အနော်မာ ခရီးသည်-၂
အတိတ်ဆိုတာ
သယ်ဆောင်စရာ ၀န်ထုတ်ဝန်ပိုးမဟုတ်
ဖြတ်သန်းသွားစရာမှတ်တိုင်များပါ။
အချစ်များအမုန်းများ
ကြင်နာခြင်းနာကျည်းခြင်းများ
မှတ်တိုင်တွေပေါ်မှာ ဓားထစ်မှတ်ခဲ့တယ်
ပြန်လည်တုံ.ပြန်ရန်မဟုတ်
နောက်လူတို.သတိရှိစေဖို.မျှသာ။
လက်တွေ.ပြန်မသွားနိုင်တဲ့ အတိတ်တွေဆီ
စိတ်နဲ.ပြန်သွားရတာလည်း ပင်ပန်းလွန်းလှပါတယ်။
တလက်လက်ကြယ်လေးတွေကိုကြည့်လည်း
နာကျင်မှုတွေမသက်သာသွားဘူး
အေးချမ်းတဲ့ညမှာတောင်ခြောက်ခြားနေခဲ့
ငါမှားခဲ့သူများ၊ငါ့ကိုမှားခဲ့သူများ
မာကျောတဲ့ ရုပ်မှာ ဒဏ်ရာရခဲ့ရင်တောင် အမာရွတ်ကျန်ခဲ့သေးတာ
နူးညံ့သော စိတ်ပေါ်က ဒဏ်ရာများကို
နည်းနည်းစီခွင့်လွှတ်ကြရအောင်ပါ။
ခြောက်လှန်.နေတဲ့ အရိပ်ဆိုတာမရှိဘူး
ကြောက်လန်.နေတဲ့ စိတ်ပဲရှိတယ်
နာကျင်စေတဲ့ အတိတ်ဆိုတာမရှိဘူး
နာကျင်နေတဲ့ စိတ်ပဲရှိတယ်။
ကြောက်လန်.နေတဲ့စိတ်ပျောက်ချင်ရင်
ခြောက်လှန်.နေတဲ့ အရာဆီတည့်တည့်သွားရတယ်
နာကျင်နေတဲ့ အတိတ်ပျောက်ချင်ရင်
နာကျင်စေတဲ့ တစ်ခါဆီကို ဆက်ဆက်သွားရတယ်
အရွက်အခက်တွေ ထပ်မဝေစေချင်ရင်
အကိုင်းတွေခုတ်ရုံနဲ.မရလေဘူး
အမြစ်တွေထိ တူးနှုတ်မှ ရလိမ့်မယ်။
ဘ၀ရဲ့ လွတ်လပ်မှုထက်
စိတ်ရဲ့လွတ်လပ်မှုကို ရွေးချယ်ဖို.ရာလမ်းမ
အတိတ်ခရိးကို“စ”ဖို.ဆိုရင်
ခွင့်လွှတ်ခြင်းရိက္ခာအိတ်ကိုပြင်
တို.ကိုယ်တို. မနာကျင်ပါစေနဲ.လေ။
ပြန်မပြင်နိုင်သောအရာများကို မပြင်တော့ပါဘူး
ပြန်ပြင်နိုင်သောစိတ်အနာကိုပြင်ဖို.
ခရီးအစ
အခုလို မြရည်စိုလဲ့နေတဲ့ည
တစ်ယောက်ထဲ အတွေးလမ်းမမှာ
လွန်ခဲ့သောနှစ်များဆီ သွားရတယ်။
ငါရခဲ့သောနောင်တတွေကို ပြန်ကြည့်တော့
မှားသင့်တယ်ဆိုတာတွေးပြီး
ကိုယ့်ကို ကိုယ် ခွင့်လွှတ်စိတ်မွေးတာဟာ
အကောင်းဆုံးသောဆေးပါပဲလေ။
နောင်တအတွက် ခရီးနှင်ခဲ့တာမဟုတ်
လွတ်မြောက်မှုအတွက် ခရီးထွက်ခဲ့ခြင်းသာ
သူတပါးကိုလည်း လက်ညှိုးမထိုး
ကိုယ့်ကိုကိုယ်လည်း လက်ညှိုးမထိုး
ဖြစ်တတ်သော ပျက်တတ်သော သဘောကိုသာယိုးစွပ်တတ်လျှင်
တို.ခံစားနေရတာ တစ်ဝက်ခန်.သက်သာမည်ပင်။
ပူနွေးသောမျက်ရည်စများကို ပြန်မကြည့်ချင်သော်လည်း
အကြောင်းတရားများကို သူစိမ်းသို.ခွာကြည့်ရန်
အတိတ်သို. ပြန်လာသူတစ်ဦး
ထိတ်လန်.ဖွယ် သမုဒယများကို
နူးညံ.သော်လည်း ရက်စက်သောနွယ်ရှင်များ အဖြစ်ကြိုမြင်ပါလေ။
အဖြစ်အပျက်သက်သက်ကိုသာကြည့်
စမိသောနာကျင်ခြင်း အတွက်
သူပြုခဲ့သောရက်စက်မှု များအား
အကြောင်းတရားများ အားလုံးကိုဆန်းစစ်
မိမိစိတ်ဝိဥာဉ်ကို ပြန်သစ်ရန်
အတိတ်သို. ပြန်၍ဆေးကြောခြင်း သာဖြစ်ပါစေ။
ရှပ်ရှင်ပိတ်ကားကဲ့သို .သော ပြကွက်များ
တစ်ကွက်ချင်းပေါ်လာကြစဉ်
အမုန်းများ ၊နာကျင်မှုများ
အကြင်နာများ၊အားလုံးအား အတိတ်မှာချထားခဲ့၍
အသစ်သောလူတစ်ယောက် ပြန်လာပါ။
အားလုံးကို ခွင့်လွှတ်လိုက်ပါ
ကိုယ့်ကိုကိုယ်လည်း ခွင့်လွှတ်လိုက်ပါ
လေနှင်ရာ သစ်ရွက်ခြောက်တွေ လွင့်ပါရသလို
လူဆိုတာလည်း
ကြမ္မာ ငင်ရာ လွင့်ပါနေရတာပဲမဟုတ်လား။ ။
Comment #3
နာကျင်နေတဲ့ အတိတ်ပျောက်ချင်ရင်
နာကျင်စေတဲ့ တစ်ခါဆီကို ဆက်ဆက်သွားရတယ်
အားပေးသွားပါတယ် ကိုမော်နီ
Comment #4
ကောင်းတယ် ..ကိုမော်နီ
Comment #5
အသစ်သောသူတစ်ယောက်ဖြစ်ဖို့အပြင်းအထန်ကြိုးစားနေပါတယ်
Comment #1
ကိုမော်နီ
ကဗျာတစ်ပုဒ်လုံးကိုကြိုက်ပါတယ်
အားပေးသွားပါတယ်နော်…….
ကိုမော်နီပျော်ရွှင်ပါစေ။ ။