အချိုမြိန်ဆုံး…..မိုးခါးရေ
အချိုမြိန်ဆုံး……….မိုးခါးရေ
ဖြစ်နိုင်မယ်ဆိုရင်လေ
ဘ၀ကို
အိပ်မက်တွေထဲမှာထည့်
မာယာများပါတယ်ဆိုတဲ့
ပင်လယ်သမုဒ္ဒရာအလယ်မှာ
အစုန်၊ အဆန်မရှိ
ငါ ဒီအတိုင်းလေးပဲ
ငြိမ်နေလိုက်ချင်တယ်
စုန်းစုန်းမြှပ်သွားတဲ့အထိ။
တကယ်ပါ
ချစ်သူ
ဖြစ်နိုင်မယ်ဆိုရင်
ငါ့ရဲ့ သိခြင်း၊ မသိခြင်း
ဝင်သက်၊ ထွက်သက်
ဖြစ်တည်မှုတိုင်းမှာ
တည်ရှိနေဆဲဖြစ်တဲ့
နင့်အငွေ့အသက်တွေကို
မေ့နိုင်ဖို့အတွက်ဆို
တကယ်ပါ
မသိခြင်း အလျင်းမရှိ
နင်မသိတော့တဲ့
ငါ့ရဲ့ နေ့ရက်တွေအတွက်
နာကျင်မှုတွေနဲ့
တရှိုက်မက်မက်