ရင်နင့်ပွဲ
ငါ့နှလုံးသားနန်းတော်ထဲက
နင်မကြေငြာ.. မောင်းမခပ်ပဲ
ခြေသံဖွဖွလေးနင်းလို့ ခိုနားလာတယ်…
ဘ၀အမောတွေနဲ့နွမ်းလျှနေတဲ့
နင့်ကို…
ငါ့နန်းတော်ထဲံမှာထွေးပွေ့လို့
အမောတွေကိုဖြေသိမ့်ပေးခဲ့တယ်….
ငါ့နန်းတော်ကိုတော့
အခမ်းနားဆုံးပြင်ဆင်လို့
ကြိုဆိုခဲ့ရတာပေါ့ ….
နင့်တေးသံလေးရယ်…
နင့်ရီမောသံလေးရယ်…
နင့်အယုအယတွေကြား…
ငါ့နန်းတော်ဟာအံ့မခန်း
ခမ်းနားလိုက်တာ။
နင်မကြေငြာမောင်းမခပ်ပဲ
ငါ့နန်းတော်ကိုနင်းခြေဖျက်စီးလို့
ခရီးတခုပြန်စတင်နေပီ…
အလာတူုံးကလိုပဲ…
ခြေသံဖွဖွလေးနင်းလို့ပဲပေါ့….
နင်မရှိတော့တဲ့
ငါ့နန်းတော်ဟာ …ပျက်စီးမွကြေလို့..
တေးသံလဲတိတ် … ခြောက်သွေ့နေလိုက်တာ..
ဒါပေမဲ့…
ငါလေ.. နင်မောလာရင်ခိုဝင်နားဖို့
ငါ့ရဲ့နာကျင်ခြင်းတွေ
ပျက်စီးကြေမွခြင်းတွေ ကိုအမြန်ဆုံးပြန်လည်ပြင်ဆင်ဖို့
မရှိတော့တဲ့ အင်အားတွေကိုစုစည်းပြီး
အရင်ထက် ခမ်းနားတဲ့ နန်းတော်ကြီးကို
ပြန်လည်မွမ်းမံနေပါတယ်…
ငါသိတယ်လေ…
နင်တနေ့ကျရင် နွမ်းလာအုံးမှာပါ…
အဲ့ဒီအခါ နင်ခိုနားဖို့
အစဉ်သင့်ဖြစ်အောင်…
ငါ့နန်းတော်ကြီးကိုခမ်းနားအောင် ပြင်ဆင်ထားပ်ါတယ်…
နင် ပြန်လာတဲ့ခါ အဆင်သင့် ခိုဝင်နားလို့ရအောင်ပါ………..
ငါလေ နင့်ရဲ့နားခိုရာလေးပဲဖြစ်ချင်တယ်………
Comment #2
မှန်တယ်…. တိုင်ခိုင်းရမယ်…
Comment #3
အားပေးသွားပါတယ်…ပြန်လာပါစေ………
Comment #4
ကျေးဇူးတင်ပါတယ်..
Comment #6
thanks a lot ………….
Comment #7
ငါ့ အမ က မိုက်တယ်ကွာ။
နန်းတော်ဆောက်ထားတာ ညီမတွေတောင် မသိရပါလား။
စတာပါ။
ကဗျာလေးကကောင်းပါတယ်။
Comment #1
နောက်တစ်ခါ လာတည်းရင် ဧည့်စာရင်းတိုင်ခိုင်းပြီးမှ
တည်းခွင့်ပြုပါ
ပုံ/ ရယက
း)း)