မဒီလေးရဲ့..လွမ်းရင်ခွင်
တပါးရင်ခွင်ထဲ
ပျော်ရွှင်ကြည်နူး….စွာ
နင်ပြုံးတတ်ခဲ့…
ငါ့..ငိုသံတွေ..လျစ်လျူရှု
အမှိုက်တခုလို..စွန့်ရက်ခဲ့တယ်။
တကယ်ဆို
တယုတယနဲ့ပျိုးခဲ့သူက
ဒီလူ..ရင်ခွင်ရိုင်း
အနေမတတ်လို့..နင့်ရင်အပူဟတ်စေခဲ့ရင်
ငါ..ရင်ကွဲမတတ်ခံစား
သေလောက်အောင်ကြေကွဲတယ်ဆိုတာ
နင်သိရက်နဲ့ကျောခိုင်းခဲ့..
…..
အရင်က..နင်ချော့ခဲ့ဖူး
“မယ်မဒီလေးလားမှားမိတယ်.
သိပ်သိပ်သိပ်ချစ်နေပြီ”
သီချင်းသံလေး
ကြားလိုက်တိုင်း
မျက်ရည်မိုးစွေ..
အလွမ်းတွေသည်းလာတိုင်း
လက်ဖမိုးစုံချီ…နင်ပျော်နေဖို့..ဆုတောင်းလျှက်ပါ။
အခြားရင်ခွင်ထဲ..အပြုံးတွေလှိုင်..
အနမ်းတွေ…..ကြိုင်လို့
unbreakable တွေနဲ့
နင်တို့2ဦးပျော်နေတဲ့အခါ
D မှာ ငါတယောက်ထဲ
broken heart လေး
အချိန်မှန်
အသက်ရှုဖို့..ခက်ခဲစွာကြိုးပမ်းခဲ့ရတယ်။
လွမ်းတဲ့ဒီရင်ခွင်..ပန်းတဲ့အခါ
ကိုယ့်အလွမ်းကိုယ်ဖြေသိမ့်
ကိုယ့်နှုတ်ခမ်း ကိုယ်ပြန်နမ်းလို့
နင်မသိတဲ့
အခြား…ဖြစ်တည်မှုတခုမှာ
အထီးကျန်စွာ..ရွက်လွှင့်ပါ့မယ်..
နင့်တို့2ဦး
ထာဝရ…ခိုင်စေ..မြဲစေ..တွဲလက်တွေ!
Comment #4
ကိုလွမ်းနောင်ရေ……..ယောင်္ကျားတွေသာ…မချစ်တတ်မလွမ်းတတ်တာ..လို့ မိုးထင်ပါတယ်….
အားပေးလို့ကျေးဇူးအများကြီးတင်တယ်နော်…..ကိုလွမ်းနောင် ,genius ,gadounlay
😀 😀
Comment #5
ကောင်းလိုက်တာဗျာ.. အားပေးနေပါတယ်
Comment #7
D မှာ ငါတယောက်ထဲ
broken heart လေး
အချိန်မှန်
အသက်ရှုဖို့..ခက်ခဲစွာကြိုးပမ်းခဲ့ရတယ်။……
ကောင်းလိုက်တာ မိုးရယ်……။
Comment #1
မမိုးအားပေးသွားပါတယ် မေးစ၇ာ၇ှိတယ်.. အလုပ်အား၇င် ခဏလောက်တတ်ခဲ့ပါ မမိုး