ဒဏ္ဍာရီ (၁၃) (မနော်ဟရီ)
မြေနဲ့လုပ်တဲ့ကောင်းကင်တစ်ခုလို
လင်းညိုပြဖို့ရာ
ကျောက်ဆစ်စကားလုံးတွေ
တစ်ဖူးတလေမှတောင် မကျန်ဘူး။
ဖုန်းဆိုးရင်တလင်းတစ်ခုလုံး
မြူခိုးတွေ တ၀ုန်းဝုန်းတောက်လောင်
အမှောင်ရူးရူးတွေကသာ
သစ္စာရှိစွာတောက်ပနေခဲ့ ။
ဝင်္ကပါကိုမုန်းရင်း
လိပ်စာပျောက်ဆုံးနေတဲ့ ချောက်ကမ်းပါးလေးမှာ
ဇန်န၀ါရီလေတွေထန်လို့…
(ခုန်ချလိုက်ဖို့ကလည်း)
ကြာမြင့်စွာ
အခက်ချိုးရင်း…. အရိပ်နေခဲ့သူများ
အရှေ့မျဉ်းဖြောင့်အတိုင်း သွားနိုင်ပါစေ။
နေခဲ့ရသူပဲကွယ်
အကွဲကွဲအကြေကြေ …. ဖြေသိမ့်တတ်ပါတယ်။
မနော်ဟရီ
ဟန်သစ်မဂ္ဂဇင်း-အမှတ်စဉ်- ၁၀၀၊ချယ်ရီမဂ္ဂဇင်း- ၂၀၀၀ခုနှစ်
Credit:: ဆရာမ မနော်ဟရီ ရဲ့ ကဗျာများ
Comment #2
တကယ်ကို ဆရာတာရာမင်းဝေလိုပါပဲလားဗျာ
လေးစားလျက်
By: n$n at Mar 3, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဟားးးးးးးးးးးးး
ဆရာတာရာမင်းဝေလိုပါပဲ…
အားရလှပါပေတယ်