မေ့ပါတော့
အသဲကွဲဖို့ သက်သက်အတွက်
ငါတို့ ပတ်သက်ခဲ့မိတာလား
နှစ်ဦးသားမှာ ဒဏ်ရာ ကိုယ်စီနဲ့ လေ……
လည်ပြန်ကြည့်တဲ့ မင်းအကြည့်တွေမှာ
ခါးသီးခြင်းတွေ မပါဘူး
ငါမင်းကို ကျောခိုင်းလိုက်ချိန်မှာလည်း
နာကျည်းခြင်းတွေ သယ်မလာဘူး…….
ဘာကြောင့်လဲ……
ငါတို့ဆုံတွေ့မှုတွေ ဘာကြောင့်နောက်ကျခဲ့တာလဲ..
ဒါမှမဟုတ်
မှေးမှိုန်နေပြီးသား အတိတ်တစ်ခုကို
ဘာကြောင့် အစပြန်ဖော်ပေးခဲ့တာလဲ….
တိုက်ဆိုင်မှုပေါင်းများစွာကို
ငါဖန်တီးယူခဲ့တာ မဟုတ်သလို
လွဲချော်မှုတွေဟာလည်း
မင်းကြောင့်ဖြစ်ခဲ့တာမှ မဟုတ်ဘဲ
အရာရာဟာ ကံတရားအတိုင်း ရှိနေခဲ့ပြီးသား
ငါတို့ ဘာများမှားခဲ့ကြလို့လဲ………
ချစ်ခြင်းမှာ အသွားအပြန်ရှိပေမယ့်
ဘ၀တွေကတော့ ပြဒါးနဲ့သံပဲ
ငါတို့ ဘာများတတ်နိုင်ကြမှာလဲလေ…..
ဆိုင်သူတွေ ကိုယ်စီရှိမှန်း သိရက်နဲ့
အသဲနှလုံးချင်း ထပ်မိခဲ့တယ်
ဘ၀ချင်းထပ် လက်တွဲဖို့တော့
ငါတို့ လက်လျော့ကြပါစို့ အချစ်ရယ်….
အသက်လောက်ချစ်တယ်ဆိုတဲ့ ခံစားချက်က
စည်းတချို့ကို ဖောက်ဖျက်ဖို့တော့
အင်အားပျော့လွန်းတယ်ကွယ်….
တကယ်ဆို
ပေးချင်ရက်နဲ့ …ပေးဖို့ခက်ခဲ့ပြီး
လိုချင်ရက်နဲ့ …ယူဖို့ခက်ခဲ့တဲ့
ဘ၀နှစ်ခုရဲ့ ဘက်မမျှမှုကြားမှာ
လူ့ကျင့်ဝတ်တွေ မဖောက်ပြားဖို့အတွက်
နှလုံးသားကို ပေးဆပ်စတေး
ဟိုး…. ခပ်ဝေးဝေးတစ်နေရာမှာ
ရင်ခွင်ဟောင်းကို…. မေ့ပါတော့…….
(19.02.2011) 2:30 p.m.
Hnine Kha
Comment #3
နှိုင်းခ
မိန်းခလေးလို့မထင်ရဘူးနော်။အရမ်းလေးစားပါတယ်ဗျာ။ဆက်အားပေးနေဦးမယ်…။
Comment #1
တကယ်ကိုကောင်းပါတယ်ဗျာ….
အရေးအသား အရမ်းကောင်းလွန်းပါတယ်