ဆူးလေကနေ မြောက်ဥက္ကလာအ၀ိုင်းသို့ နေ့လည် ၁ နာရီ ၂၀
နေမထိုး လေတိုးမယ့်နေရာ ရှာထိုင်ရတယ်
ဝယ်လာတဲ့စာအုပ်ကို ဟိုလှန် ဒီလှန်
ပူအိုက် ချွေးပြန်လာလည်း စောင့်ရတယ်၊စောင့်ရမယ်
စိတ်မရှည်ရင် ပိုပူမယ်
လမ်းကြောင်းတူတွေ
တစ်ယောက် နှစ်ယောက် သုံး..လေး..ငါးယောက်
ထပ်တက်လာ
တစ်ယောက်က ဘေးဝင်ထိုင်တော့
ကိုယ်ကိုကျုံ့ပေးထားရတယ်
ဘာစိတ်ညာစိတ် ရှိရှိ မရှိရှိ
အသားချင်းထိနေရင် မကောင်းဘူး
(၀ူး….)
ဘီးစလှိမ့်တော့ တိုးဝင်လာတဲ့လေဟာ
တစ်ကယ့်ကို အိုအေစစ်
(တစ်ယောက်တည်းလား..အမ်းမယ်..ခဏစောင့်)
တိရိစ ၦာန္ဥယ်ာဥ္ထဲက
သစ်ပင်တွေ
ကန်တော်ကြီးထဲက
ရွှင်လန်းတက်ကြွနေမှုတွေ
အေးလေ ရွှေဂုံတိုင်မီးပွိင့်က ကြာကိုကြာတယ်
ပြေးတက်လာတဲ့ ခေတ်သစ်ဧ၀ထံ
မကြည့်သင့်တာ ကြည့်မိပြန်
3..2..1..0..(go!)
အိုး….excel shopping mallရဲ့
အရုပ်မတွေဟာ အနက်ဂါဝန်တွေနဲ့ပါလား
သူမရော?
ကျွန်တော်ချစ်ရတဲ့ သူမရော
အနက်ရောင်ကို စွဲလန်းနေဆဲလား?
ဟုတ်မှာပါ
သူမဟာ အနက်ရောင်ခက်ဆစ်ပန်းတစ်ပွင့်ပဲ
သူမဟာ အနက်ရောင် မြစ်တစ်စင်း
သူမဟာ အနက်ရောင် လက်သည်းဆိုးဆေး၊
အနက်ရောင် အိုင်းရှဲဒိုး၊အနက်ရောင် ကျောပိုးအိတ်
အနက်ရောင် ကင်းဗတ်စ်
နာကျင်ပေမယ့် မနှုတ်ပစ်ခဲ့တဲ့
ကျွန်တော့်ရင်မှာ စိုက်ဝင်နေဆဲ
အနက်ရောင် မြှားတစ်စင်း
န၀ဒေးတံတား အဆင်း
အတင်းတိုးဝင်လာတဲ့လေဟာ
ပူလွန်းတယ်
အနက်ရောင်ဟာ
အပူတွေချည်း စုပ်ယူခဲ့ရလို့
အပူတွေသာ ပြန်လွှတ်ထုတ်ခဲ့ရုံဆိုရင်…
ဘာပဲဖြစ်ဖြစ် အ၀ိုင်းရောက်တော့မယ်
(ထောင်တန် မအမ်းရသေးဘူးနော်)။
Comment #1
ဒီတပုဒ်တော.ခံစားလို.ရတယ်ကဗျာတွေချစ်တတ်တော.တော်တော်များများဖတ်ဖြစ်တယ်ကိုတာကောက
ဘယ်သူ.ကဗျာမှမဖတ်ဘူးဆိုတော.တမျိုးပဲနော်