အိပ်ပျက်ညရဲ့ဟောက်သံ(လမင်းပိုင်)
ငါ့ရဲ့ညသွေးပျက်နေဆဲ
အလွမ်းနှင်းတို့ေ၀၀ိုက်နေခဲ့
အိပ်ပျက်ည (ဒီလိုညမှာ)
ပျေက်ဆုံးနေတဲ့ ငါ့ရဲ့အချစ်တွေနဲ့
ပြိုပျက်နေတဲ့ အချစ်ကမ္ဘာလေးကို
မှောင်မိုက်ခြင်းတွေထဲမှာ ရှာနေခဲ့……..
မောပန်းခြင်းတို့ တိုးပွါးရင်း
ပူလောင်ခြင်းတို့ ဖြစ်တည်စေရင်း
လေပူတို့လွပ်လပ်စေရင်း
သက်ပြင်းသစ်တို့ မွေးဖွားပေးခဲ့……..
အိပ်ပျက်ညရဲ့ဟောက်သံတွေလား
ထင်ရောင်ထင်မှား ……. ငါထင်ရောင်ထင်မှား
အိပ်ပျက်ညရဲ့ ဟောက်သံတွေလား
အချစ်ရေ…
ပေးဆပ်ခဲ့ရသောနှလုံးသားအတွက်
အလွမ်းညများ လက်ဆောင်လေလား
ရင်းနှီးခဲ့ရသော သစ္စာအတွက်
အကျိုးအမြတ်က အေးစက်ခြင်းတွေလား
တွေးမိလေတိုင်း ရင်မှာမော
မောပန်းခြင်းတို့ ဖြစ်တည်စေရင်း
လေပူတို့ လွတ်လပ်စေရင်း
သက်ပြင်းသစ်တို့ မွေးဖွားပေးခဲ့
အိပ်ပျက်ညရဲ့ ဟောက်သံတွေလား
ထင်ရောင်ထင်မှား ……. ငါထင်ရောင်ထင်မှား
အချစ်ရေ…
အိပ်ပျက်ညရဲ့ ဟောက်သံများ…………..
လမင်းပိုင်
5.3.2011(11:38pm)
Comment #2
ကျေးဇူးပါဗျာ
ခုလို အားပေးတဲ့အတွက်……

Comment #3
nice

Comment #1
လမင်းပိုင် အားပေးနေပါတယ်