ဧပရယ်မိုးပြေးလာရင် အိမ်ခေါင်းမိုး မိုးရတော့မယ်… အမေ – နရီထက်
နှင်းရည်စွတ်စို ဖက်လွှာတစ်ကြော
ဓနိကယ်မိုး ထရံချပ်နှင့်
ဝါးခင်းကလေး အိအိလေးနှင့်
အမေ အိမ်ကလေးရယ် လှနေတယ်
မြူခိုရယ်သောက် နွေပေါက်ပြောင်းလို့
နေခြည်ထိုးဖောက် ဓနိရယ်ကြွပ်ဆတ်ဆတ်
ထရံကြားကွက်ကလေးတွေ ကျဲလာလေးသလား
လမင်းဆံခြည် သက်ဆင်းကာကျ
ဖြူသက်သက်လင်းရောင်ကလေးရယ်
အေးမြခြင်း နိမိတ်တွေလား
မမျှော်ပဲလာ ဧည့်တစိမ်းလား
အချက်မပေး ပြေးသက်ကာကျ
ဧပရယ် မိုးပြေးလေးလား
အမေရင်တွေ ထိတ်ဆွေးရပြီး
အမေနားရယ်ပြေး ၀ိုင်းငေးကာလေး
အမေသက်ပြင်းလေးရှရှသံလေးက
မနက်ဖြန်မနက် ဓနိမိုး အသစ် ၀ယ်ရတော့မယ်
သားတို့ရေ….။ ။
နရီထက်
( ၀၁ ၊ ဖေဖော်ဝါရီလ ၊ ၂၀၁၀ )
Comment #2
အခုတော့… အစ်ကိုအမေက မရှိတော့ဘူး…. ထာဝရ အိပ်စက်သွားပြီး
ိ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အမေနားရယ်ပြေး ၀ိုင်းငေးကာလေး
အမေသက်ပြင်းလေးရှရှသံလေးက
မနက်ဖြန်မနက် ဓနိမိုး အသစ် ၀ယ်ရတော့မယ်
သားတို့ရေ….။ ။