ထား
ကလင် ကလင် ကလင် …
“ဟလို …
ထားလား …”
“ရှင် ဘာကို ထားရမှာလဲ …”
“ဟင့်(စပ်ဖြီးဖြီးရယ်လျက်) …(ရယ်နှမ်းနှမ်းနှင့် ဆက်ပြောသည်)
အခု ပြောနေတာ ထား ဆိုတဲ့ မိန်းမပျိုပါလား …”
“အင်း ထား ပါ …”
“ဗျာ … ဘာကို ထားရမှာလဲ …”
“ရှင် …”
“ဟဲဟဲ စတာပါ … “
ထားလိုက်ပါ …
ထား ကို လိုက်ပါ … မမှီမချင်း လိုက်ပါ …
ဖြစ်ခဲ့သမျှတွေကို အာဗွားချ ကဲ ပြီးပြီ လို့ ထားလိုက်တော့ …
ထား ပါ … ထား ပါ … အခုပြောနေတာ ထား ပါ …
အင်း မောင်လေး အဲဒီပစ္စည်းကို အဲဒီမှာပဲ ထားလိုက်ပါ …
ပြီးသွားပြီ …
???
ထားပြီးသွားပြီ … အတိတ်ကို အနာဂတ်မှာ ထားလို့ ပြီးသွားပြီ …
ဆက် ဆက် ပြီး လွမ်းနေချင်လို့ …
ထား ဆိုတဲ့ ကောင်မလေး နဲ့ လည်း ပြီးသွားပြီ …
ပတ်သက်တာလည်း ပြီးပြီ …
ရက်စက်တာလည်း ပြီးပြီ … ငါ ပက်ပက်လက်လက် အသည်းတွေကွဲလို့ …
ရှက်ရှက်လက်လက် လက်ကလေးကို အုပ် … ငါ မိုးရွာတော့မယ် …
မှောင်နေပြီ… နင် ပြန်တော့ …
အနာဂတ်ကို ငါ မမြင်နိုင်တဲ့ နေရာမှာ ထား …
အတိတ်ကို ပစ္စုပန်မှာ ထား …
ငါ့ကိုယ်ငါ ပြောပြီးသား စကားလုံးတွေထဲ ထား …
ငါ ပျောက် ချင်း လှ လှ ပ ပ နဲ့ ပျောက် သွား ပြန် ပြီ …
ငါ လေ ချစ်တယ် ဆိုတဲ့ စကားကို ပြန်ပြန်ပြောနေတာကလွဲရင်
နင် မကြိုက်တဲ့ အကျင့်ဆိုးတွေ ခက်ရာခဲဆစ် ပြင်ဖျောက်ပြီးပါပြီ …
ဘာပဲဖြစ်ဖြစ် ငါ့ကို ဖွက်ထားတဲ့ နွေမလေးထား ရယ် …
ငါ့ကို … ငါ့ကိုယ်ငါ မြင်နိုင်တဲ့ နေရာမှာ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပြန်လာထားပါ …
ကြာပြီ … ကြာပါပြီ … ကျာပါပြီ …
အချင်းချင်း ချစ်နေကြတဲ့ ကောက်ညင်းအိုး နဲ့ ကောင်းညင်းပေါင်း … ကပ်လို့ …
ငါတို့နှစ်ယောက်လက် ပူးကပ်လို့ ချစ်လိုက်ကြတာ …
လက်တွေတောင် နူးညံ့လို့ …
ငါ ရူး ခဲ့ တယ် … ဓားအိမ်နဲ့ ဓား အဖက်မြဲမယ် လို့ ထင်ထားခဲ့တာ …
ရေ နဲ့ ရေဗူး အနေမြဲမယ် လို့ ထင်ထား ခဲ့တာ …
အနာဂတ်ကို မသိတဲ့ ကွင်းပြင်ကျယ်ကြီးထဲက သစ်ပင်အိုကြီးလို …
နွား ခြေ ရာ ခွက် ကို ပဲ ကမ္ဘာထင်နေခဲ့ တာ … စိတ်ကောက် လက်ကောက် လက်တောက် ကျွန်တော် ရူးခဲ့ …
ဘယ် သူ မှ မ ရူး ဖူး သ လို ကြီးကြီး ကျယ်ကျယ် ရူး ခဲ့ …
ကျွန်တော် သွား တဲ့ နေရာ တိုင်း ကျွန်တာ် ပါမလာတာ …
ကျွန်တော်လက်ထဲ သူ့ စကားသံလေးတွေ ဟောင်းနွမ်းညင်းစုတ်နေတာ …
စာရေးဆရာမ လွန်း ထား ထား …
သူငယ်ချင်းမလေး ပါးရ်ထား …
သူဌေးမ ဒေါ်ခင်ထား …
ငါးစိမ်းသည် ရွှေထား …
ငါ့ ကိုယ် ငါ ဘယ် နား သွား ထား မိ ပါ လိမ့် …
လျံနိုး
(ပြင်လိုက် ဖျက်လိုက် ဖင်ချွန်းလိုက် ပါးလျပ်သွားလိုက် ….
အဆုံးမှာ ဒီလိုပုံ ထွက်လာပါတယ် … ဖင်ချွန်းသွားလည်း မသိတော့ဘူး …)
၂၄ ရက် ဖေဖော်ဝါရီ ၂၀၁၁ မှာ ဒီကဗျာကို facebook မှာ ထား တယ် …
Comment #3
he,,he,,
anyway,,,i read

Comment #1
ငါ ရူး ခဲ့ တယ် … ဓားအိမ်နဲ့ ဓား အဖက်မြဲမယ် လို့ ထင်ထားခဲ့တာ …
ရေ နဲ့ ရေဗူး အနေမြဲမယ် လို့ ထင်ထား ခဲ့တာ …
အနာဂတ်ကို မသိတဲ့ ကွင်းပြင်ကျယ်ကြီးထဲက သစ်ပင်အိုကြီးလို …
………………………….
ကြိုက်တယ်…ကောင်းတယ်…အားပေးသွားတယ်