Professional Authors

ပြန်လာမယ်

ပင်လယ်ချောင်းခြား

တဖက်ကမ်းက ခေါ်ဆိုသံ        

ဒို့အသဲကို တံခါးခေါက်

မပျောက်သောလရောင်

ပြတင်းပေါက်ကို ဖြတ်ကျော်

ဗြုန်းခနဲနိုးလာ

နာရီကြည့်တော့ စက္ကန့်ပြ

သောတလေးက ရထားမြည်သံ

ညဥ့်ယံတွင် အ၀တ်လဲ

တိုးတိုးတိတ်တိတ်လေး ခြေသံ

အေးမြခြင်းနှင့် နှင်းမှုန်တွေကြား

သတိရတဲ့ စိတ်ထား ခရီးဆက်မဲ့သူ

February14 ရက်နှင့် ထိုင်ခုံလေးဆီသို့

အမြန်ရောက်ဖို့ စိတ်တွေလော

လာကြိုလှည့်ပါနော ကိုယ့်ချစ်သူ

အတူရောက်ခဲ့တဲ့ မြေနီလမ်း

မမေ့စတမ်း သစ္စာဆို

မအိုတတ်တဲ့ အချစ်ဆေး

ချစ်သူကို အခါခါပေးမယ်……။

In: ကဗျာ Posted By: Date: Mar 6, 2011
Comment #1

မမေ့စတမ်း သစ္စာဆို

မအိုတတ်တဲ့ အချစ်ဆေး

ချစ်သူကို အခါခါပေးမယ်……
အားပေးသွားပါတယ်

commentinfo By: genius.jinx28 at Mar 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment