ပါးပြင်ထက်က သနပ်ခါး(for my lover)
ကျောက်ပြင်ထက်က သနပ်ခါးတစ်စက်
လက်တစ်စုံနဲ့ ပါးအစုံထက် တင်လိုက်ချိန်
ကမ္ဘာကြီး ပိုလင်းသွားတယ်
ငှက်တွေရဲ့တေးသံ ပိုသာယာလာတယ်
ညီညာတဲ့ ပါးကွက်ကြားလေး
နေရာယူချိန်
မနာလိုဖြစ်နေတဲ့
ပန်းလေးတွေ ထိုင်ငိုနေမယ်
အလှဆုံး အလှဘုရင်မတွေ
သတ်သေချင်သွားမယ်
လှပတဲ့ခြေလှမ်းများနဲ့ တိုးဝှေ့နေတဲ့
လေညင်းရဲ့ အငွေ့အသက်နဲ့
မင်းပါးကွက်ကြားလေး ခြောက်သွေ့သွားချိန်
အလှဆုံး အိုအေစစ်လေး
မြင်သူတိုင်းရဲ့ ရင်မှာဖြစ်တည်လာမယ်
ရိုးသားစွာ တောင်းဆိုချင်တယ်
ညအိပ်တိုင်းထုတ်ကြည့်ဖို့
မင်းရဲ့ သနပ်ခါး
ပါးကွက်ကြား
ပန်းချီကားလေး
ငါ့အတွေးထဲ တံဆိပ်ခတ်ပေးပါ။…………။
Comment #3
nice

Comment #4
Like

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ငါ့နာမည်လည်း တစ်လုံးမှကို ပါဘူး ဟွန့်