နောက်ဆုံးမှာ
နှစ်ရှည်လများ
တယုတယ ထွေးပွေ.ထားခဲ.ရသမျှ
သုညတစ်လုံးသက်သက်ပဲဆိုတာ
သဘောပေါက်ခဲ.ရတဲ. အချိန်….
ငယ်ငယ်က
ပွဲဈေးတန်းမှာ အမေပျောက်သွားခဲ.သလိုမျိုး
ဆွေးဆွေးမြည်.မြည်.
တမ်းတမ်းတတ….
မတော်တဆ ကျပျောက်သွားခဲ.ရတဲ.
အိပ်မက် အဟောင်းအနွမ်းတွေ…
တစ်ပိုင်းတစ်စနဲ.ရှေ.မဆက်နိုင်ခဲ.တဲ.
တိုးလို.တန်းလန်း အပြုံးတွေ…
အလစ်အငိုက် စီးနင်းခံခဲ.ရတဲ.
ယုံကြည်ခိုင်မာမှုတွေ..
… … …
ငါ.အထ္ထုပတ္တိလည်း မင်နီတွေ ရဲလို. …
တစ်ခါတစ်လေတော.လည်း ဒီလိုပါပဲ
ရင်.ကျက်မှုကို ရဖို.
နောင်တတွေ အများကြီး ရင်းခဲ.ရဖူးတယ်
Comment #3
really nice.
By: ei lay at Jul 20, 2011
Comment #5
အမှန်ပဲသူငယ်ချင်း
ရင်.ကျက်မှုတွေရဖို့
ငါလဲနောင်တတွေရင်းခဲရဖူးတယ်
By: chu at Jul 23, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒါပေါ့ဗျာ ရင့်ကျက်မှုရဖို့ ကျွန်တော်တို့မှာ စတေးခဲ့ရတာက အများသားဗျ မင်နီတွေလဲ အရဲသားပေါ့ မာနတွေ အထွေးလိုက်နဲ့ အမှားတွေကလဲ မှားဆဲမို့ ဒုက္ခတွေ ဝေနေလဲ နောက်ဆုံးမှာ ဘ၀က နေတတ်ပျော်တတ်ရင် သေပျော်တာပါပဲ ဒီလိုနဲပဲ ခင်များကို ကျေးဇူးတင်တယ် SimpleSimplest