလုပ်တွေများလို့
နင် ဆိုတာ ခတ္တ မေ့သွားရင်တောင်
ငါ့ကိုယ်ငါ သေလောက်အောင်မုန်းခဲ့ဖူးသူ…..
နင်ကတော့ နေရာစုံမှာ ပျော်သလိုနေပြီး
ငါ ဆိုတာကို အသာတကြည် မေ့ထားရက် ခဲ့သူ…..။
တစ်ခါက…..
အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းလို့ နင်ကြွေးကြော်
တစ်စုံတစ်ယောက်ကို ပိုင်ဆိုင်ဖို့
နင့်မျှော်လင့်ချက်တွေ တောက်ပခဲ့ဖူးတယ်….။
ပေးဆပ်မှုကအချစ်လို့ ငါ့နှလုံးသားကဆင်ခြင်
နင့်ကို ဖြည့်ဆည်းပေးဖို့အတွက်
ငါ့မနက်ဖြန်တွေလည်း…….အရောင်ဖြာကျခဲ့ဖူးတယ်……။
တစ်ခါက…..
အရာရာကို နင်လို့ထင်ခဲ့တယ်….
တစ်ချိန်ချိန်ဆိုတာ …….နင်ဖန်ဆင်းပေးလိမ့်မယ်လို့ ငါတွေးခဲ့တယ်…..။
ဒီလိုနဲ့ပဲ……
ပြန်စဉ်းစားတိုင်း မဟောင်းသေးတဲ့ “တစ်ခါက….” များစွာနဲ့
ခုချိန်တွေအားလုံးက နောင်အနာဂတ်ထဲမှာ
တစ်ခါက ကဗျာအဖြစ် …..ပါဝင်နေဦးမှာပါပဲဟာ……။
Comment #2
အရမ်းကြိုက်တယ်
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #3
“ပေးဆပ်မှုကအချစ်လို့ ငါ့နှလုံးသားကဆင်ခြင်
နင့်ကို ဖြည့်ဆည်းပေးဖို့အတွက်
ငါ့မနက်ဖြန်တွေလည်း…….အရောင်ဖြာကျခဲ့ဖူးတယ်……။”
ငါလည်း နင့်လို ဖြစ်ခဲ့ဖူးတယ် ကေ…..
နင်ပြောဖူးတဲ့ လက်သုံးစကားလိုပေါ့
This too will pass….! 🙂
ပျော်ရွှင်ပါစေ ကေ…ကျူရှင်ဖွင့်ရင် ပြန်တွေ့ကြတာပေါ့……..။
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #4
ဒီလိုနဲ့ပဲ……
ပြန်စဉ်းစားတိုင်း မဟောင်းသေးတဲ့ “တစ်ခါက….” များစွာနဲ့
ခုချိန်တွေအားလုံးက နောင်အနာဂတ်ထဲမှာ
တစ်ခါက ကဗျာအဖြစ် …..ပါဝင်နေဦးမှာပါပဲဟာ……။
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #6
like,,,like,,,like,,,like so much.
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #7
so much like,
so much like
so much like
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #8
ကဗျာလေး ဖတ်လို့ကောင်းသဗျ
တစ်ချို့ကဗျာစာသားလေးတွေက အတော်လေးဆန်းသဗျ ~~
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #1
ကေ….ကောင်းလို့အားပေးသွားတယ်…..