Come Back To Me
ပြန်လာပါ…
မင်းမရှိတဲ့ငါ မင်းနဲ့ငါ့ရဲ့
ဖြစ်ရပ်တိုင်းကို အမှတ်တရ
ရင်မှာ သိမ်းထားတယ်လေ… ။ ။
ပြန်လာပါ…
မင်းနဲ့အဝေး ငါ့ဆီမှာလေ…
မျက်ဝန်းပြူးလေးတွေဆီက
ရင်ခုန်စရာ တစ်စုံတစ်ရာ
ပျောက်ဆုံးသွားပြီးလေ… ။ ။
ပြန်လာပါ…
ငါလိုကောင်က ‘ဆွေး’များ ‘ဆွေး’ရင်
နေ့စဉ်ရက်ဆက် ရှိုက်မက်မက်နဲ့ / တသသနဲ့
‘အလုပ်’ပျက်တဲ့ ‘ကောင်’ပါလေ… ။ ။
ချစ်ခဲ့မိပြီးပြီပဲ…
ဘာကိုမှ ငါ…
အပြစ်မတင်ချင်တော့ဘူး
မင်းရှေ့မှောက် ကျဆုံးသွာတဲ့
နှလုံးသားကို သနားသောအားဖြင့်
ပြန်လာပါ… ချစ်သူ… ။ ။
Comment #6
arr pay khan sar twar par d
By: ei lay at Feb 24, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားပါတယ် ကိုdemon
ချစ်ခဲ့မိပြီးပြီပဲ…
ဘာကိုမှ ငါ…
အပြစ်မတင်ချင်တော့ဘူး
မင်းရှေ့မှောက် ကျဆုံးသွာတဲ့
နှလုံးသားကို သနားသောအားဖြင့်
ပြန်လာပါ… ချစ်သူ… ။ ။