သူစိမ်းသူရံမလေး
မျက်ရည်တွေ တမ်းတသံက
သူစိမ်းသူရံမလေး အရမ်းလှတယ် …
ကမ္ဘာကြီးက ကျဉ်းမြောင်းပိန်ပါးတယ် …
မနေ့တနေ့က တနယ်တကျေးမှာ တွေ့ခဲ့တဲ့ သူစိမ်းသူရံမလေး
ဒီနေ့ပဲ မြို့ပြခပ်ကြီးကြီးမှာ ကားတစီးတည်း အတူထိုင်စီးဖြစ်တယ် …
သူစိမ်းသူရံမလေးရယ် … ကျွန်တော်ရင်းနှီးနေတဲ့ ကျွန်တော်ကိုယ်တိုင်ရယ် …
မျှော်လင့်ချက်မဲ့ ရေစက် တခုထဲ စိုစွတ်ခဲ့ကြတယ် …
အင်း … ရေစက်ဆုံလာတယ် …
ဟူး …
မလွယ်ပါဘူး သူစိမ်းသူရံမလေးရယ် …
အဆိပ်တခွက် ဆေးတခွက် လက်တဖက်စီကိုင်ပြီး ငါ အထီးကျန်နေပြန်ပြီ …
ချစ်သူများနေ့က ပြီးသွားပြီ …
မျှော်လင့်ခြင်း ဇာတ်ကားလည်း ပြီးသွားပြီ …
တချို့က ရေကို မျှော်လင့်တယ် …
တချို့က လေကို မျှော်လင့်တယ် …
တချို့က အစာကို မျှော်လင့်တယ် …
တချို့က လွတ်လပ်ရေးကို မျှော်လင့်တယ် …
ငါကတော့ ဘာမှ မမျှော်လင့်ရတာကို မျှော်လင့်တယ် …
နင့်လက်ကို အချိုသာဆုံး ငါ ကိုင်ချင်တယ် …
နင့် နှုတ်ခမ်းကို အနူးညံ့ဆုံး ငါ နမ်းချင်တယ် …
နင့် ကို သက်တောင့်သက်သာ ဖက်ထားချင်တယ် …
လက်လေး ၀င်ခွင့်ပေးပါ …
ခေါင်းလေး ၀င်ခွင့်ပေးပါ …
ခြေထောက်လေး ၀င်ခွင့်ပေးပါ …
မိုးခိုခွင့်လေး ပေးပါ …
ရေတခွက်လောက် တိုက်ပါ …
ကဲ … ဘာကျန်သေးလဲ သူစိမ်းသူရံမလေးရယ် …
နင့် ဆီ က ဘာ မှ မ လို ချင် ဘူး ဆို တာ ထက်
နင့် နား ရှိ နေ ခြင်း ဟာ က ပဲ ငါ မြေးမြစ် တီတွတ်ကျွတ် ရတဲ့အထိ
ပြောနေမယ့် ပျော်စရာ အမက်ချင်ဆုံး အိပ်မက် တခုပါ …
နောက်တခါ ပြန်တွေ့ရင် …
ငါ့ ဘက် ရိုးရိုးသားသားလှည့်ပြီး ငါ့ ကို ပွင့်ပွင့်လင်းလင်း ပြုံးပြ ပါ …
မပွင့်တပွင့်နှုတ်ခမ်းနဲ့ ငါ အသည်းကွဲတတ်လို့ …
နားထောင်သူတိုင်း ငြီးငွေ့ …
ငါ့ နှုတ်ခမ်းတွေ အသက်ဝင်လာပြီကော …
ငါ့ စကားတွေ … ကဗျာတွေ … အသက်ရှုသံတွေ …
ရှုလက်စ ရှုဆေးဘူးတွေ … လိမ်းလက်စ သနပ်ခါးတွေ …
မနူးနပ်သေးတဲ့ ငါ့ချက် ထမင်းတွေ … ကောက်ညင်းတွေ …
ကစားလက်စ ဖဲချပ်တွေ … မကျိုးသေးတဲ့ မီးသွေးတွေ …
နောက် ဆုံး တော့ ငါ ကိုယ် တိုင် ပဲ နင့် အ တိတ် မျက် ၀န်း တွေ ဆီ
ခွေ ခွေ ခေါက် လဲ ကျ တယ် …
ဖြစ်နိုင်ရင် ငါ့ နာမည် ရိုက်ချိုးလိုက်ပါတော့ …
နင် ဟာ ငါ့ ရဲ့ သိက္ခာဘုရင်မ …
သန်းခေါင်ယံထဲ ပွင့်တဲ့ နေမှာ ငါ့ မျက်ဝန်းတွေ ဖျတ်ဖျတ် ဖျတ်ဖျတ်
လက် ထ နေ ပြီ …
ငါ လို သန်း ခေါင် ယံ ကောင် ဟာ နောက် ထပ် မှောင် မိုက် စ ရာ လည်း မ ရှိ တော့ သ လို
ဘယ် သူ လက် သင့် မ ခံ တဲ့ ပင့် ကူ အိမ် တက် နာ ရီ တစ် ခု လို …
ငါ့ ကိုယ် ငါ ပဲ လက် ခံ လိုက် တယ် …
ငါ အေးအေးဆေးဆေး ပျော်/ထိုက်တယ် …
Comment #2
I love both title & poem.
Comment #1
kwi,,kwii
mike de kwar