ဂယက်များနဲ့……
မျက်စိဖွင့်ပြီးငါကန်းတယ်
အထင်သေးလဲ ခံရ
အထင်ကြီးလဲ ခံရ
စိတ်ရဲ့ အတက်အကျဒီရေလို
မှတ်နေလျက်က
မေ့သွားတဲ့နေ့တွေ
ငိုက်သွားတဲ့နေ့တွေ
သွေးသားဆူဝေ နေ့ဆိုးတွေ
ထင်သလောက်လဲမဟုတ်ပါဘူး
အလေ့အကျင့်တော့ရနေမှ
ကန်းလဲခဏ
ဆူဝေလဲခဏပေါ့
ရပ်သာကြည့်နေ
ဖြေးဖြေးတော့ …
ဩမြိုင်
Comment #2
…ခဏ ဆိုတာတွေများနေတာပဲ….ဖြေးဖြေးတော့…
By: ythasae at Feb 25, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သီ၇ိ အရမ်းကြိုက်တယ်…………အဲဒီကဗျာတိုင်းပါပဲ