အဲ့ဒီလိုမျက်လုံးမျိုးနဲ့မကြည့်ပါနဲ့ (သက်ထွေး)
အဲ့ဒီလိုမျက်လုံးမျိုးနဲ့မကြည့်ပါနဲ့။
ကျွန်တော်ဟာ ..
ကိုယ့်ကိုယ်ကို ပြန်မျှားနေတဲ့ ငါး …
ခြေရာ ဖွက်မထားနိုင်တဲ့ ကျား …
ဣထိယ ဒဏ်သင့်နေတဲ့ ပျား …
မြူကိုနှင်းထင်ရလောက်အောင်
ဖြူစင်ခြင်းဟာ မှော်ဆန်လွန်းလှချည်ရဲ့။
ပြောပါ …
ရိုးသားခြင်းဆိုတာ
ပိုးကျများတဲ့ သစ်သီးလို့
ကျွန်တော့်ကို ပြောပါ ..
ကိုယ်ကျင့်တရား လှိုက်စားသွားသည်အထိ …
ဆင်ခြင်တုံတရား ဖောက်စားခံလိုက်ရသည်အထိ …
ကရုဏာတရား ရိတ်သိမ်းထားခံလိုက်ရသည်အထိ …
ကျွန်တော် ယုံကြည်သွားပါစေ။
ပတ်ဝန်းကျင်မှာ
တကယ်လိုနေတာ ရာသီဥတု ..
အင်္ကျီလက်တိုနဲ့
ကျန်းမာရေးကို
စိန်ခေါ်ခဲ့ ..
ကျွန်တော် ချောင်းမှန်မှန်ဆိုးချင်ပြီ။
ဘောင်းဘီအိတ်ထဲ လက်ထည့်
တစ်နေရာထဲကိုအကြာကြီး ငေးတတ်လာတာကစ …
တစ်နေရာမှာ တစ်ကိုယ်ရည် ဖြောင့်ချက်တွေ စီစီရီရီချခင်း
နောက် ဘယ်သူမှမသိခင် တိတ်တိတ်လေး
သွားပြန်ကောက်တတ်လာသည်အထိ …
ပြောင်းလဲမှုအပေါ်
ကျွန်တော် အလွန်အကျွံ လက်ခံလွယ်ခဲ့တယ်။
ယောက်ျားတစ်ယောက်အတွက်
အနည်းဆုံး နှစ်ခါပြန်ခုန်ချနိုင်မယ့်
အလျှံပယ်မြစ်တစ်မြစ်တော့ ရှိသင့်တယ်မဟုတ်လား။
အဲ့ဒီလိုမျက်လုံးမျိုးနဲ့မကြည့်ပါနဲ့။
သက်ထွေး
၁၂ ရက် ဖေဖေါ်ဝါရီ ၂၀၁၁ နေ့လည် ၁း၄၀
Comment #2
ပြောပါ …
ရိုးသားခြင်းဆိုတာ
ပိုးကျများတဲ့ သစ်သီးလို့
ကျွန်တော့်ကို ပြောပါ ..
ကိုယ့်ကျင့်တရား လှိုက်စားသွားသည်အထိ …
ဆင်ခြင်တုံတရား ဖောက်စားခံလိုက်ရသည်အထိ …
ကရုဏာတရား ရိတ်သိမ်းထားခံလိုက်ရသည်အထိ …
ကျွန်တော် ယုံကြည်သွားပါစေ။
Comment #5
ဒီချာတိတ်
တစ်ကယ့်ကဗျာလမ်းကြောင်းပေါ်ရောက်နေတယ်
ကောင်း၏
Comment #8
a yann mike de.
Comment #9
ကောင်းလိုက်တာတွေများလို့ ရိုးသွားရင်လည်း ရိုးပါ.. ကဗျာလေးတကယ်ကောင်းတာဘဲရှင်
Comment #10
So so nice
Comment #11
ဟင် စွပ်စွပ်စွဲစွဲ သူကြီးရယ်။ ဒီရုပ်ကြီးကို ယောင်လို့တောင် မကြည့်ပါဘူး။ 😛
ချတာပါဂျာ ရေလည်ဂျွတ်တယ် သူကြီး။ ကျုပ်နီးနီး တော်လာပြီ။ ဟိဟိ
တော်တော် ကောင်းတယ်ဗျ ( ဒါက အတည်ပြောတာ ) ။ နောက်တကြိမ်ပြီး တကြိမ် ထပ်ဖတ်ဖြစ်ပါတယ်။
Comment #12
အင်္ကျီလက်တိုနဲ့
ကျန်းမာရေးကို
စိန်ခေါ်ခဲ့ ..
ကျွန်တော် ချောင်းမှန်မှန်ဆိုးချင်ပြီ။
လန်းဘိ ဆန်းဘိဗျာ စာသားက ~~
လေးစားစွာဖြင့်
ရေး
Comment #13
ဘောင်းဘီအိတ်ထဲ လက်ထည့်
တစ်နေရာထဲကိုအကြာကြီး ငေးတတ်လာတာကစ …
တစ်နေရာမှာ တစ်ကိုယ်ရည် ဖြောင့်ချက်တွေ စီစီရီရီချခင်း
နောက် ဘယ်သူမှမသိခင် တိတ်တိတ်လေး
သွားပြန်ကောက်တတ်လာသည်အထိ …
ပြောင်းလဲမှုအပေါ်
ကျွန်တော် အလွန်အကျွံ လက်ခံလွယ်ခဲ့တယ်။
Nice !!
Comment #1
ကြည့်ပလိုက်တယ် “ကဗျာလေးက ကောင်းလိုက်တာ” ဆိုတဲ့ မျက်လုံးမျိုးနဲ့ ကို လုံးဝကြည့်ပလိုက်တယ်.. အခေါက်ခေါက် အခါခါကို ကြည့်ပလိုက်တယ်..
(((((((((((:
ကျွန်တော်ဟာ ..
ကိုယ့်ကိုယ်ကို ပြန်မျှားနေတဲ့ ငါး …
ခြေရာ ဖွက်မထားနိုင်တဲ့ ကျား …
ဣထိယ ဒဏ်သင့်နေတဲ့ ပျား …
မြူကိုနှင်းထင်ရလောက်အောင်
ဖြူစင်ခြင်းဟာ မှော်ဆန်လွန်းလှချည်ရဲ့။
ပြောပါ …
ရိုးသားခြင်းဆိုတာ
ပိုးကျများတဲ့ သစ်သီးလို့
ကျွန်တော့်ကို ပြောပါ ..
ဘောင်းဘီအိတ်ထဲ လက်ထည့်
တစ်နေရာထဲကိုအကြာကြီး ငေးတတ်လာတာကစ …
တစ်နေရာမှာ တစ်ကိုယ်ရည် ဖြောင့်ချက်တွေ စီစီရီရီချခင်း
နောက် ဘယ်သူမှမသိခင် တိတ်တိတ်လေး
သွားပြန်ကောက်တတ်လာသည်အထိ …
အဲဒီအပိုဒ်လေးက စိတ်မကောင်း ဖြစ်သွားစေပေမယ့် အရမ်းကိုကောင်းတဲ့ အပိုဒ်လေးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
“ဘောင်းဘီအိတ်ထဲ လက်ထည့်
တစ်နေရာထဲကိုအကြာကြီး ငေးတတ်လာတာကစ …”
အဲဒါလေးကို ငေးပြီး ဖတ်သွားတယ်..ပြီးတော့ cm တင်ပလိုက်တယ် အကြာကြီးကို…
ကဗျာတစ်ခုလုံးက လုံးဝ အတည်ကို cellent cellent excellent like no other..