လရောင်လွမ်းချင်း
ပန်းခေတ်က လမင်းလို
ဝတ်မှုန့် များစွာနဲ့  မွေးရနံကြိုင်လို့ 
ကြည်းနူးဆွတ်ပျံမှုနဲ့  လရောင်နမ်းခဲ့တယ်
တိမ်အကွယ် အလွမ်းထပ်လို
လေပြေဆော့ကစား
ကိန္နာနရီ ကိန္နာနရာ ချောင်းခြားပြီလား
ပျော်ရွှင်ခြင်းတွေ အထီးကျန်ခြင်းနဲ့ 
ဖလှယ်တကင်းလုပ်လို
လေကွယ်ရာ အရပ်
နင်ရော ငါ့ကို လွမ်းနေမလား….
နင်မရှိတဲ့ အရပ် ခြေမြဲဖို့ 
အလင်းခပ်ပါးပါး ဖြန့် ကျက်လိုက်ပါ…
စိမ်လဲ့လဲ့ ကန်ရေပြင်မှာ
နင် အရိပ်ထင်ခဲ့တာတောင်
ငါ ဆိုတဲ့ကောင် ရေကြည်နှောက်သလိုပေါ့
အနည်အထိုင်ကျဖို့  တိမ်အကွယ်မှာ
ကံတရားနဲ့  စီးချင်းထိုး
ဝတ်မှုန် တမ်းတချင်းတွေနဲ့ 
လရောင်ရေ………..
ရာသီသုံးပါးမှာ ခိုဝင်ခွင့်ပြုပါ
ရေ၊မြေခြားလို သီးကုံးထားတဲ့
အလွမ်းဆိုတာ ကောင်းကင်ယံ
တိမ်လွှာထပ်သလို တရိပ်ရိပ်နဲ့ တက်ခဲ့ပြီ
အထီးကျန်ခြင်းကို မျက်နှာဖုံးတက်လို
ဒဏ်ရာတွေ နက်နက်ရိုင်းရိုင်းနဲ့ 
ခန္နာထပ် မျက်ရည်ဝိုင်းခဲ့ပြီ
လရောင်ရေ ……………
ဖောက်လွဲဖောက်ပြန် အိမ်မက်တွေက
တိတ်တဆိတ် ခြောက်လှန့် လို
နေကြတ်သူ တယောက်လို့ 
နင့် စိတ်နဲ့ ငါ့ အသက်ရူသံဆိုတာ
အရောင်ဖျော့တော့တော့ အကျီဖြူလို
ခပ်နွမ်းနွမ်းရယ်သာ
နွေဦးမှာ လေရူးတိုက်သလို
မိုးတွင်း အလွမ်းငွေ့ တွေက တိပ်ထူထပ်စေသလား
ဆောင်းတွင်းမှာ ကယောင်ခြောက်ခြားနဲ့ 
ရနံမပျယ်သေးတဲ့ လရောင်ရေ လွမ်းတယ်…….
( နှောင်းလူ )