ဥမ္မာ့ချစ်ခွင့်
ငါဟာ ရော့ကာ တစ်ကောင်ပါကွယ်
ကျောက်တုံးနဲ့ကောက်ပေါက်လိုက်မယ်
အသဲမဲရွာသွန်းဖြိုးတဲ့ ခံစားချက်မိုးတွေ မစဲသမျှတော့
ငါဟာအပေအတေ တစ်ကောင်ပါကွယ်
နွားသိုးကြီး ကြိုးကပြတ်သလို
မတားနဲ့ မဆီးနဲ့ ငါ့ရဲ့ အချစ်တို့
နာမကျမ်းပိုးများ အဖျားသွေးများ ခေါင်းထဲရောက်
တိုးမပေါက် တွေးမပေါက် ရူးမလောက် ရှိသလောက် ပြောခွင့်ရဖို့
….
..
.
နားလည်ပေးပါကွယ် ။ ။
အဲမူး
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service