စေတနာ အရင်းခံသာဖြင့်
မျက်တောင်တစ်ခတ်မှာ
အဲသလိုဖြတ်ခနဲ မေ့သွားရော၊
ကွေးသောလက်မဆန့်မီဆိုလား
သူက ကိုယ်ချမ်းသာကြောင်း ငယ်ငေါင်း စုတ်ပဲ့
ကြည်ညိုချင်ရောင်လည်း မဆောင်လိုတဲ့သူ။
စိတ်ဆိုတာကလဲ အပြောရခက်သားကလား
ကိုယ့်ကိုယ်ကိုယ် အသနားလွန်ပြန်လည်း တစ်ပြစ်
ကိုယ့်ကိုယ်ကိုယ် မသနားလွန်းပြန်တော့လည်း တစ်ပြစ်
ဟိုမှာနဲ့သည်မှာဘက်စွန်း ဟိုဘက်ပြေး သည်ဘက်ပြေး
မောဖွယ် …. (နလပိန်းတုံးတွေ သာထူးဆန်းတယ်ထင်ကြလိမ့်မယ်)
ကိုယ်ကိုယ်တိုင်တောင် ဂဃနဏ မသိမှ…ကွယ်
မိကျောင်းမင်း ရေကင်းမပြလိုတော့
စေတနာ အရင်းခံသာ ဖြင့် ။ ။
ဩမြိုင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားပါတယ်